Print

ကိုယ်ဝန်ဆောင် အယ်ထရာဆောင်း

  29-Nov-2017
Preview Image

၁။ ကိုယ်ဝန်ရှိတာ သေချာသိမယ် သန္ဓေကို ဖုံးထားတဲ့ အိတ်ကလေးကို ရက်သတ္တပတ် လေးပတ်ခွဲမှာ စမြင်ရပြီ။ သန္ဓေဟာ သားအိမ်ထဲမှာ ရှိနေတာ ဟုတ်၊ မဟုတ်လဲ သေချာသိနိုင်ပါတယ်။ 


၂။ ကိုယ်ဝန်ရှိတုန်း သွေးဆင်းရင် ပျက်လေမလား သိနိုင်တယ်။ ခြောက်ပတ် ခုနစ်ပတ်ဆိုရင် ကလေးနှလုံးခုန်သံကို သိနိုင်ပြီ။ ဒါဆို ၉၅ ရာခိုင်နှုန်းမက ကိုယ်ဝန်က ကောင်းတယ်။ 


၃။ ကိုယ်ဝန်ဘယ်လောက်ရင့်နေပြီလဲသိမယ်။ သန္ဓေသား အရွယ်အစားဟာ ရင့်လေကြီးလေဖြစ်တယ်။


၄။ သန္ဓေသားမှာ အင်္ဂါချို့ယွင်းတာ ရှိ၊ မရှိ သိဖို့၊ ကိုယ်ဝန် ၂၀ ပတ်မတိုင်ခင် စမ်းတာကောင်းတယ်။ ခေါင်းထဲက အရည်တွေများနေတာ၊ ဦးနှောက်မပါတာ၊ ဦးနှောက်မြှေးအိတ် ဖြစ်နေတာ၊ ခါးရိုးဆစ်ကနေ အာရုံကြော ကျွံထွက်နေတာတွေကို သိနိုင်တယ်။ နောက်ပေါ်ကိရိယာကနေ အာခေါင်ကွဲ၊ နှလုံးရောဂါ၊ စတာတွေပါ သိရစေတယ်။ 


၅။ အချင်းတည်နေရာကို သိရတာအလွန်မတန် အကျိုးများတယ်။ အချင်းရဲ့ အောက်ဖျားက ဘယ်နားမှာလဲ သိရင်ခွဲမွေးဖို့ မလွဲမသွေလိုတဲ့ အချက်ကြီးတစ်ခု ကြိုသိရပါတယ်။ အချင်းက အောက်ကျပြီး သားအိမ်အဝအနား ရောက်နေရင် ခွဲမွေးရမယ်။ ဒါ့အပြင် အချင်းရောဂါတွေကိုပါရှိရင် သိရတယ်။ ကိုယ်ဝန်နုတုန်းမှာ အချင်းက သားအိမ်ဝအတွင်းပေါက်နဲ့ ထိနေပေမယ့် ကိုယ်ဝန်ရင့်လာလို့ လွတ်သွားရင် ရိုးရိုးလမ်းကနေ မွေးလို့ရမယ်။ 


၆။ အမြွှာ ဟုတ်၊ မဟုတ်။


၇။ ရေမြွှာရည် အနည်း၊ အများ။


၈။ ဗိုက်ထဲမှာ ကလေးသေမနေတာသိမယ်။ ကလေးက ခေါင်းနဲ့မဟုတ်ဘဲ တင်ပါးဆုံပြုနေတာ၊ သားအိမ်ပုံမှန် ဟုတ်၊ မဟုတ်၊ သားအိမ်အလုံးရှိတာ၊ မျိုးဥအိမ်အလုံး ရှိတာတွေပါ သိနိုင်တယ်။


၉။ ကလေး ကျား၊ မ သိဖို့ အများဆုံး ၁၈ ပတ်ကနေ ၂၂ ပတ်မှာ ရိုက်တယ်။ တိကျဖို့ဆိုတာ အာလ်ထွာဆောင်းရိုက်ချိန် (ကလေးအသက်)၊ စက်အမျိုးအစား၊ ပညာရှင် အတွေ့အကြုံ၊ ကလေးရဲ့ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ အချက်တွေအပေါ် မူတည်တယ်။


Credit: ဒေါက်တာတင့်ဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18