Print

အမျိုးသမီးများ အရှက်အကြောက်ကြီးလွန်းခြင်းကြောင့် အိုဂျီကိုမမေးဖြစ်သော...

  31-Mar-2020
Preview Image

၁) ရာသီစက်ဝန်းက အချိန်တိတိကျကျမဟုတ်ရင် စိုးရိမ်ရသလား

မစိုးရိမ်ရပါဘူး။ အမျိုးသမီးတိုင်း တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ရာသီစက်ဝန်းက ၂၁ရက်ကနေ ၃၅ရက်မှာ တစ်ကြိမ်ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ရာသီစက်ဝန်းက ဒီလမှာ စောပြီး နောက်လမှာနောက်ကျတာကို သတိထားမိနိုင်ပါတယ်။

 

၂) ရာသီလာတာနဲ့ စွန်းရုံလေးသွေးဆင်းတာနဲ ့ဘယ်လိုခွဲမလဲ

ရာသီသွေးက အနီရောင်ရင့်ရင့်ဖြစ်ပြီး သားအိမ်အတွင်းနံရံ (endometrium) က အမြှေးပါးအလွှာတွေပါဝင်ပါတယ်။ စွန်းရုံလေးဆင်းတာ (spotting) ကတော့ အညိုရောင် ဖျော့ဖျော့ဖြစ်ပြီး ရာသီစက်ဝန်းတစ်ခုနဲ ့တစ်ခုကြားဆင်းတတ်ပါတယ်။ ဒီလိုဆင်းခြင်းက ယေဘုယျအားဖြင့် အန္တရာယ်မရှိတတ်ပါဘူး။

ဆရာဝန်များက မမျိုးဥကြွေချိန်ကာလအတောအတွင်း သွေးစစလေးဆင်းတာကို ရောဂါကြောင့်လို့ မယူဆပါဘူး။ မ,ဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင် ကျဆင်းကြောင့်ဖြစ်တယ်လို့ယူဆပါတယ်။

 

၃) ဘယ်လိုအခြေအနေမျိုးမှာ ရာသီစက်ဝန်းတစ်ခုနဲ ့တစ်ခုကြား သွေးဆင်းရင် ဆရာဝန်နဲ့ပြရမှာလဲ

မမျိုးဥကြွေပြီးနောက် မိန်းမကိုယ်ကနေ ဘာတွေဆင်းသလဲဆိုတာ သတိထားသင့်ပါတယ်။ ကိုယ်ဝန်ရစေတဲ့ ဟော်မုန်း ပရိုဂျက်စတီရုန်းနည်းတဲ့အခြေအနေမျိုးမှာလည်း ပုံမှန်မဟုတ်ဘဲ သွေးဆင်းနိုင်ပါတယ်။ သားဆက်ခြားနည်းလမ်းမမှန်လို့သွေးဆင်းတာ ဒါမှမဟုတ် ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲပြီးဖျားနေတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြသင့်ပါတယ်။ တကယ်လို့ သားဆက်ခြားနည်းလမ်းတွေမသုံးပေမယ့်လည်း ရာသီစက်ဝန်းတစ်ခုနဲ့တစ်ခုကြား အမြဲလိုလိုသွေးဆင်းနေတယ်ဆိုရင်လည်း ဆရာဝန်ဆီ သွားပြသင့်ပါတယ်။

 

၄) တားဆေးတွေနဲ့အစစ်အမှန်မဟုတ်သောရာသီလာခြင်းက ဘယ်လိုဆက်စပ်နေလဲ

အများစုက တားဆေးသောက်ရင် ဟော်မုန်းမပါတဲ့ဆေးသောက်ကာလ (7 day break)မှာ သွေးဆင်းတာကို ပုံမှန်ရာသီလာတယ်လို ့ ထင်တတ်ကြပါတယ်။ တကယ်တမ်းက ဟော်မုန်းပါတဲ့ဆေးကို ခဏရပ်လိုက်လို့ သွေးဆင်းခြင်း (withdrawal bleeding)ဖြစ်ပါတယ်။ သူူ့ရဲ့ရက်က ပုံမှန်ရာသီလာတဲ့ ရက်ထက်နည်းသလို ရာသီလာစဉ်လို နာကျင်ကိုက်ခဲမှုလည်း မပြင်းထန်ပါဘူး။ ဆင်းတဲ့ပမာဏလည်း နည်းပါတယ်။ အမျိုးသမီးတစ်ဦးဟာ တားဆေးသောက်ခြင်းကို ရပ်လိုက်မှသာ ပုံမှန်ရာသီစက်ဝန်းကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။ အဲဒီလိုပုံမှန်ရာသီစက်ဝန်းပြန်ရဖို့ ၆လမှ တစ်နှစ်လောက်စောင့်ရတတ်ပါတယ်။

 

၅) သွေးဆင်းတာက ကိုယ်ဝန်ရှိနေလို့လား

သန္ဓေအောင်ပြီး ရက်အနည်းငယ်အတွင်းမှာ သွေးဆင်းတာမျိုးရှိတတ်ပါတယ်။ သန္ဓေအောင်ထားတဲ့မျိုးဥဟာ သားအိမ်နံရံကို ကပ်တွယ်တဲ့အခါမှာ သွေးကြောတွေ အနည်းငယ်ပျက်စီးသွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီလိုသွေးဆင်းတာက ပမာဏ အနည်းငယ်ဘဲဖြစ်ပြီး ၂ရက်ထက်မပိုတတ်ပါဘူး။ နာကျင်ခြင်းလည်းမရှိတတ်လို့အများစုက သတိမထားမိတတ်ကြပါဘူး။

 

၆) အတူနေတဲ့အခါ သွေးဆင်းရင် ဘယ်လိုလုပ်ရမလဲ

တကယ်လို ့သွေးဆင်းတာက ခဏဘဲဆိုရင် စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် အချိန်ကြာတဲ့အထိ ရပ်မသွားဘူးဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြရပါမယ်။

 

Dr. MMO

Ref: Brightside

 

 



Related Articles


Advertisment 18