Print

ကိုယ်ဝန်ဆောင်သည် ကိုယ်ဝန်စောင့်ရှောက်ခြင်း

  25-Oct-2017
Preview Image


ကိုယ်ဝန်စောင့်ရှောက်ခြင်း (Pre.natal care)

 ကိုယ်ဝန်စောင့်ရှောက်ခြင်းဆိုတာက ဆရာဝန်၊ သူနာပြု (သို့) သားဖွားဆရာမက သင့်ကို လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက် ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းက သင်ရော သင့်ရင်သွေးရဲ့ ကျန်းမာရေးကိုပါ ကူညီပေးပါတယ်။ 

ကိုယ်ဝန်စောင့်ရှောက်ခြင်းက ဘာကြောင့်အရေးကြီးလဲ

 သင့်ဆရာဝန်၊ သူနာပြု (သို့) သားဖွားဆရာမက သင့်ဗိုက်ထဲက ရင်သွေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို စောင့်ကြည့်ပေးပြီး ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒီလို ပုံမှန်စမ်းသပ်မှုတွေကြောင့် သင့်မှာရှိတဲ့ ကိုယ်ဝန်ဆောင်စဉ် အခက်အခဲတွေကို အဆင်ပြေစေပြီး သင့်ကိုယ်ဝန်နှင့် သင့်ရင်သွေးအတွက် သိလိုသမျှ မေးခွန်းတွေကို မေးမြန်းနိုင်မှာဖြစ်ပါတယ်။ 


ဘယ်အချိန်ကစပြီး ကိုယ်ဝန်စောင့်ရှောက်မှု ခံယူသင့်ပါသလဲ။

 သင်ကိုယ်ဝန်ရှိပြီလို့ စသိတာနဲ့ သိသိချင်း ကိုယ်ဝန်စောင့်ရှောက်မှု ခံယူသင့်ပါတယ်။ တကယ်ကောင်းတာကတော့ ကိုယ်ဝန်မရှိခင်ကတည်းက စပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါကိုတော့ ကိုယ်ဝန်မဆောင်မီ စောင့်ရှောက်မှုခံယူခြင်း (pre-pregnancy care) လို့ ခေါ်ပါတယ်။ အဲလိုမဖြစ်နိုင်ရင်တော့ ခုနကပြောသလို ကိုယ်ဝန်ရှိမှန်းသိသိချင်းကို စောင့်ရှောက်မှု ခံယူသင့်ပါတယ်။ 


ကိုယ်ဝန်စောင့်ရှောက်မှုက ဘယ်နှစ်လတစ်ခါ ခံယူရမှာလဲ။

 ဒါကတော သင့်ကိုယ်ဝန် ဘယ်လောက်ရှိနေပြီ၊ သင့်မှာ နောက်ဆက်တွဲ ရောဂါဖြစ်ဖို့ ဘာစိုးရိမ်စရာ အနေအထားတွေ ရှိတယ်ဆိုတဲ့အပေါ် မူတည်ပြီး စောင့်ရှောက်မှု ခံယူရမှာဖြစ်ပါတယ်။ ပုံမှန်ကျန်းမာရေး ပြဿနာမရှိတဲ့ အသက် ၁၈-၃၅ နှစ်အထိ ကိုယ်ဝန်ဆောင်တွေအတွက် အချိန်စာရင်းကတော့ -

• ကိုယ်ဝန်ပထမ (၃၂) ပတ်အတွင်းကို ၄ ပတ် (သို့) ၆ ပတ်တစ်ကြိမ်

• ၃၂ ပတ်မှ ၃၇ ပတ်အတွင်းကို ၂ ပတ် (သို့) ၆ ပတ်တစ်ကြိမ်

• ၃၇ ပတ်မှ မွေးဖွားမည့်အထိ အပတ်စဉ် စောင့်ရှောက်မှုခံယူရန် ပြသသင့်ပါတယ်။ 


အကယ်၍ သင့်မှာ စိုးရိမ်ရတဲ့ အန္တရာယ်ရှိရင်တော့ ဆရာဝန်က စမ်းသပ်ဖို့အတွက် မကြာခဏ ရက်ချိန်ပေးပါလိမ့်မယ်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18