Print

ကိုယ်ဝန်ဆောင်ချိန် သိမှတ်ဖွယ်ရာများ

  17-Dec-2017
Preview Image

ကိုယ်ဝန်ဆောင်မိခင်၏ အနေအထိုင် အပြုအမှုများသည် သန္ဓေသားထံသို့ ရိုက်ခတ်မည်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်သည် ကျန်းမာရေးကောင်းမွန်နေသင့်သည်။ အာဟာရပြည့်ဝလုံလောက်စွာ စားသုံးပေးသင့်သည်။ အိပ်ရေးဝစွာ အိပ်ပေးသင့်သည်။ သင့်လျော်သော အားကစား၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ပေးသင့်သည်။


 ကိုယ်ဝန်ဆောင်မိခင်များသည် သန့်ရှင်းသော ပတ်ဝန်းကျင်တွင် နေထိုင်သင့်သည်။ သင့်လျော်သော ကိုယ်ဝန်ဆောင်အကျင်္ီဝတ်သင့်သည်။ ကျပ်နေသော ကျဉ်းမြောင်းသော အကျင်္ီများ မဝတ်သင့်ပါ စိတ်ကြည်နေရန်၊ စိတ်ပျော်နေရန် လိုအပ်သည်။ သင့်လျော်သည့် အစားအစာကို စား၍ အစာကြေကာ ဝမ်းမှန်နေစေရန် ပိုအရေးကြီးပါသည်။ 


 ကိုယ်ဝန်ဆောင်ချိန်သည် အထူးသဖြင့် ပင်ပန်းနွမ်းနယ်လွယ်တတ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် အိပ်ချိန်ပြည့်ဝအောင် အိပ်ရန် အရေးကြီးသည်။ ကိုယ်ဝန်ဆောင်မိခင်များ နေ့ခင်းဘက်တွင်လည်း အိပ်စက်အနားယူနိုင်ပါသည်။ အနားယူချိန် သတ်မှတ် အပြည့်အဝ နားပေးသင့်သည်။ ကိုယ်ဝန်ဆောင်မိခင်များ အချိန်ကြာကြီး မတ်တတ်ရပ်ခြင်းကိုလည်း ရှောင်ပါ။

 ကိုယ်ဝန်ဆောင်နေချိန်တွင် ကိုယ်ဝန်ဆောင်မိခင်ရော၊ သန္ဓေသားပါ ကျန်းမာနေသေရန်လည်း အရေးကြီးပါသည်။ ကိုယ်ဝန်ဆောင်မိခင်မှ သူ၏ အနေအထိုင်၊ အစားအသောက်ကို ဂရုုပြုရမည်ဖြစ်သလို မိမိသန္ဓေသား၏ ကျန်းမာရေးကိုလည်း အမြဲစစ်ဆေးသင့်သည်။

 ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကိုယ်ဝန်ဆောင် ၂၈ ပတ် မတိုင်ခင်တစ်ကြိမ်၊ ကိုယ်ဝန်ဆောင် ၃၆ ပတ် မတိုင်ခင်တစ်ကြိမ်၊ ကိုယ်ဝန် ၃၇ ပတ် မတိုင်ခင်တစ်ကြိမ်၊ သန္ဓေသား၏ ကျန်းမာရေး ကောင်းမကောင်းကို စစ်ဆေးပေးသင့်ပါသည်။ 


 ကိုယ်ဝန်ဆောင်နေချိန်တွင် ကိုယ်ဝန်ဆောင်မိခင်များသည် -

၁။ ဆေးလိပ်၊ အရက် လုံးဝမသောက်ရ။

၂။ ကော်ဖီနှင့် လက်ဖက်ရည်အပြစ်သောက်ခြင်းကို ရှောင်ပါ။

၃။ အဆီမြင့်မားစွာပါဝင်သော အစားအစာများ စားခြင်းကိုရှောင်ပါ။

၄။ ငရုတ်သီး၊ မဆလာနှင့် အစာအိမ်ကို ထိုးဆွမည့် အပူ၊ အစပ်များကို မစားသင့်ပါ။

၅။ စည်သွပ်ဗူး၊ အစားအစာများ၊ ရယ်ဒီမိတ်ထုတ် အမြန်အစားအစာများ အချိုမှုန့်၊ သိပ်ငန်သော အစားအစာများ လုံးဝမစားသင့်ပါ။

၆။ ဆားကို အလွန်အကျွံ မစားရ

 ကိုယ်ဝန်ဆောင်နေချိန်ကာလတွက် ခန္ဓာကိုယ်အလေးချိန်မှာ တဖြည်းဖြည်းတိုးလာတတ်သည်။ ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းကာလများတွင် တစ်ကီလို၊ နှစ်ကီလိုခန့် ကိုယ်အလေးချိန် တက်တတ်သည်။


 နောက်ပိုင်းတွင် ငါးကီလိုခန့် တက်လာနိုင်သည်။ မွေးဖွားခါနီးအချိန်ကပ်လာလျှင် ၁၀ ကီလိုမှ ၁၅ ကီလိုအတွင်းခန့် တက်လာသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများ ကိုယ်အလေးချိန်တက်လာခြင်းကို မလိုလားပါက ဆရာဝန်နှင့် တိုင်ပင်၍ မိမိနှင့် သင့်လျော်မည့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို လုပ်သင့်ပါသည်။


 ကိုယ်ဝန်မမြဲတတ်သူများ သားအိမ်အားနည်းသူများ ကိုယ်ဝန်ဆောင်ပါက ကိုယ်ဝန်ဆောင်ချိန်မှ ကိုယ်ဝန်နုချိန်ကာလ၊ ကိုယ်ဝန်သုံးလမတိုင်ခင်တွင် အမျိုးသားနှင့် အတူနေခြင်းမျိုးကို ရှောင်နိုင်လျှင်ကောင်းမည်။ ကျန်းမာရေးကောင်းသူ၊ သားအိမ်ကောင်းသူ ပုံမှန်ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်နေချိန်တွင် အမျိုးသားနှင့် အတူနေခြင်း Sex ကိစ္စကို ရှောင်ရန်မလိုပါ။


 ကိုယ်ဝန်ဆောင်မိခင်မှ လက်ကိုင်ဖုန်းအသုံးပြုခြင်း ကြာရှည်ပါက သန္ဓေသားထံသို့ Ray ရောင်ခြည်ဖြတ်သန်းရောက်ရှိမှု အဆနှစ်ဆယ် ပိုမြင့်မားတတ်သည်။ ထို့ကြောင့် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သဖြင့် ကို်ယ်ဝန်ဆောင်မိခင်များ လက်ကိုင်ဖုန်း ကြာကြာအသုံးပြုခြင်းကို ရှောင်သင့်ပါသည်။


 ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်မှ လက်ကိုင်ဖုန်းအသုံးပြု၍ အချိန်ကြာမြင့်စွာ အင်တာနက်သုံးခြင်း၊ ဂိမ်းကစားခြင်းများမပြုလုပ်သင့်ပါ။ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အိပ်မရခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မက်များမက်၍ နှစ်နှစ်ခြိုက်ခြိုက်မအိပ်စက်ရခြင်းတို့ ဖြစ်တတ်ပါသည်။ ထိုအခါ သန္ဓေသားကိုလည်း ထိခိုက်တတ်သည်။


Credit: ရွှေပြည့်အိမ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18