Print

ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း

  15-Nov-2017
Preview Image

ကိုယ်ဝန်ဆောင်ဘဝ သွေးတိုးရောဂါဟာ မြန်မာနိုင်ငံမှာ သားဦးမိခင် ၁၀၀ မှာ ၁၀ ယောက်ဖြစ်တတ်သလို သားနှောင်းမိခင် ၁၀၀ မှာ နှစ်ယောက်မှငါးယောက်အထိဖြစ်တတ်တယ်။ 


ကို်ယ်ဝန်ဆောင်သွေးတိုးရောဂါနဲ့ အခြားပုံမှန်လူသားတစ်ဦးမှာ ဖြစ်တဲ့သွေးတိုးရောဂါတို့ဟာ ကုသပုံမတူညီပါ။ ပုံမှန်လူသားတစ်ဦးမှာ အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ မီလီမီတာပြဒါးနဲ့အထက် မည်သည့်အခြေအနေကို်မဆို သွေးတိုးခြင်းလို့ခေါ်တယ်။


ကိုယ်ဝန်ဆောင်အမျိုးသမီးမှာတော့ ကိုယ်ဝန်ဆောင်သွေးပေါင်တိုင်းလို်က်တိုင်း ၁၄၀/၉၀ မီလီမီတာပြဒါးထက်ကျော်တဲ့မည်သည့်အခြေအနေမှာမဆို သွေးတိုးသတ်မှတ်ရင် ယင်းသွေးတိုးမှာ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါဆိုလိုတယ်။


ကိုယ်ဝန်ဆောင်ဘဝမှာ အမျိုးသမီးများဟော်မုန်းများလာသလို ဆီးထဲမှာအနည်းငယ်ပါလာတာ တစ်ကိုယ်လုံးဖောရောင်လာတာတွေကနေ ကိုယ်ဝန်ဆိပ်တက်လာပါတယ်။ ကိုယ်ဝန်ဆောင်နဲ့သွေးတိုးရှိပြီဆိုရင် လနုစဉ်ရော၊ကို်ယ်ဝန်ဒုတိယကာလ၊ ကိုယ်ဝန်နောက်ဆုံးကာလမှာ ကိုယ်ဝန်ဆောင်ဗိုက်အပ်ဖို့လိုပါတယ်။ 


၁ - ကိုယ်ဝန်ဆောင်သွေးတိုးကာလမှာ ဦးနှောက်ရောင်နိုင်တယ်။ ဦးနှောက်သွေးကြောပြတ်နိုင်တယ်။ အသက်ဆုံးရှုံးနိုင်တယ်။ လေဖြတ်ပြီး တစ်သက်လုံးမသန််မစွမ်းဖြစ်စေတယ်။ 


၂ - သွေးတိုးသိပ်များလွန်းတဲ့အတွက် အဆုတ်မှာရေများလာပါမယ်။ အဆုတ်ရေမွန်းရောဂါပေါ့၊ သွေးတိုးကြောင့်နှလုံးရုတ်တရက်အလုပ်မလုပ်တော့တဲ့အတွက် ဆေးပညာအရ သွေးတိုးကြောင့်အဆုတ်မှာ ရေများလာရခြင်းပါပဲ။ သေဆုံးသွားနိုင်တယ်။


၃ - ကလေးတွေမှာ အာရ်ဒီအက်စ် (RDS – Respiratory Distress Syndrome) အသက်ရှုနှောင့်ယှက်မှုကြောင့် အသက်ရှုကျပ်၊ အသက်ရှုရခက်တဲ့အထိဖြစ်နိုင်တယ်။ လူကြီးအသက်ရှုရခက်တဲ့ရောဂါမျိုးပေါ့။


၄ - အသည်းအလုပ်မလုပ်နိုင်တော့ဘဲ အသည်းအလုပ်မလုပ်ခြင်း liver failure ဖြစ်ကာအားနည်းခြင်းဖြစ်သည်။သွေးလှည့်ပတ်စီးဆင်းကာ ချို့ယွင်းတာတို့၊ ကျောက်ကပ်အလုပ်မလုပ်တာတို့ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်အလုပ်မလုပ်နိုင်ရင် ကျောက်ကပ်ပျက်စီးခြင်း ( Renal Failure) ဖြစ်ကာသေဆုံးနိုင်တယ်။


