Print

ကိုယ်ဝန်ပျက်ကျပြီးနောက်

  07-Jul-2019
Preview Image

          ကလေးမွေးပြီးစ၊ ကလေးပျက်ပြီးစမှာ သားဥကြွေတာ မမှန်တတ်ပါဘူး။ သားဥကြွေတာ မမှန်တဲ့အတွက် ရာသီရက် အပြောင်းအလဲ ရှိတာပါ။ စိတ်မပူရပါဘူး။ ပြန်မှန်လာမှာပါ။ ကလေးပျက်ပြီး သားအိမ်ရောင်တာ ကျန်နေခဲ့ရင် သားအိမ်နေရာ ဆီးစပ်က ကိုက်တယ်၊ နာတယ်၊ အိမ်ထောင်နဲ့ ဆက်ဆံရင်နာတယ်။ ပုံမှန်မဟုတ်တဲ့ ပြည်လို အဖြူတွေ ဆင်းတတ်ပါတယ်။ အဲဒါတွေ မဖြစ်ရင် စိတ်မပူပါနဲ့။


 ကလေးပြန်ယူတော့မယ် စိတ်ကူးရင်တော့ ဖောလစ်အက်ဆစ် တစ်နေ့တစ်လုံး သောက်ထားပါ။ ဒီဆေးက ကလေးကို ခြေလက်အင်္ဂါ ပြည့်စုံပြီး သားပျက်၊ သားလျောခြင်းကို ကာကွယ်ပါတယ်။


          ကိုယ်ဝန်တစ်ခါပျက်ကျတာနဲ့ နောက်တစ်ခါပျက်ကျမှာပဲလို့ ပြောလို့မရပါ။ စိတ်မပူပါနဲ့။ ကလေးဘက်က ချို့တဲ့လို့ ပျက်ကျတာကို ကိုယ်ဝန်ခိုင်ဆေးထိုးလို့၊ သောက်လို့ အကျိုးမထူးပါ။ သန္ဓေသားကို သားအိမ်က ညှစ်မထုတ်အောင် သားအိမ်ငြိမ်နေအောင် လုပ်ပေးတဲ့ ဟော်မုန်းက ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ အများကြီးထွက်ပြီးသားပါ။ အဲဒီဓာတ်ချို့တဲ့လို့ ကလေးပျက်တယ်ဆိုတာ အလွန်ရှားပါတယ်။ မလိုအပ်ဘဲ မသောက်သင့်ပါ။ ဆက်တိုက် ၃ ခါပျက်ပြီဆိုရင်တော့ အကြောင်းရင်းရှာတဲ့ စစ်ဆေးမှုတွေ လုပ်ရပါမယ်။ ဆရာဝန်နဲ့ တိုင်ပင်ပါ။

 

Credit: မေ့ရင်သွေးကဏ္ဍ

ပါမောက္ခ ဒေါက်တာမြသီတာ 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18