Print

အမျိုးသမီးများ သဘာဝရင်သားအလှအတွက် ဘာတွေအရေးကြီးလဲ

  24-Jan-2019
Preview Image

မျိုးရိုးဗီဇကြောင့်လည်းကောင်း၊ နယ်မြေဒေသကိုလိုက်၍လည်းကောင်း၊ အပျိုဖော်ဝင်ချိန် အစားအစာအာဟာရအပေါ် မူတည်၍လည်းကောင်း အမျိုးသမီးတစ်ဦးနှင့်တစ်ဦး ရင်သားကြီးထွားမှု၊ ရင်သားအလှပုံစံခြင်း မတူညီကြပါ။ အပျိုဖော်ဝင်ပြီးချိန် ကျော်လွန်သွားပါက ရင်သားကြီးထွားမှု ရပ်တန့်သွားပြီး ပြန်လည်ဖွံ့ထွားလာတတ်ပါသည်။

 အမျိုးသမီးများ၏ ရင်သားများသည် ခန္ဓာကိုယ်၏ တခြားသော အင်္ဂါအစိတ်အပိုင်းများထက် အရွယ်ကျလွယ်သည်ဟု လေ့လာချက်များအရ သိရှိရပါသည်။ ရင်သားများ၏ အိုစာသောလက္ခဏာများမှာ - ရင်သား ပျော့တွဲလာခြင်း၊ ရင်သားအရေပြားများ ကြမ်းတမ်းလာခြင်း၊ အရေအပြားများတွန့်ခြင်း၊ နို့သီးခေါင်းအရောင် ပြောင်းလာခြင်း စသည့်ပြောင်းလဲမှုများ ဖြစ်လာရပါသည်။ 


ထို့ကြောင့် ရင်သားအလှကို ထိန်းသိမ်းရန်မှာ အမျိုးသမီးများအားလုံးအတွက် မျက်နှာအလှပြုပြင်သကဲ့သို့ပင် အရေးပါလာပါသည်။ အောက်ပါရင်သားအလှအတွက် ထိန်းသိမ်းရန် နည်းလမ်းကောင်းများကို လိုက်နာလုပ်ဆောင်ခြင်းအားဖြင့် သင်၏ရင်သားများ နုပျိုလှပပြီး ဆွဲငင်မှုအပြည့်ဖြင့် တင်းတင်းရင်းရင်းရှိစေမှာ ဖြစ်ပါတယ်။


(၁) နံနက်စာအဖြစ် ပဲနို့သောက်ပါ

 အမျိုးသမီးများ နေ့စဉ် နံနက်စာအဖြစ် ပဲနို့ဖျော်ရည်ကို တစ်နေ့လျှင် တစ်ခွက်သောက်သုံးသင့်ပါသည်။ ပဲနို့အား နေ့စဉ် သောက်သုံးပေးခြင်းဖြင့် ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်နိုင်သည့်အပြင် သွေးဆုံးချိန် တစ်ကိုယ်လုံး ပူရှိန်းရှိန်းဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။


(၂) ရင်သားများအား နှိပ်နယ်ပေးခြင်းနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ရင်သားများ အိုစာမှုကို ကာကွယ်ပါ။

 အမျိုးသမီးငယ်များတွင် ရင်သားများ ပျော့တွဲတွဲဖြစ်လာပါက ၎င်း၏ အလှကိုလည်း ထိခိုက်ပျက်စီးစေပါသည်။ ရင်သားများအား နှိပ်နယ်ပေးခြင်းသည် ထိုသို့ ရင်သားများ ပျော့တွဲခြင်းကို  ကာကွယ်ပေးကာ ရင်သားများ တင်းတင်းရင်းရင်းဖြင့် လှပစေပါသည်။ ထို့ကြောင့် ရင်သားအား နှိပ်နယ်ပေးခြင်းကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပြုလုပ်ပေးရန် လိုပါသည်။ 

ထိုသို့နှိပ်နယ်ရန် အလွယ်ကူဆုံးသောနည်းမှာ ရင်သားအောက်ပိုင်းမှ အပေါ်သို့ ဖြေးဖြေးသာသာလေး မတင်ပေးခြင်းဖြင့် အလွယ်တကူပြုလုပ်နိုင်ပါသည်။ တတ်နိုင်ရင် ရင်သားတောင့်တင်းသော လိမ်းဆေးကရင်မ်ဖြင့် နှိပ်နယ်ပေးပါက ပိုမို၍ ကောင်းပါသည်။ ထိုသို့ နှိပ်နယ်ပေးသည့်နည်းတူ တခြားသော ရင်သားလေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ပေးပါ။ ပေါ့ပေါ့ပါးပါး အလေးတုံးများဖြင့် နောက်ကျော၊ ပခုံးနှင့် ရင်ဘတ်လေ့ကျင့်ခန်းများကို ပြုလုပ်ပေးသင့်ပါသည်။


