Print

ကိုယ်ဝန်ဆောင်တဲ့ကာလ အတူနေလို့ရ၊ မရ ?

  20-Dec-2018
Preview Image

ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဘာပြဿနာမှမရှိဘူးဆိုရင် အတူနေလို့ရပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမျိုးကိုတော့ ရှောင်ရပါမယ်။ အရင်က ကိုယ်ဝန်ပျက်ခဲ့ဖူးရင် အခုကိုယ်ဝန်ဆောင်တဲ့ကာလအတွင်း အတူနေလို့ရ မရ ဆိုတာကို ကျန်းမာရေး ဝန်ထမ်းတွေနှင့် တိုင်ပင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလတွေမှာ အတူမနေသင့်တဲ့ အခြေအနေတွေရှိပါတယ်။


• ကိုယ်ဝန်ပျက်ကျဖူးခဲ့ရင်

• အရင်ကိုယ်ဝန်တွေတုန်းက ကလေးကို စောပြီးမွေးခဲ့ဖူးရင် (ကိုယ်ဝန် (၃၇) ပတ် မရခင်မွေးခဲ့ဖူးရင်)

• အခုကိုယ်ဝန်မှာ မိန်းမကိုယ်က သွေးဆင်းခဲ့ရင်

• အခုကိုယ်ဝန်မှာ ရေမြွှာပေါက်သွားရင်

• အချင်းက သားအိမ်ရှေ့ရောက်နေရင်

• သားအိမ်ခေါင်း အချိန်မတိုင်ဘဲ ပွင့်နေခဲ့ရင်

• ကိုယ်ဝန်က အမွှာကိုယ်ဝန်ဖြစ်ခဲ့ရင် အတူမနေသင့်ပါဘူး။


သားဖွားမီးယပ်ဆရာဝန် အတော်များများက ကိုယ်ဝန်ရှိစ ပထမ (၃) လမှာ လိင်ကိစ္စရှောင်ခိုင်းပြီး ကလေးမွေးကာနီ (၁) လကနေ (၃) လအထိကိုလည်း လိင်ကိစ္စရှောင်ခိုင်းပါတယ်။ ကိုယ်ဝန် ပထမလနုချိန်မှာ ကိုယ်ဝန်ဆောင်မိခင်ဟာ မူးမော်အော့ပန်ပြီး မအီမသာ ဖြစ်နေတတ်လို့လည်း ဖြစ်ပါတယ်။


Credit:

မျိုးပွားကျန်းမာရေး အမေး-အဖြေ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18