Print

ကိုယ်ဝန်ဆောင်နှင့် ဗီတာမင်များ

  02-Dec-2017
Preview Image

ဗီတာမင် A

 ဗီတာမင် A သည် လူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်များကို ပိုမိုရှင်သန်စေနိုင်သည်။ ကိုယ်ခံအား တိုးပွားစေမည်။ အရိုးနှင့် သွားများကို ကောင်းစေနိုင်သည်။ ခန္ဓေသားပိုမို ဖွံ့ဖြိုးစေရန် ကိုယ်ဝန်ဆောင် မိခင်များ ဗီတာမင် A ဓာတ် စားသုံးရန် ပိုလိုမည်။ ကိုယ်ဝန်ဆောင်မိခင်များ ဗီတာမင် A ဓာတ်စားသုံးမှု အားနည်းပါက ကလေးစောစော မွေးဖွားတတ်သည်။ ထို့ကြောင့် ဗီတာမင် A ဓာတ် များများပါဝင်သော အစားအစာများကို စားပေးပါ။  ဗီတာမင် A ဓာတ်ပါသော အစားအစာများမှာ တိရိစ္ဆာန်အသည်း ကလီစာ၊ အစိမ်းရောင်၊ အဝါရောင်ပါသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ နို့ထွက်ပစ္စည်းများ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ တည်သီး၊ ကြက်ဥ၊ အမဲအသည်းနှင့် ဝက်အသည်း၊ နွားနို့၊ ပန်းစိမ်း၊ ဟင်းနုနယ်၊ ပဲအမျိုးမျိုး၊ ထောပတ်၊ ကန်စွန်းဥ၊ ရှောက်ချိုသီးတို့ဖြစ်သည်။


ဗီတာမင် B1

 ဗီတာမင် B1  ဓာတ်ကို ကိုယ်ဝန်ဆောင်မိခင်များ နေ့စဉ်စားသုံးပေးရန် လိုမည်။ ဗီတာမင် B1 သည် အာရုံကြော ဖွဲ့စည်းမှုကို အားကောင်းစေသည်။ ဗီတာမင် B1 ဓာတ်ပါသော အစားအစာများ အဆီမပါ အသား၊ မုန်ညင်းဖြူ၊ ပဲအမျိုးမျိုး၊ တရုတ်နံနံ၊ တိရိစ္ဆာန် အသည်းကလီစာတို့ ဖြစ်သည်။


ဗီတာမင် B2 

 ကိုယ်ဝန်ဆောင် မိခင်များ ဗီတာမင် B2 ဓာတ် စားသုံးပေးရန် လိုအပ်မည်။ ဗီတာမင် B2 ဓာတ် ချို့တဲ့ပါက ကလေးအစောဆုံး မွေးနိုင်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် မိခင်များသည် ဗီတာမင် B2 ကို စားပေးပါ။ ဗီတာမင် B2 သည် သံဓာတ်ကိုလည်း စုပ်ယူပေးနိုင်သည်။ ဗီတာမင် B2 ဓာတ်ပါသော အစားအစာများမှာ ဝက်သား၊ တိရစ္ဆာန်တို့၏ အသည်း၊ သခွားသီး၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ ထိုင်ဝမ်မုန်ညင်း၊ ဟင်းနုနယ်၊ နွားနို့တို့ ဖြစ်ပါသည်။


ဗီတာမင် B12

 ဗီတာမင် B12 ဓာတ်ချို့တဲ့ပါက သွေးဖြူဥအားများကာ သွေးအားနည်းခြင်း ဖြစ်တတ်သည်။ နာဗ်ကြောနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ကျဆင်းစေနိုင်သည်။ ဗီတာမင် B12 ဓာတ်ကိုလည်း ကိုယ်ဝန်ဆောင်မိခင်များ နေ့စဉ် စားသုံးပေးရန် လိုအပ်မည်။ ဗီတာမင် B12 ဓာတ်ပါသောအစားအစာများမှာ ငါး၊ နို့ထွက်ပစ္စည်းများ၊ အခွံမာအစားအစာများဖြစ်သည်။ 