၅ - ပြင်းထန်တဲ့သွေးတိုးဟာ ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းတွေအားလုံးနဲ့ အလုပ်လုပ်နေတဲ့ စနစ်တွေအားလုံးကို ပျက်ယွင်းသွားစေပါတယ်။ သွေးမှာပါတဲ့ ၀တ္ထုပစ္စည်းတွေ သွေးခဲစေတတ်တဲ့ဓာတ်ပစ္စည်းတွေ၊ သွေးမှာပါတဲ့ အခြေခံသွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားအစရှိတာတွေ ယောက်ယပ်ခက်ပြီး သွေးမခဲတဲ့ရောဂါဖြစ်လာတယ်။ တစ်ကိုယ်လုံးအရေပြားအောက်မှာ သွေးဖြူဥတွေဥမယ်။ သွေးကြောငယ်လေးတွေကနေ သွေးတွေစိမ့်ထွက်မယ်။ နှာခေါင်းသွေးယိုမယ်၊ သွားဖုံးသွေးထွက်မယ်၊ အစာအိမ်တို့၊ အူလမ်းကြောင်းတို့ကနေ သွေးထွက်မယ်။ အတိုကောက် DIC သွေးမခဲရောဂါလို့ခေါ်တယ်။ DIC – Disseminated Intravascular Clotting တစ်ကိုယ်လုံးက သွေးခဲတဲ့စနစ်ပျက်စီးကာ သွေးယိုစိမ့်တဲ့ရောဂါဖြစ်တယ်။ 


၆ - သွေးတိုးရောဂါအရှိန်တက်လာလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ကျောက်ကပ်ပျက်စီးတယ်။ အသည်းချို့ယွင်းတယ်။ အသည်းမှာမလိုလားအပ်တဲ့ အင်ဇိုင်းဓာတုပစ္စည်းတွေ အများကြီးတက်လာပြီး (Help syndrome) ဖြစ်လာတယ်။ ကိုယ်ဝန်ဆောင် နောက်ဆက်တွဲဆိုးရွားလာတဲ့အန္တရာယ်ပဲ ဖြစ်တယ်။ ကိုယ်ဝန်ဆောင်ကိုလှဲအိပ်ခိုင်းပြီး သွေးပေါင်တိုင်းတာမျိုးမလုပ်ရဘူး။ ကိုယ်ဝန်ဆောင်ကို လှဲအိပ်ခိုင်းလိုက်တဲ့အခါ ကိုယ်ဝန်ဆောင်ရဲ့ကလေးကရှိနေတဲ့သားအိမ်ကြီးက သွေးပြန်ကြောကြီးကို သွားဖိမိတယ်။ နှလုံးကိုပြန်ဝင်တဲ့သွေးနည်းသွားတဲ့အခါ သွေးတိုးကကျနေတတ်လို့ အခြေအနေမှန်မသိရဘူး ဖြစ်နေတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအနေနဲ့ စောစောစီးစီးကိုယ်ဝန်အပ်ရမယ်။ ကိုယ်ဝန်ဆိပ်တက်နာဖြစ်ဖို့ အလားအလာရှိတဲ့အမျိုးသမီးတွေရှိကြပါတယ်။


၁ - နဂိုကတည်းက ဗီဇအရ မိဘမျိုးရိုးသွေးတိုးရောဂါရှိတဲ့အမျိုးသမီးတွေ၊


၂ - အကြောင်းအမျိုးမျိုးကြောင့် သွေးတိုးရောဂါဖြစ်နေတဲ့အမျိုးသမီးတွေ၊ အထူးသဖြင့် ကျောက်ကပ်ရောဂါကြောင့် အဖြစ်များတယ်။ တခြားကိုယ်တွင်းအကျိတ်ဂလင်း (Endocrine) ချို့ယွင်းချက်ကြောင့် သွေးတိုးရောဂါဖြစ်တဲ့ အမျိုးသမီးတွေ၊


၃ - အရင်ကိုယ်ဝန်မှာတုန်းက သွေးတိုးရှိတယ်။ ကိုယ်ဝန်ဆောင်စဉ်မှ ကိုယ်ဝန်ဆိပ်တက်ခဲ့တယ်။ ဒုတိယကိုယ်ဝန်မှာ ပိုတက်လာဖို့များတယ်၊ 


