Print

ကိုယ်ဝန်မပျက်အောင်

  13-Jul-2019
Preview Image

          ကိုယ်ဝန်ရတိုင်း ကလေးအကောင်းမမွေးတတ်ပါ။ ကိုယ်ဝန်ပျက်တာကို မိမိဘာသာ မသိလိုက်သူတွေလည်းမနည်းပါ။ ဘာလို့ အလိုလိုပျက်သလဲဆိုတော့ အကြောင်းတရားတွေက များတယ်။


          ကိုယ်ဝန်မှန်သမျှရဲ့ ၁၅ ရာခိုင်နှုန်းလောက် ပျက်တယ်။ ကိုယ်ဝန် ၁၂ ပတ်အတွင်းမှာ အလိုလိုပျက်ကျတာကို Miscarriage ခေါ်တယ်။ တမင်ဖျက်တာကိုမှ Abortion ခေါ်တယ်။ ၇၅ ရာခိုင်နှုန်းက ကိုယ်ဝန် ၁၂ ပတ်အတွင်းမှာ ပျက်တယ်။ ကိုယ်ဝန်ရှိမရှိကို hCG အချင်းဟော်မုန်း စစ်ရတယ်။


          သက်ကြီးသူတွေမှာ ပိုတွေ့ရတယ်။ ၄၂ နှစ်ကျော်ရင် နှစ်ဆဖြစ်တယ်။ ၆၀ ရာခိုင်နှုန်းက မျိုးဗီဇချို့ယွင်းလို့ ဖြစ်ပါတယ်။ သားအိမ်က ချို့ယွင်းတာထဲမှာ မွေးရာပါ သားအိမ်အခန်း နှစ်ခုဖြစ်နေတာ၊ သားအိမ်နှစ်ခုတွဲ ဖြစ်နေတာတွေအပြင် သားအိမ်အလုံးက နေရာမတော်တာမှာ ရှိနေခြင်းလည်း ပါတယ်။ လိုအပ်ရင် ခွဲစိတ်ပြုပြင်ရမယ်။ သားအိမ်အဝ(ခေါင်း) မလုံသူဆိုရင် လစေ့တဲ့အထိမတည်နိုင်လို့ ဆရာဝန်ကနေ ချုပ်ပြီးပြင်ပေးနိုင်တယ်။


          ကျန်းမာရေး အကြောင်းခံတွေထဲမှာ ဆီးချို၊ Thrombophilia သွေးရောဂါနဲ့ တိုက်ဖွိုက်ရောဂါတွေ ပါတယ်။ ဆီးချိုနဲ့ နှလုံးသွေးကြော ရောဂါတွေကို ထိန်းနေရမယ်။  ကိုယ်ဝန်ပျက်တာထဲမှာ အများဆုံးဖြစ်တဲ့ ရာသီခွင်ကို (လူတီရယ်) အဆင့်ခေါ်တယ်။ ရာသီလာပြီး မျိုးဥမထွက်ခင် ကာလကို ခေါ်တယ်။ အဲဒီကာလမှာ ချို့ယွင်းရင် ခဏခဏကိုယ်ဝန် ပျက်တတ်တယ်။ ဒီကာလအတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာတယ်။ FSH ဟော်မုန်းထွက်လာမယ်။ မျိုးဥအိမ်ထဲက အကောင်းဆုံး (ဖော်လီကယ်) တစ်ခုကိုရွေးပြီး မျိုးဥထွက်ဖို့ ပြင်တော့မယ်။ LH ဟော်မုန်းကနေ မျိုးဥထွက်ဖို့ နိုးဆွပေးမယ်။ (ကောပတ်စ်လူတီယမ်) ဆိုတာ ဖြစ်လာမယ်။ သူကနေ (ပရိုဂျက်စတီရုန်း) ဟော်မုန်း ထုတ်ပေးမယ်။ ဒီကာလက ၁၄ ရက်ကြာတယ်။ (အီစထရိုဂျင်) နဲ့ တွဲပြီးသားအိမ်အတွင်းဆုံးနံရံကို ပြင်ပေးကြမယ်။ ဒါမှသာ သန္ဓေသားက တွယ်ကပ်မှု ဖြစ်စေနိုင်တယ်။

 

         ဒီဆင့်ကဲ ဖြစ်စဉ်မှာ ချို့ယွင်းရင် ကိုယ်ဝန်ပျက်တာကို LPD လို့ခေါ်တယ်။ သွေးစစ်ပြီး သိနိုင်တယ်။ မျိုးဥထွက်ပြီး ခုနစ်ရက်မှာ စမ်းရင် 10 – 14 ng/mL နည်းနေတာရှိသူကို (လူတီရယ်) အဆင့်အားနည်းချက်လို့ခေါ်တယ်။ သားအိမ်အတွင်းဆုံးလွှာ အသားစဖြတ်ယူစစ်တာလည်းလုပ်နိုင်တယ်။ အာလ်ထရာဆောင်းရိုက်ပြီး (ဖော်လီကယ်) ကို တိုင်းနိုင်တယ်။ သေးနေသူတွေကို မျိုးဥကြွေဆေးပေးရမယ်။ LPD ဖြစ်နေသူကို (ပရိုဂျက်စတီရုန်း) ဟော်မုန်းဆေးပေးမယ်။ မျိုးဥထွက်ချိန်ကနေ ကိုယ်ဝန် ၁၀ ပတ်မှ ၁၂ ပတ်အထိ ပေးတယ်။

 

         ကိုယ်ဝန်မပျက်အောင် ကိုယ်ဝန်မရခင်ကတည်းကနေ စသင့်ပါတယ်။ ကျန်းမာရေး ကောင်းနေသူတွေ ကိုယ်ဝန်ပျက်ရတာ နည်းတယ်။ ဒါကြောင့် အစာအာဟာရ မျှတလုံလောက်အောင် စားတာနဲ့ ကိုယ်လက်လှုပ်ရှားမှု (လေ့ကျင့်ခန်း) လုပ်တာက အခြေခံလိုအပ်ချက် ဖြစ်တယ်။ စိတ်ဖိအားမများစေဖို့လည်း (ဖောလစ်အက်စစ်) သောက်ဖို့ လိုပါမယ်။ ကိုယ်လက်လှုပ်ရှားအားကစား ပြင်းထန်တာကိုလည်း ရှောင်ရမယ်။ ဓာတ်မှန်မရိုက်ပါနဲ့။ OG နဲ့ အပ်ထားရမယ်။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ ရှောင်ရှားပြီး၊ (ကဖင်း) များတာ (ကော်ဖီနဲ့ ကိုလာ) လျှော့သောက်ရပါတော့မယ်။

Credit : ဒေါက်တာ တင့်ဆွေ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18