Print

ကိုယ်ဝန်ဆောင်ကာလအတွင်း ကျန်းမာအောင် ဘယ်လိုနေထိုင်ကြမလဲ

  02-Feb-2019
Preview Image

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ မိခင်ရော ကလေးပါကျန်းမာဖို့က အလွန်အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းနဲ့ မီးဖွားချိန်အတွင်းမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြသနာတွေကို ရှောင်လွှဲနိုင်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာရန်လိုအပ်ပါတယ်။


၁။ မှန်ကန်သောအစားအစာကိုရွေးခြယ်ပါ

ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာကို ရွေးခြယ်ဖို့က ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလွန်အရေးပါပါတယ်။ ဝမ်းထဲက ကလေးငယ်လိုအပ်တာက အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေဖြစ်ပါတယ်။ အဆီနဲ့ သကြားဓာတ်တွေပဲမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကိုပါ စားပေးရပါမယ်။


၂။ ဗီတာမင်လုံလောက်စွာရပါစေ

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ဖော်လစ်အက်စစ်နဲ့ ကယ်လ်ဆီယမ် ကို လုံလောက်စွာရဖို့ အရေးကြီးပါတယ်။လိုအပ်တဲ့ ဗီတာမင်တွေကို နေ့စဉ်စားနေတဲ့ အစားအစာတွေကနေတဆင့် ရရှိနိုင်ပါတယ်။ ဒါမှမဟုတ်ကိုယ်ဝန်ဆောင်အားဆေးတွေကို သောက်သုံးလို့ရပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးကို သောက်သုံးချင်ရင်တော့ မိမိ ပြသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားချက်အတိုင်းသောက်နိုင်ပါတယ်။


၃။ ရေဓာတ်မခန်းခြောက်ပါစေနဲ့

ကိုယ်ဝန်ဆောင်မိခင်တွေက သာမန်လူတွေထက်ပိုပြီး ရေဓာတ်ကို လိုအပ်ပါတယ်။ တစ်နေ့ကို ရေ ၈ခွက်နဲ့ထက်သောက်သင့်ပါတယ်။


၄။ ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးစောင့်ရှောင်မှကို ခံယူပါ

ကိုယ်ဝန်ဆောင်ကာလအတွင်း စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှုခံယူခြင်းက မီးဖွားချိန်မှာ လွယ်ကုစေဖို့နဲ့ မိမိရင်သွေး မွေးရာပါရောဂါတွေကင်းစင်ဖို့အတွက် အရေးကြီးပါတယ်။


၅။ အချို့သောအစားအစာတွေကိုရှောင်ပါ။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အာဟာရပြည့်ဝအောင်စားသုံးရမှာဖြစ်သော်လည်း အချို့သောအစားအစာတွေက ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သဖြင့် ရှောင်ကျဉ်သင့်ပါတယ်။ ရှောင်ရမယ့် အစားအစာတွေမှာ အသား၊ ငါး အစိမ်းများ၊ ဆူရှီ၊ ကြက်ဥ အစိမ်း၊ cheese အချို့(feta, brie) နှင့် ပိုးမသတ်ထားတဲ့ နို့ တွေက အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။


၆။ အရက်မသောက်ပါနဲ့

ကိုယ်ဝန်မဆောင်ခင် ကိုယ်ဝန်ဆောင်နေစဉ်ကာလနဲ့ ကလေးနို့တိုက်နေစဉ် ကာလတလျှောက်လုံးမှာ အမျိုးသီးများအနေနဲ့ အရက်ကိုရှောင်ကျဉ်ရပါမယ်။ အရက်သောက်သုံးသော မိခင်တွေရဲ့ ရင်သွေးငယ်တွေမှာ မွေးရာပါ ကိုယ်ခန္ဓာ ချို့ယွင်းချက်တွေအပြင် ဉာဏ်ရည်ဖွံ့ဖြိုးမှုနှေးကွေးတာကိုလည်းတွေ့မြင်ရပါတယ်။


၇။ ဆေးလိပ်ကို ရှောင်ပါ။

ဆေးလိပ်ဟာ မိခင်နဲ့ ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်ကြောင့် မီးဖွားပြီးနောက် ကလေးရုတ်တရက်သေဆုံးခြင်း (sudden infant death syndrome) ကိုဖြစ်စေနိုင်တဲ့အပြင် လမစေ့ခင်မွေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ အခြားသော ကျန်းမာရေးပြသနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။


၈။ လှုပ်လှုပ်ရှားရှားနေပါ။

ကိုယ်ဝန်ဆောင်ကာလအတွင်း နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အကျိုးရှိပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးသင့်တော်တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်နိုင်ပါတယ်။


၉။ တုတ်ကွေးကာကွယ်ဆေးထိုးပါ။

တုတ်ကွေးဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလွန်ခံရခက်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး တုတ်ကွေးကာကွယ်ဆေးထိုးထားသင့်ပါတယ်။



၁၀။ အိပ်ချိန်လုံလောက်စွာရပါစေ

လုံလောက်သောအိပ်ချိန်ရှိဖို့က မိခင်နဲ့ ကလေးကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အိပ်တဲ့အခါမှာလည်း သွေးစီးဆင်းမှုကောင်းစေဖို့အတွက် ဘယ်ဘက်စောင်းပြီး အိပ်စက်သင့်ပါတယ်။


၁၁။ စိတ်ဖိစီးမှုေလျှော့ချပါ

ကျန်းမာစွာ  မီးဖွားနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မလိုလားအပ်တဲ့စိတ်ဖိစီးမှုတွေကို လျှော့ချသင့်ပါတယ်။


၁၂။ ကိုယ်ဝန်ယူရန်အသင့်တော်ဆုံးအချိန်ကိုရွေးချယ်ပါ။

ကိုယ်ရောစိတ်ပါ အကျန်းမာဆုံးအခြေအနေမှာ ကိုယ်ဝန်ယူခြင်းက မိခင်ရော ကလေးပါ ကျန်းမာစေပါတယ်။ဒါကြောင့် ကျန်းမာရေးနဲ့ ပြည့်စုံတဲ့အသက်အရွယ်နဲ့ အချိန်အခါမှာ ကလေးယူခြင်းက အကောင်းဆုံးပါ။ ဒါ့အပြင် ကလေးတစ်ယောက်နဲ့ နောက်ကလေးတစ်ယာက်ကြားမှာ အချိန်အရမ်းကပ်နေတာမျိုးမဖြစ်အောင် ရှောင်ရှားသင့်ပါတယ်။

 

Dr.Aung

Ref:brighamhealthhub.org




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18