(၃) အမျှင်ပါဝင်သော အစားအစာနှင့် အဆီဓာတ်မျှတအောင်စားပါ။

 ရင်သားတောင့်တောင့်တင်းတင်း ကျန်းမာစေမည့် အစားအစာများမှာ - ဝက်ပေါင်၊ သခွားသီး၊ ပဲပိစပ်၊ ပဲပြုတ်၊ မက်မွန်သီး၊ သစ်ကြားသီး၊ နှမ်းစေ့၊ သီဟိုဠ်စေ့၊ နေကြာစေ့နှင့် တခြားသော အခွံအမာအသီးများ


(၄) ဗီတာမင်စီက ရင်သားပုံသဏ္ဍာန်မပျက်အောင် ထိန်းပေးပါတယ်။

လိမ္မော်သီး၊ စပျစ်သီး၊ ကျွဲကောသီး၊ သင်္ဘောသီးစတဲ့ ဗီတာမင်စီ ပါဝင်မှုများသော အသီးအနှံတွေ စားသောက်ခြင်းဖြင့် ရင်သားများကို တင်းတင်းရင်းရင်းနဲ့ လှပစေပြီး အရွယ်တင်နုပျို စေပါသည်။


(၅) ခေါင်းကိုမော့ ရင်ကိုကော့ပါ။

အထူးသဖြင့် ရုံးဝန်ထမ်းအမျိုးသမီးများသည် တစ်နေကုန် ခါးကိုကုန်း၊ ရင်ကိုဝှက်ပြီး ကွန်ပျူတာ၊ စာရင်းစာရွက်တွေနဲ့ လုံးပန်းနေတတ်ကြတယ်။ အဲဒီလို အချိန်ကြာကြာ လုပ်နေရင်တော့ ရင်သား ပုံစံတွေပျက်ပြီး ပျော့တွဲတွဲနဲ့ မလှတော့ဘူး။ ရင်သားလည်း သေးသွားစေတဲ့အပြင် ရင်ကို ကော့လိုက်ရင်တောင် ရင်သားများ နာတတ်တယ်။ ဒါကြောင့် အလုပ်လုပ်ရင် ခါးကို မတ်မတ်ထား၊ ရင်ကိုကော့ ခေါင်းကို မော့ပေးရင်တော့ ရင်သားကို ပြန်မ တင်ပေးထားသလိုဖြစ်ပြီး ပြန်လည်လှပလာမှာပါ။


(၆) မိမိရင်သားအရွယ်နဲ့ လိုက်ဖက်ပြီး ဝတ်ရတာ သက်သောင့်သက်သာရှိမယ့် ဘရာဇီယာမျိုးကို ရွေးချယ်ဝတ်ဆင်ပါ။

 ချောင်ချိနေတဲ့ ဘရာဇီယာမျိုးကို ဝတ်မိရင်တော့ ရင်သားကို အထောက်အပံ့မပြုလုပ်ဘဲ ရင်သားများကို တွဲကျစေတတ်ပါတယ်။ တချို့ကလည်း ရင်သားပေါ်မှာစိုးလို့ ခပ်ကြပ်ကြပ် ဘရာဇီယာတွေကို ဝတ်တတ်ကြတယ်။ အဲဒီလိုဝတ်မှ ရင်သားကို တင်းတင်းရင်းရင်း ဖြစ်စေတယ်လို့ ထင်ကြတယ်။ ဒါကလည်း မဖြစ်သင့်ပါဘူး၊ ဘရာဇီယာ ကြပ်ကြပ်ဝတ်ရင် အသက်ရှူရပါ ကြပ်လာပြီး တခြားသော ကျန်းမာရေးပြဿနာများကိုလည်း  ဖြစ်စေနိုင်ပါတယ်။ ဘာပဲပြောပြော သူ့အိုးနဲ့ သူ့ဆန် တန်ရုံဆိုရင်တော့ အကောင်းဆုံးပါပဲ။


Credit : ဒေါက်တာ သင့်မြတ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18