Print

ပျိုမေတို့ မိန်းမကိုယ်ယားယံမှုအတွက် အိမ်တွင်းနည်းလမ်းများ

  06-Mar-2018
Preview Image

Vagina ယားယံစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ကလေးမွေးပြီးနောက်ပိုင်း ဘက်တီးရီးယားပိုးဝင်ရောက်တာ၊ စိတ်ဖိစီးမှုများတာ၊ ကိုယ်ခံအားလျှော့နည်းစေတဲ့ ဘဝနေထိုင်မှုပုံစံရှိသူတွေမှာလည်း ဒီလိုပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမှာ Vagina နဲ့ မိန်းမအင်္ဂါစပ်တစ်ဝိုက်ဟာ နီရဲရောင်ရမ်းတာအပြင် အနံ့ပြင်းပြင်းထွက်တာတွေပါ ဖြစ်တတ်ပါတယ်။ 


မိန်းမကိုယ်တစ်ဝိုက် ဘက်တီးရီးယားပိုး ဒါမှမဟုတ် Yeast မှိုပိုးဝင်ရောက်တာက များသောအားဖြင့် လိင်ဆက်ဆံရာကနေ တစ်ဆင့်ကူးစက်တာ (STD)၊ သွေးဆုံးတာ၊ ဓာတုပစ္စည်းတွေနဲ့ ဓာတ်မတည့်တာတွေကြောင့် မိန်းမကိုယ်ယားယံတာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ဆီးလမ်းကြောင်းနဲ့ မွေးလမ်းကြောင်းမှာ နေရထိုင်ရခက်ခဲလောက်အောင်အထိ မသက်မသာဖြစ်တတ်ပါတယ်။ ဒီလိုယားယံနေခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါရှာဖွေသင့်ပါတယ်။ ကလေးငယ်တွေမှာတော့ တုတ်ကောင်တွေ မိန်းမကိုယ်အတွင်း ဝင်ရောက်တာကြောင့်ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်ယားယံနေလွန်းတာ သက်သာစေဖို့ မိန်းမကိုယ်ကို ဆေးကြောသန့်စင်တာ၊ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံဖြစ်အောင် နေထိုင်တာနဲ့၊ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေမှာ နေရထိုင်ရခက်စေတဲ့ ဒီလိုမိန်းမကိုယ်ယားယံတာ၊ အပူလောင်တာ စတဲ့ဝေဒနာတွေသက်သာအောင် ကိုယ်တိုင်ပြုလုပ်နိုင်မယ့် အိမ်တွင်းနည်းလမ်းတွေ ဖော်ပြပေးလိုက်ပါတယ်။


ပန်းသီးရှလကာရည်

 ပန်းသီးရှလကာရည်ဟာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့အပြင် ဖန်းဂတ်စ်မှိုပိုးသတ်နိုင်စွမ်းလည်း ရှိတဲ့အတွက် မိန်းမကိုယ်ယားယံတာ သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်မိန်းမကိုယ်ကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်စွမ်းလည်း ရှိပါတယ်။

• ပန်းသီးရှလကာရည် စားပွဲဇွန်း နှစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နဲ့ ရောစပ်ပါ။ အဲဒီဖျော်ရည်နဲ့ တစ်နေ့နှစ်ကြိမ် ဆေးကြောပါ။ ရက်အနည်းငယ်ကြာအထိ ပြုလုပ်ပေးနိုင်ပါတယ်။ 

• ဒါ့အပြင် ပန်းသီးရှလကာရည် စားပွဲဇွန်းတစ်ဇွန်း၊ ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နဲ့ရောစပ်ပြီး တစ်နေ့နှစ်ကြိမ်သောက်ပေးပါ။


ရေဝတ်ကပ်ခြင်း

 မိန်းမကိုယ်ယားယံတာအတွက် ရေခဲအိတ်ကို အသုံးပြုနိုင်ပါတယ်။ မိန်းမကိုယ်တစ်ဝိုက်ယားယံတာနဲ့ ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ 

