Print

သားအိမ်ကျခြင်း

  02-May-2019
Preview Image

သားအိမ်ကျတယ်ဆိုတာ တင်ပါးဆုံးကြွက်သားနဲ့ အရွတ်တွေက သားအိမ်ကို ပင့်မပေးထားဖို့ လုံလုံလောက်လောက် မတောင့်တင်း မသန်စွမ်းတော့လို့ဖြစ်ရတာပါ။ အကျိုးဆက်အနေနဲ့ မိန်းမကိုယ်ကနေ သားအိမ်ထွက်ကျလာတာပါ။

သားအိမ်ကျခြင်းက အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် ကလေး ရိုးရိုးမွေးထားတဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။


ရောဂါလက္ခဏာများ

သားအိမ်ကျခါစမှာ မပြင်းထန်ဖူးဆိုရင် လက္ခဏာမပြဘဲနေတတ်ပါတယ်။ အချိန်ကြာလာပြီး ရောဂါပြင်းထန်လာတဲ့အခါမှာတော့ လက္ခဏာပြလာပါတယ်။


ခံစားရတဲ့ လက္ခဏာတွေကတော့

·         တင်ပါးဆုံအောက်ပိုင်းမှာ လေးလေးလံလံနဲ့ တစ်ခုခုစွဲထားသလိုခံစားရတာ

·         မိန်းမကိုယ်က အသားစတစ်ခုထွက်နေတာ

·         ဆီးမထိန်းနိုင်တာ ၊ ဆီးကျန်တာ

·         ဝမ်းသွားရခက်တာ

·         အမျိုးသားနဲ့ အတူနေစဉ်မှာ မိန်းမကိုယ်က ခံစားမှု လျော့နည်းလာတာ စတာတွေဖြစ်ပါတယ်


ဖြစ်ပွားရတဲ့ အကြောင်းအရင်တွေကတော့

·         ကိုယ်ဝန်ဆောင်ရခြင်း

·         ကလေးမီးဖွားရခက်ခြင်း

·         ကိုယ်အလေးချိန်များသော ကလေးငယ်ကို ရိုးရိုးမီးဖွားရခြင်း

·         အသက်အရွယ်ကြီးခြင်း

·         ကိုယ်အလေးချိန်များခြင်း

·         ဝမ်းချုပ်တတ်ခြင်း

·         မျိုးရိုးထဲတွင် တွယ်ဆက်တစ်ရှူး အားနည်းသောရောဂါရှိခြင်း


ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲ

သားအိမ်ကျခြင်းကြောင့် နေ့စဉ်လူနေမှု ဘဝကို ထိခိုက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသရပါမယ်


ဘယ်လိုကာကွယ်ကျမလဲ

·         တင်ပါးဆုံကြွက်သားကိုသန်မာစေတဲ့ Kegel Exercise ပြုလုပ်ပေးပါ

·         ဝမ်းမချုပ်အောင်နေထိုင်ပါ၊ဝမ်းချုပ်လျှင်ကုသပါ

·         အလေးအပင်မခြင်းကို ရှောင်ပါ၊ မ မယ်ဆို စနစ်ကျကျမပါ

·         ချောင်းဆိုးရင် မြန်မြန်ကုသပါ။

·         ကိုယ်အလေးချိန်မတက်အောာင်နေထိုင်ပါ။


Dr.Aung

Ref.mayoclinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18