Print

အတူနေပြီးနောက် မိန်းမကိုယ်မှ သွေးဆင်းရခြင်း အကြောင်းအရင်းများ

  11-Jul-2019
Preview Image

အမျိုးသမီးအများစုအနေနဲ့ အတူနေပြီး သွေးဆင်းတာကို ကြုံဖူးကျမှာပါ။ သွေးတုံးပြီးအမျိုးသမီး ၆၃% လောက်က မိနု်းမကိုယ်ခြောက်သွေ့မှုကြောင့် အတူနေပြီး သွေးဆင်းတတ်ကြပါတယ်။ အများအားဖြင့် သွေးနည်းနည်းဆင်းတာကတော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် တချို့ရောဂါတွေ ဖြစ်နိုင်ခြေများတဲ့ အုပ်စုထဲမှာပါတဲ့ သူတွေနဲ့ သွေးဆုံးချိန်ကိုကြုံနေတဲ့ အမျိုးသမီးတွေကတော့ အတူနေပြီး သွေးဆင်းတယ်ဆို ဆရာဝန်နဲ့ ပြသင့်ပါတယ်။


သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေမှာ အတူနေပြီးဆင်းတဲ့သွေးက သားအိမ်ခေါင်းကလာတာဖြစ်ဖို့ များပါတယ်။ သွေးဆုံးချိန်အတွင်းက အမျိုးသမီးတွေ သွေးဆင်းရင်တော့ သားအိမ်ခေါင်းသာမကပဲ သားအိမ်၊ မိန်းမကိုယ်နှုတ်ခမ်း၊ ဆီးလမ်းကြောင်း စတဲ့ နေရာတွေကပါ ဖြစ်နိုင်ပါတယ်။


ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့


ပိုးဝင်ခြင်း

ပိုးဝင်တာကြောင့် မိန်းမကိုယ်တွင်းရောင်ယမ်းပြီး သွေးဆင်းနိုင်ပါတယ်။ ဖြစ်နိုင်တဲ့ ရောဂါတွေကတော့

·         တင်ပဆုံ အတွင်းရောင်ယမ်းသည့်ရောဂါ (Pelvic Inflammatory Disease)

·         လိင်မှတဆင့် ကူးစက်သောရောဂါများ

·         သားအိမ်ခေါင်းရောင်ခြင်း

·         မိန်းမကိုယ်ရောင်ခြင်း စတာတွေဖြစ်ပါတယ်။


သွေးဆုံးချိန်ဖြစ်သော မိန်းမကိုယ်နှင့် ဆီးလမ်းကြောင်း လက္ခဏာစု (Genitourinary Syndrome of Menopause)

မိန်းမကိုယ်ကြုံ့ခြင်းလို့လဲ ခေါ်ကြပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေနဲ့ သားဥအိမ်ထုတ်ထားတဲ့ အမျိုးသမီးတွေမှာဖြစ်ပြီး Estrogen ထုတ်လှုပ်မှု ကျဆင်းလာတာကြောင့် မိန်းမကိုယ်ခြောက်သွေ့လာပြီး သွေးထွက်လွယ်လာပါတယ်။ ဒါအပြင် မိန်းမကိုယ်ရဲ့ ကျုံ့ဆန့်နိုင်စွမ်းတွေ ကျဆင်းလာပြီး နံရံပါးလာတာကြောင့် အတူနေပြီး သွေးဆင်းတတ်ပါတယ်။


မိန်းမကိုယ်ခြောက်သွေ့ခြင်း

မိန်းမကိုယ်ခြောက်သွေ့ခြင်းကြောင့် အတူနေပြီးနောက် သွေးဆင်းစေနိုင်ပါတယ်။ မိန်းမကိုယ်ခြောက်သွေ့စေတဲ့ အကြောင်းအရင်းတွေကတော့

·         ကလေးနို့တိုက်နေခြင်း

·         ကလေးမီးဖွားခြင်း

·         သားဥအိမ်ထုတ်ထားခြင်း

·         အချို့သောဆေးဝါးများ သောက်သုံးနေရခြင်း (ဥပမာ ပန်းနာရင်ကျပ်ဆေး၊ စိတ်ကျဆန့်ကျင်ဆေး)

·         ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ကုသမှုခံနေရခြင်း

·         စိတ်မပါဘဲ အတူနေခြင်း

·         မိန်းမကိုယ်သန့်စင်ဆေးရေများထဲမှ ဓာတုပစ္စည်းများနှင့်ထိတွေ့မိခြင်း စတာတွေဖြစ်ပါတယ်။


အသားပိုများ(Polyps)

အသားပိုတွေဟာ ကင်ဆာမဟုတ်ပါဘူး။ သားအိမ်ခေါင်းနဲ့ သားအိမ်နံရံတွေမှာ တွဲလဲကျနေတတ်ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကြောင့် သွေးကြောလေးတွေကို ထိခိုက်စေနိုင်ပြီး သွေးဆင်းတတ်ပါတယ်။


မိန်းမိကိုယ်ပြဲဆုတ်ခြင်း

ကြမ်းကြမ်းတမ်းတမ်း အတူနေမိတဲ့ အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်နံရံတွေ ပြဲဆုတ်တာကြောင့် သွေးဆင်းတာပါ။ မိန်းမကိုယ်ခြောက်သွေ့နေတဲ့ အမျိုးသမီးတွေမှာဆို ဖြစ်နိုင်ခြေပိုများပါတယ်။


ကင်ဆာရောဂါ

အတူနေပြီး သွေးဆင်းတာအပါအဝင် ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်းတွေဟာ သားအိမ်ခေါင်းကင်ဆာနဲ့ မိန်းမကိုယ်ကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ သွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းတာက သားအိမ်ကင်ဆာရဲ့ လက္ခဏာတစ်ခုပါ။

အတူနေပြီးသွေးဆင်းတာက အကြောင်းအရင်းတစ်ခုရဲ့ လက္ခဏာဖြစ်ပါတယ်။ အဖြစ်များတဲ့ အကြောင်းအရင်းတွေဖြစ်တဲ့ ပိုးဝင်တာနဲ့ အသားပိုတွေရှိနေတာက ကုသလို့ရပါတယ်။ ဒါ့အပြင် အတူနေပြီး သွေးအနည်းငယ်ဆင်းတာ (spotting) က ကုသစရာမလိုဘဲ ပျောက်ကင်းသွားလေ့ရှိပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ အတူနေပြီးသွေးဆင်းခဲ့ရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့လိုပါတယ်။

Dr.Aung

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18