Print

ကိုယ်ဝန်ဆောင်ကာလလမ်းလျှောက်ခြင်း

  21-Dec-2018
Preview Image

တကယ်တော့ ကိုယ်ဝန်ဆောင်ကာလမှာ လမ်းလျှောက် လေ့ကျင့်ခန်းယူတာကမွေးဖွားမယ့် မိခင်အတွက် မွေးဖွားရ လွယ်ကူစေသလို မွေးလာမယ့် ကလေးအတွက်လည်း ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေတဲ့အတွက်ပါတယ်။ လမ်းလျှောက်ခြင်းက ပေးတဲ့ အကျိုးကျေးဇူးတွေကတော့ -


(၁) မိခင်လောင်းကို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြ့ံ့ခိုင်စေတယ်...

ကိုယ်ဝန်ဆောင်စဉ် ကာလတစ်လျှောက်လုံး နေ့စဉ်မှန်မှန် လမ်းလျှောက်ပေးမယ်ဆိုရင် မိခင်လောင်းရဲ့ အရိုးကြွက်သားတွေ ကျန်းမာကြံ့ခိုင်ပြီး နှလုံးသွေးကြော လည်ပတ်မှုကို အားကောင်းစေလို့ မီးဖွားတဲ့အခါ အမောခံနိုင်ပြီး သားအိမ်ညှစ်အား ပိုကောင်းစေတယ်။


(၂) ကျန်းမာတဲ့ ရင်သွေးငယ်ကို မွေးဖွားစေတယ်...

ကိုယ်ဝန်ဆောင်မိခင်တွေ လမ်းမှန်မှန်လျှောက် ပေးတဲ့အတွက်ကြောင့် မွေးဖွားလာတဲ့ ကလေးမှာလည်း ကျန်းမာကြံ့ခိုင်ပြီး မွေးကင်းစ ရောဂါဖြစ်နှုန်းကို လျော့ကျစေတယ်။


(၃) ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်နှုန်းကို လျော့နည်းစေတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ လမ်းမှန်မှန်လျှောက် ပေးတဲ့အတွက် သွေးတွင်းသကြားဓာတ် ချေဖျက် လောင်ကျွမ်းမှု အားကောင်းပြီး ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်တတ်တဲ့ ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်နှုန်းကို လျော့ကျစေတယ်။


(၄) ကိုယ်ဝန် အဆိပ်တက်ခြင်း အန္တရာယ် လျော့နည်းစေတယ်

ကိုယ်ဝန်ဆောင်မိခင်တွေကို အန္တရာယ် ပေးနိုင်တဲ့ ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်းကို လျော့နည်းစေဖို့ လမ်းမှန်မှန် လျှောက်ပေးပါ။ ကိုယ်အလေးချိန် တိုးခြင်းကို ကာကွယ်ပေးပြီး သွေးတွင်းကိုလည်း ကာကွယ်ပေးပါတယ်။


(၅) စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်

လေပြည်အေးအေးမှာ သက်သောင့်သက်သာ လမ်းမှန်မှန် လျှောက်ပေးတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန် မိခင် အများစု ခံစားရတဲ့ စိတ်ပူပန်မှုနှင့် ဖိစီးမှုတွေကို လျော့ကျစေတဲ့အပြင် စိတ်ခံစားမှု ကောင်းပြီး စိတ်ပျော်ရွှင်မှုကိုပါ တိုးစေပါတယ်။ လမ်းလျှောက်ခြင်းကြောင့် ဦးနှောက်ထဲမှာရှိတဲ့ Endorphins ဟော်မုန်းတွေ ထွက်နှုန်းကောင်းပြီး စိတ်ကို ပျော်ရွှင်လန်းဆန်းစေပါတယ်။


(၆) ကိုယ်ဝန်လစေ့မှ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်တယ်။

လမ်းမှန်မှန် လျှောက်ပေးတဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ တင်ပါး၊ မျိုးပွားအင်္ဂါ တစ်ဝိုက်နဲ့ ပေါင်ကြွက်သားတွေ အားကောင်းစေပြီး ကိုယ်ဝန်လ မရင့်မီ မွေးတာ၊ ကိုယ်ဝန်လကျော်မှ မွေးတာတွေ မဖြစ်စေဘဲ မွေးရမယ့် အချိန်ကာလ မှန်ကန်စွာနှင့် ခွဲစိတ်စရာ မလို ပုံမှန် သဘာဝနည်းအတိုင်း ကျန်းကျန်းမာမာ လွယ်လွယ်ကူကူ မွေးဖွားနိုင်ပါတယ်။


ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ မိမိကျန်းမာဖို့သာမက မွေးဖွားလာတဲ့ရင်သွေးငယ်လေးရဲ့ ကျန်းမာရေးအတွက်ပါ ထည့်တွက်လို့ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး တစ်နေ့ကို တစ်ကြိမ်၊ တစ်ကြိမ်မှာ အနည်းဆုံး ၁၅ မိနစ်ခန့် အချိန်ပေးပြီး လမ်းမှန်မှန် လျှောက်ပေးပါ။ လမ်းမှန်မှန်လျှောက်ပေးတဲ့ အတွက် ကျန်းမာရေးကောင်းကျိုးတွေက စိတ်ကိုပါ ကြည်လင်လန်းဆန်းစေပြီး မိမိရဲ့အိမ်ထောင်ဖက်နှင့်အတူ လမ်းလျှောက်ထွက်မယ်ဆိုရင် နှစ်ဦးသားကြား ရင်းနှီးမှု ပိုစေလို့ ကိုယ်ဝန်ဆောင်မိခင်တို့ အကျိုးကျေးဇူးများတဲ့ လမ်းလျှောက်ခြင်းကို မှန်မှန်ပြောပေးဖို့ အကြံပြုပါရစေနော်။


Credit:

Sheri (U.O.N,ygn)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18