ဗီတာမင် B6 

 ကိုယ်ဝန်ဆောင်မိခင်များသည် ဗီတာမင် B6 ဓာတ်ကိုလည်း စားပေးရန်လိုအပ်ပါသည်။ ဗီတာမင် B6 ဓာတ်ပါသော အစားအစာများမှာ - ကြက်သား၊ ငါး၊ အမဲသား၊ ပဲအမျိုးမျိုးတို့ ဖြစ်ပါသည်။ 


ဗီတာမင် C

 ဗီတာမင် C ဓာတ်သည်။ သန္ဓေသားကို ဖွံ့ဖြိုးစေသည်။ ဗီတာမင် C ဓာတ် ချို့တဲ့ပါက သွေးအားနည်းခြင်း၊ သွေးထွက်လွယ်ခြင်းများကို ဖြစ်ပေါ်စေနိုင်သည်။ ကလေးစောမွေးခြင်း၊ ကိုယ်ဝန်ပျက်ခြင်းတို့ပါ ဖြစ်စေနိုင်သည်။ ဗီတာမင် C ဓာတ်ပါသော အစားအစာများမှာ - ဟင်းနုနယ်၊ တည်သီး၊ မုန်ညင်းစိမ်း၊ တရုတ်နံနံ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးပွ၊ ဂေါ်ဖီ၊ အာလူး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ ကီဝီသီး၊ ဆီးသီး၊ စပျစ်သီး၊ စတော်ဘယ်ရီ၊ ပန်းပွင့်တို့ ဖြစ်ကြပါသည်။


ဗီတာမင် D

 ဗီတာမင် D သည် သန္ဓေသား၏ အရိုးများကို ဖွံ့ဖြိုးတိုးတက်စေသည်။ ဗီတာမင် D ကိုလည်း ကိုယ်ဝန်ဆောင်မိခင်များ စားပေးရန် လိုမည်။ ဗီတာမင် D ဓာတ်ပါသော အစားအစာများမှာ - အဆီမပါ အသားဥအနှစ် အဝါရောင်၊ နွားနို့၊ တိရိစ္ဆာန်တို့၏ အသည်းကလီစာများ၊ နို့ဆီတို့ ဖြစ်ကြသည်။


ဗီတာမင် E 

 ဗီတာမင် E ဓာတ်သည် သန္ဓေသား၏ ကိုယ်ခန္ဓာအတွက် ဆဲလ်များကို ကောင်းကျိုးပေးနိုင်သည်။ ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။ ဗီတာမင် E ဓာတ်ပါသော အစားအစာများမှာ နှမ်းဆီ၊ မြေပဲဆီ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ ဖြစ်ပါသည်။ 


ဗီတာမင် K

 ဗီတာမင် K ဓာတ်ကိုလည်း ကိုယ်ဝန်ဆောင်မိခင်များ ဦးစားပေးသင့်ပါသည်။ ဗီတာမင် K ဓာတ်ပါသော အစားအစာများမှာ ဥနှစ်အဝါရောင်၊ ပန်းစိမ်း၊ နံနံပင်၊ ဟင်းနုနယ်၊ ရွှေပဲ၊ ကြာစွယ်၊ ဆလပ်ရွက်၊ အမဲအသည်း၊ ခရမ်းရောင်ဂေါ်ဖီတို့ ဖြစ်ကြပါသည်။


ဖောလစ် အက်ဆစ်ဓာတ်

 ကိုယ်ဝန်ဆောင် မိခင်များအတွက် ဖောလစ်အက်ဆစ်ဓာတ်သည် အလိုအပ်ဆုံးဖြစ်ပါသည်။ ထို့ကြောင့် ဖောလစ်အက်ဆစ်ဓာတ်ကိုလည်း စားပေးရန် လိုမည်။ နေ့စဉ် စားပေးပါ။


Credit: China Newspaper (ရွှေပြည့်အိမ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18