Print

ကိုယ်ဝန်ဆောင် မွေးရက်ကျော်ခြင်း

  27-Apr-2019
Preview Image

ကိုယ်ဝန်စောင့်ရှောက်ရာတွင် မွေးမည့် ခန့်မှန်းရက်ကို ပုံမှန်တွက်သော စနစ် Naegele’s Rule ရှိသည်။ ၎င်းစနစ်မှာ ၂၈ ရက်ပတ်လည် ဓမ္မတာ ပေါ်သော အမျိုးသမီးများအပေါ် မူတည်၍ တီထွင်သော စနစ်ဖြစ်၍ ၂၁ရက်၊ ၄၀ရက်၊ ၄၅ရက် တစ်ကြိမ် သွေးပေါ်တတ်သော အမျိုးသမီးများအတွက် မွေးမည့်ခန့်မှန်းရက် တွက်ချက်ရာတွင် အမှားများသည်။ နောက်ဆုံးပေါ်သော ဓမ္မတာ၏ ပထမရက်ကို ကိုးလနှင့် ခုနစ်ရက်ပေါင်းရသည်။ ၂၈ ရက် မှန်မှန်ပေါ်သော အမျိုးသမီးများအတွက် ၅၀ လောက်သာမှန်သည်။ နှစ်ပတ်စောခြင်း၊ နောက်ကျခြင်းဖြစ်နိုင်သည်။ သားဖွားမီးယပ်အထူးကု ဆရာဝန်များအနေနှင့် မွေးမည့်ရက် ခန့်မှန်းတွက်ချက်ရာတွင် နောက်ဆုံးပေါ်သည့် ရာသီရဲ့ တစ်ခုတည်းမဟုတ်ပါ။ ကလေး၏ခန့်မှန်းပေါင်ချိန် ၊ ကလေးခေါင်း၏ အရွယ်အစား၊ ရေမြွာရေ အနည်းအများကိုပါ ထည့်ပြီး တွက်လေ့ရှိသည်။ ကိုယ်ဝန်လနုစဉ်က စမ်းသပ်ထားသော သားအိမ်အရွယ်မှတ်တမ်း၊ ကလေးစလှုပ်သည့်လ၊ ရင်ခေါင်းဆိုက်ခြင်း၊ ကလေးခေါင်း အရိုးကွင်းထဲသို့ဝင်ခြင်း စသောအချက်များကလည်း အထောက်အကူပြုသည်။ ကိုယ်ဝန်သုံးလ ပတ်လည်တွင် ရိုက်ထားသော အာလ်ထရာဆောင်းနှင့် ကိုယ်ဝန်ငါးလပတ်လည် ရိုက်ထားသော အာလ်ထရာဆောင်းများက အထူးအထောက်အကူပြုသည်။


ဤသို့ဖြင့် ကလေး၏ ခန့်မှန်းအသက်နှင့် အရွယ်အစား အနုအရင့်တို့ကို ပေါင်းစပ်ပြီးမှသာ ကုသမှုကို ပေးကြသည်။ ဆိုလိုသည်မှာ လူနာများဘက်မှ ကိုယ်ဝန်ရက်ကျော်လျှင် စိတ်အရမ်းပူနေမည့်အစား ဆေးပညာရှင်များထံ ပြသသင့်သည်။ ရောဂါကင်းစင် ပုံမှန်ကိုယ်ဝန်ရှိနေသူ အမျိုးသမီးများပင်လျှင် သားအိမ်အတွင်းရှိ အချင်းသည် ၄၂ ပတ်အထိသာ ၎င်း၏အဓိကတာဝန်ဖြစ်သော အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို မိခင်၏ အသွေးအသားမှ သန္ဓေသားဆီသို့ ပို့နိုင်သည်။ မွေးမည့်ရက်ထက် အမှန်တကယ်နှစ်ပတ်ကျော်ပြီး နောက်ပိုင်းတွင် သန္ဓေသား ဒုက္ခရောက်နိုင်သည်။


ပုံမှန် ကိုယ်ဝန်မဟုတ်ဘဲ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် ကိုယ်ဝန်အဆိပ်တက်သော ရောဂါများ အသက် ၄၀ ဝန်းကျင် မိခင်များနှင့် ယှဉ်တွဲလာပါက ရောဂါ၏ ဆိုးရွားမှုကို လိုက်၍ ခန့်မှန်းမွေးရက်ထက် နှစ်ပတ်၊ သုံးပတ်စော၍ မွေးပေးရသည်။ သို့လျှင် လိုအပ်သလို ကလေး၏ အသက်ကို ကယ်တင်နိုင်ရန် ထိုအချိန်ထက်ပင်စော၍ မွေးဖွားပေးရလေ့ရှိသည်။


ယခင် ကိုယ်ဝန်ဆောင်စဉ်က ရက်လွန် ၊ ရက်ကျော်၍ နောက်ဆက်တွဲ ကိုယ်ဝန်များလည်း ရက်ကျော်မည်ဟု မစိုးရိမ်သင့်ပါ။ ကိုယ်ဝန်ဆောင်စောစီးစွာ အပ်ခြင်း၊ မှန်မှန်ပြခြင်း၊ ဆေးပညာရှင်များ၏ ညွန်ကြားချက်နှင့် ကုသမှုများကို လိုက်နာဆောင်ရွက်ခြင်းသည် ကျန်းမာ၍ အသက်ရှင်သော ပြဿနာကင်းသော မိခင်နှင့် ကလေး ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ကျန်းမာရေးအသိပညာပေးရပါသည်။

ပါမောက္ခ ဒေါက်တာမြင့်မောင်မောင်

(သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18