Print

စပျစ်သီးသန္ဓေတည်ခြင်း

  18-Oct-2017
Preview Image


စပျစ်သီးသန္ဓေသည် သားအိမ်အတွင်းမှ ကင်ဆာမဟုတ်သော အကျိတ်ဖြစ်ပါတယ်။ မမျိုးဥသည် မျိုးအောင်ပြီးသော အခါ ပုံမှန်သန္ဓေတည်ရမည့်အစား အချင်းမှစပျစ်သီးကဲ့သို့ အိ်တ်ကလေးများ ဖွံ့ဖြိုးလာပါသည်။ ကိုယ်ဝန်ဆောင်သည် ၁၀၀၀ တွင် ၁ ယောက်သည် စပျစ်သီသန္ဓေတည်ခြင်း ဖြစ်တတ်ပါသည်။


ရောဂါလက္ခဏာများ

• ကိုယ်ဝန်ဆောင် အစောပိုင်းကာလတွင် ညိုပုပ်ရောင် သွေးများဆင်းခြင်း၊

• ပြင်းထန်သော ပျို့ခြင်း၊ အန်ခြင်း၊

• တစ်ခါတစ်ရံ စပျစ်သီးကဲ့သို့ အိတ်ကလေးများဆင်းခြင်း၊

• သားအိမ်သည် ရှိသင့်သော ကိုယ်ဝန်ဆောင်အဆင့်ထက် ပိုကြီးနေခြင်း၊

• သွေးတိုးခြင်း

• ကိုယ်ဝန်ဆိပ်တက်ခြင်း

• သွေးအားနည်းခြင်း၊

• သိုင်းရွိုက်ဂလင်း ပိုမိုအလုပ်လုပ်ခြင်း


ရောဂါဖြစ်နိုင်ခြေရှိသူများ

• ကိုယ်ဝန်ဆောင် မိခင် အသက် ၃၅ နှစ်အထက် (သို့) အသက် ၂၀ အောက်၊

• စပျစ်သီးသန္ဓေဖြစ်ခဲ့ဖူးသော ကိုယ်ဝန်ဆောင်သည်များ၊


နောက်ဆက်တွဲဆိုးကျိုးများ

• စပျစ်သီးသန္ဓေကို ဖယ်ရှားပြီးသော်လည်း သားအိမ်အတွင်း ရောဂါဖြစ်စေသော တစ်ရှူး (tissue) များ ကျန်နေနိုင်ခြင်း၊

• သားအိမ်၏ အသားအတွင်းသို့ ရောဂါပျံ့နှံ့သွားနိုင်ခြင်း၊

• ကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ခြင်း၊( ဖြစ်နိုင်ခြေနည်း)


ကုသခြင်း

• သားအိမ်ခြစ်ခြင်း၊

• သားအိမ်ထုတ်ပစ်ရခြင်း၊

• ဆေးသွင်းကုသခြင်း၊


Ref: Mayo Clinic

Translated by Dr. STH




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18