• ရေခဲအနည်းငယ်ကို သန့်စင်တဲ့အဝတ်တစ်ခုထဲထည့်ပြီး ချည်နှောင်ပါ။

• အဲဒီရေအိတ်ကို သင်ရဲ့မိန်းမကိုယ်တစ်ဝိုက်ကို မိနစ်အနည်းငယ်ခန့်ကပ်ပါ။

• ၃၀ စက္ကန့်တစ်ကြိမ် ကပ်ပေးနိုင်ပါတယ်။ 

• ဒါ့အပြင် မိန်းမကိုယ်ကို ရေခဲရေနဲ့ တစ်နေ့တစ်ကြိမ် သန့်စင်ဆေးကြောပေးနိုင်ပါတယ်။ 


ဆားရေနွေးစိမ်ခြင်း

 ဆားရေနွေးနဲ့ စိမ်ပေးတာက မိန်းမကိုယ်ယားယံမှုကို သက်သာစေပါတယ်။ ဆားဟာ မမြင်နိုင်တဲ့ ပိုးမွှားပေါက်ဖွားမှုတွေ ထိန်းချုပ်ပေးနိုင်တဲ့အပြင် ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ယားယံမှုတွေကိုလည်း လျော့ကျသွားစေနိုင်ပါတယ်။ ဆား၊ စားပွဲဇွန်းတစ်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ရောစပ်ပြီး ယားယံနေတဲ့ မိန်းမကိုယ်ကို ဆေးကြောပေးပါက ချက်ချင်းသက်သာသွားပါလိမ့်မယ်။

• သင်ရဲ့ ရေချိုးဇလုံထဲကို ခွက်တစ်ဝက်စာ ဆားထည့်ပြီး ရေနွေးထည့်ပါ။ အဲဒီဆား ရေနွေးဇလုံထဲ ၁၀-၁၅ မိနစ်ခန့် ဆောင့်ကြောင့်ထိုင်စိမ်ပေးပါ။ တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ် ရက်အနည်းငယ်ကြာ ပြုလုပ်ပေးရုံနဲ့ ကောင်းမွန်တဲ့ရလဒ်ကို ရရှိပါလိမ့်မယ်။

မှတ်ချက် = သင့်အရေပြား ခြစ်မိ၊ ကုတ်မိရာ၊ စုတ်ပြဲနေတာ၊ ပွင့်နေတဲ့အနာမျိုးရှိခဲ့ရင် ဒီနည်းလမ်းကို အသုံးမပြုပါနဲ့။ 


ဒိန်ချဉ်

 မလိုင်မပါတဲ့ဒိန်ချဉ်ဟာ သင့်မိန်းမကိုယ်တစ်ဝိုက်ယားယံတာ၊ အသားပူလောင်တာတွေကို ရပ်တန့်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ ဒါ့အပြင် မိန်းမကိုယ်တစ်ဝိုက် Yeast မှိုပိုး၊ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပြီး ကောင်းတဲ့ဘက်တီးရီးယားတွေ ပေါက်ပွားလာအောင်လည်း ကူညီပေးနိုင်ပါတယ်။ 

• Tampon (မိန်းမကိုယ်တွင်းထည့် အမျိုးသမီးလစဉ်သုံးပစ္စည်း) တစ်ခုကို ဒိန်ချဉ်ထဲနှစ်ပြီး မိန်းမကိုယ်ထဲ နှစ်နာရီအကြာလောက်ထည့်ထားပါ။ တစ်နေ့နှစ်ကြိမ်ပြုလုပ်ပါ။ ယားယံမှုပြုလုပ်ပါ။ ယားယံမှုသက်သာလာတဲ့အထိ ပြုလုပ်ပေးနိုင်ပါတယ်။

• ဒါ့အပြင် မလိုင်မပါဒိန်ချဉ်ကို နေ့စဉ် စားသုံးပေးပါ


ကြက်သွန်ဖြူ

 ကြက်သွန်ဖြူဟာ ပဋိဇီဝပိုးသတ်ဆေးလိုမျိုး သဘာဝပိုးသတ်နိုင်စွမ်းရှိတဲ့အတွက် ဘက်တီးရီးယားနဲ့ Yeast မှိုပိုးတွေကို သေစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ Immune System ကိုလည်း မြှင့်တင်ပေးပြီး ရောဂါပိုးမဝင်ရောက်နိုင်အောင်လည်း တိုက်ထုတ်ပေးပါတယ်။

• ကြက်သွန်ဖြုဆီ အနည်းငယ်ကို ဗီတာမင်အီး အဆီအနည်းငယ်နဲ့ရောစပ်ကာ ယားနာဖြစ်နေတဲ့နေရာပေါ်လိမ်းပါ။ ၁၀ မိနစ်ခန့်ထားပြီးနောက် ရေနွေးနဲ့ဆေးကြောပါ။ တစ်နေ့နှစ်ကြိမ်နဲ့ နေ့စဉ်ရက်သတ္တပတ်အနည်းငယ်ကြာအောင် ပြုလုပ်ပေးပါ။

• ကြက်သွန်ဖြူ သုံးမြွှာကို အစိမ်းအတိုင်း နေ့စဉ်စားပေးပါ။ ဒါ့အပြင် ကြက်သွန်ဖြူအားဆေးတွေကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး မှီဝဲနိုင်ပါတယ်။ 


Credit: ဆူးမြာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18