၄ - သားဦးကိုယ်ဝန်ဆောင်ထားတဲ့အမျိုးသမီးတွေ၊


၅ - ကလေးငါးယောက်နဲ့ အထက်ကိုယ်ဝန်ရှိနေချိန်မှာ သွေးတိုးကတက်လာနိုင်တဲ့အတွက် အန္တရာယ်များတဲ့အုပ်စုအနေနဲ့ ပိုပြီးဂရုစိုက်သင့်တယ်။

မိခင်လောင်းဟာ အသက်၁၈နှစ်၊ သားဦးကိုယ်ဝန်ရှိရင် ပိုပြီးသတိထားရတယ်။ အသက်အန္တရာယ်ကြီးတဲ့မိခင်စာရင်းမှာပါလို့ပါ။ ယင်းလူနာတွေရိုးရိုးဆေးရုံမှာမတက်သင့်ပါဘူး။ သားဖွားမီးယပ် အထူးကုရှိတဲ့ ဆေးရုံမှာပြဖို့လိုပါမယ်။ ခွဲစိတ်မွေးဖွားဖို့လိုမယ်။


ကိုယ်ဝန်ရှိလာရင် တတ်ကျွမ်းနားလည်တဲ့ဆရာမ၊ ဆရာဝန်သို့မဟုတ် ဒေသန္တရဆီ စောစောစီးစီးသွားပြသရမှာဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့၊ ပါရဂူညွှန်ကြားတဲ့ဆေးဝါးတွေသောက်သုံးရပါမယ်။


သွေးတိုးရာဇဝင်ရှိတဲ့ အမျိုးသမီးတွေကိုယ်ဝန်ဆောင်ပါက သတိထားဖို့လိုအပ်ပြီး ဒေသန္တရကို တစ်ပတ်တစ်ခါ သို့မဟုတ် နှစ်ခါ ခေါ်ဆိုတဲ့အကြိမ်ရေတိုင်း သွားရောက်ပြသသင့်ပါတယ်။ သွေးတိုးရောဂါရှင်လူနာတွေအနေနဲ့ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တွေနဲ့ အလှမ်းဝေးဝေးနေဖို့မသင့်ဘဲ သွေးပေါင်ချိန်တက်ပြီး ခံစားရပါက၊ တစ်ကို်ယ်လုံးဖောရောင်ပါက၊ ခေါင်းမူးခေါင်းထိုးပါက၊ ဆီးနည်းသွားပါက မိသားစုဆရာဝန်နဲ့ပြသဖို့ လိုအပ်မှာဖြစ်ပါတယ်။


ကိုယ်ဝန်ဆောင်သွေးတိုးကုသဆေးဟာ လူ့အသက်နဲ့ဆက်နွယ်လို့ လူတစ်ဦးချင်းစီ ကုသရတဲ့သွေးတိုးကျဆေးနဲ့ အနည်းငယ်ကွဲလွဲနိုင်ပါတယ်။ ပုံမှန်သွေးပေါင်ချိန်ခြင်း၊ ပုံမှန်ဆေးသောက်ခြင်းအပြင် ငန်တဲ့အစားအစာတွေဖြစ်တဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အချိုမှုန့်၊ ကြက်သားမှုန့်တို့ကို ရှောင်ရှားဖို့လိုအပ်လှပါတယ်။


အချို့ကအငန်မစားဘူးဆိုပြီး အရပ်ထဲအချိုမှုန့်များတဲ့မုန့်ဟင်းခါးဝယ်စားနေသူတွေဟာ သွေးတိုးရောဂါနဲ့မကိုက်ပါဘူး။ ရှောင်ကြဉ်ရပါမယ်။ ကိုယ်ဝန်ရှိစဉ် သွေးတိုးတဲ့အခါ နဂိုကဆေးတစ်မျိုး၊ သွေးထိန်းဆေးတစ်မျိုးသောက်နေရာကနေ သုံးလုံးအထိသောက်ကြရပါမယ်။ မွေးရာပါသွေးတိုးရောဂါဆိုရင် ဆေးပမာဏပိုပြီးသောက်ကြရပါတယ်။ ကိုယ်ဝန်ဆောင်ကာလ၊ သွေးတိုးရောဂါကို ရှောင်ရှားနိုင်ခြင်းဖြင့် အသက်အန္တရာယ်ကင်းတဲ့ မီးဖွားခြင်းကို ရယူနိုင်မှာပဲဖြစ်ပါတယ်။


Dr.Oliver

Credit:ဒေါက်တာလွင်သန့်/ AROGYAM HEALTH MAGAZINE



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18