Print

ရာသီထိန်ခြင်း

  26-Feb-2018
Preview Image

ရာသီထိန်ခြင်းဆိုတာ အရွယ်ရောက်ပြီး အမျိုးသမီးများတွင် ၃ လနှင့်အထက် ရာသီမလာခြင်းနှင့် မိန်းကလေးငယ်များတွင် အသက် (၁၅) နှစ်ထိ ဓမ္မတာစတင် မပေါ်သေးခြင်းကို ဆိုလိုပါတယ်။


ရာသီထိန်ခြင်းရဲ့ အများဆုံးတွေ့ရတဲ့အကြောင်းကတော့ ကိုယ်ဝန်ရှိခြင်းပဲ ဖြစ်ပါတယ်။ အခြားသောအကြောင်းအရင်း များမှာ မျိုးပွားအင်္ဂါများ၊ မဟော်မုန်းများနှင့် ဆိုင်သောပြဿနာများဖြစ်ပါသည်။


ရာသီထိန်ခြင်းအပြင် နို့သီးခေါင်းမှာ နို့ရည်များထွက်ခြင်း၊ ဆံပင်ပါးလာခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိအမြင်မကြည်ခြင်း၊ မျက်နှာတွင်အမွှေးအမျှင်များ ပေါက်လာခြင်း၊ ဝက်ခြံထွက်ခြင်း၊ ဗိုက်အောင့် ခါးကိုက်ခြင်းများလည်း ဖြစ်တတ်ပါတယ်။


ပုံမှန်အားဖြင့် ကိုယ်ဝန်ှရှိစဉ်၊ နို့တိုက်စဉ်နှင့် သွေးဆုံးချိန်များတွင် ရာသီထိန်နေတတ်ပါတယ်။ အချို့သောဆေးဝါး သုံးစွဲသူများ၊ သန္ဓေတားဆေးသုံးစွဲသူများ၊ ပိန်လွန်းသူများ၊ လေ့ကျင့်ခန်း အလွန်အကျွံလုပ်သူများ၊ စိတ်ဖိစီးမှုများသူများ၊ အချို့သော ဟော်မုန်းရောဂါများ၊ အရွယ်မတိုင်ခင် သွေးဆုံးခြင်းများ၊ မျိုးပွားအင်္ဂါဆိုင်ရာ ရောဂါများတွင်လည်း တွေ့ရတတ်ပါသည်။ 

ထို့ကြောင့် ဆရာဝန်နဲ့ သေချာစမ်းသပ်ကုသခြင်းများ ဟော်မုန်းစစ်ဆေးခြင်းများ ပြုလုပ်သင့်ပါသည်။ Ultrasoung, CT နှင့် MRT ကဲ့သို့ စစ်ဆေးခြင်းများလည်း လိုအပ်လျှင် ပြုလုပ်ရနိုင်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းပေါ်မူတည်၍ ကုထုံးများလည်း ကွဲပြားပါသည်။ အချို့သောအခြေအနေများတွင် သန္ဓေတားဆေးများ၊ ဟော်မုန်းဆေးများ သောက်သုံးရတတ်ပါသည်။

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းများ၊ စိတ်ဖိစီးမှုများခြင်း၊ အစာမစားခြင်းများကို တတ်နိုင်သမျှလျှော့ချသင့်ပါသည်။ မိမိ၏နေထိုင် စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ညီညွတ်သော ပုံစံသို့ပြောင်းလဲသင့်ပါသည်။ ဓမ္မတာပုံမှန်လာသော ရက်များကိုလည်း သေချာမှတ်ထားပြီး ရာသီထိန်ခြင်းနှင့် ပတ်သက်၍ စိတ်ပူပန်စရာ တစ်စုံတစ်ရာရှိပါက ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါသည်။


Credit: Mayo Clinic 

Dr. April




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18