Print

မိခင်တွေအနေနဲ့ ကလေးမမွေးခင် တစ်လအလိုကတည်းက လုပ်ဆောင်ထားသင့်တဲ့ အချက် (...

  17-Feb-2018
Preview Image


   ကိုယ့်ဘဝထဲကို သားသားလေး၊ မီးမီးလေး ရောက်လာတော့မယ့်အချိန် နီးကပ်လာတာနဲ့အမျှ ဘယ်မိခင်မဆို ရင်ခုန်စိတ်ပျော်ရွှင် ကြတာချည်းပါပဲ။ ဒီတော့ မိခင်တွေအနေနဲ့ ရင်သွေးကို မမွေးဖွားခင် တစ်လလောက်အလို ကတည်းက ကြိုတင်လုပ်ဆောင်ထားရမယ့် အရာလေးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့ 


၁။ ကလေးအတွက် ဗီရိုအသေးစားလေးတစ်ခု ပြင်ဆင်ပေးပါ။ 


၂။ သင့်ကားမှာ နောက်ပိုင်းကလေးကိုပါ ခေါ်ဆောင်သွားရမှာမို့ ခါးပတ်တွေ၊ ထိုင်ခုံတွေ သေချာပြင်ဆင်ပါ။


၃။ လက်သည်း၊ ခြေသည်းတွေကို သပ်သပ်ရပ်ရပ်လေး ဖြစ်အောင် ညှပ်ပါ၊ သန့်ရှင်းရေးလုပ်ပါ။ ဒီလိုမှသာ မွေးခန်းထဲမှာ သင့်ခြေသည်းလက်သည်းတွေ သန့်ရှင်းအဆင်ပြေနေမှာပါ။


၄။ ရုပ်ရှင်တွေကြည့်ပါ။


၅။ အနီးအနားက စားသောက်ဆိုင်မှာ ခင်ပွန်းနဲ့အတူ ဒင်နာအတူ ထွက်စားတာမျိုး လုပ်ပေးပါ။


၆။ ကလေးနာမည်ကို ဘယ်လိုပေးမလဲဆိုတာ သေချာစဉ်းစားပါ။


၇။ ပူနေတဲ့ ဗိုက်လေးနဲ့အတူ အမှတ်တရဓာတ်ပုံတွေ ရိုက်ထားပါ။ 


၈။ ကလေးတွန်းလှည်းသုံးမယ်ဆိုရင် ဘယ်လိုခေါက်သိမ်းရတယ်၊ ဘယ်လိုသုံးရတယ်ဆိုတာမျိုးတွေ စတင်လေ့လာပါ။


၉။ အညောင်းအညာပြေအောင် အနှိပ်ခံနိုင်ပါတယ်။ ဒါပေမယ့် ပြင်းပြင်းကြီး နှိပ်တာမျိုးတော့ မခံပါနဲ့။


၁၀။ ကိုယ့်အမျိုးသားနဲ့ အတူနေလို့ရပါတယ်။ ကလေးမွေးပြီးတဲ့အခါ အနည်းဆုံး တစ်လကျော်၊ နှစ်လလောက်ထိ အတူနေဖို့မဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ကလေးမွေးပြီး နောက်ပိုင်း အမျိုးသမီးတွေရဲ့ စိတ်အခြေအနေကြောင့် မနေချင်တာမျိုးတွေတောင် ဖြစ်နိုင်ပါသေးတယ်။ သူက နည်းနည်းအချိန်ပြန်ယူရတဲ့ အပိုင်းမို့ပါ။


၁၁။ ကလေးအဝတ်အစားတွေ ကြိုလျှော်ဖွတ်ထားပါ။


၁၂။ ဆေးရုံသွားတဲ့အခါ ဘာတွေယူသွားရမယ်ဆိုတာ စဉ်းစားပြီး ကြိုတင်ထုတ်ပိုးထားပါ။


၁၃။ စာအုပ်တစ်အုပ်ကို အပြီးဖတ်ပါ။


၁၄။ သူငယ်ချင်းတွေနဲ့အတူ နေ့လည်စာချိန်းပြီး အတူစားတာမျိုးတွေ လုပ်ပါ။


၁၅။ မချက်မပြုတ်နိုင်တဲ့ နေ့တွေမှာ အလွယ်တကူ အသင့်စားနိုင်အောင် ခုကတည်းက အခြောက်အချမ်းတွေ ဝယ်ထားလိုက်ပါ။


၁၆။ ဆေးရုံကို ဘယ်လိုသွားမယ်ဆိုတာ ကြိုပြင်ဆင်ထားလိုက်ပါ။


၁၇။ အိပ်နိုင်သလောက်သာ များများအိပ်ပစ်လိုက်ပါ။ 


Ref:purewow

trend myanmar မှ ကူးယူဖော်ပြသည်။




Related Articles


Advertisment 18