Print

ရင်သား ကျန်းမာစေရန် လုပ်ဆောင်သင့်သော နည်းလမ်းများ

  24-Feb-2017
Preview Image

ရင်သား လှပစေပြီး ရင်သားနှင့် ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ ကင်းဝေးစေ ဖို့ အောက်ပါ နည်းလမ်းတွေက သင့်ကို ကူညီပါလိမ့်မယ်။ 

 

၁။ ကိုယ်အလေးချိန်ကို ထိန်းပါ

တစ်ခါတလေ ရင်သားကြီးတာက သင့်ခန္ဓာကိုယ် အဝလွန်နေရင်လည်း ဖြစ်တတ် ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ် အလေးချိန်ကို ပုံမှန် စစ်ဆေးပြီး ဝိတ် တက်မလာအောင် ထိန်းသိမ်းပေးပါ။

 

၂။ ရင်သားကို စစ်ဆေးပါ

ရင်သား နာကျင်မှု ဖြစ်တိုင်း သင့်ခန္ဓာကိုယ်ထဲက ဟော်မုန်းအဆင့်ကို စစ်ဆေးဖို့ အတွက် ဆရာဝန်နဲ့ တိုင်ပင်ပါ။ မရှက်ပါနဲ့။

 

၃။ ညီမျှသော အာဟာရ 

ကျန်းမာရေးနှင့် ညီညွတ်တဲ့ အာဟာရ ဖြစ်စေဖို့အတွက် ပရိုတင်း ကြွယ်ဝတဲ့ အစားအစာ၊ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝတာ၊ ဗီတာမင်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မှီဝဲဖို့ လိုပါတယ်။ အသားငါး၊ ဆန်၊ ဂျုံနဲ့ အသီးအနှံတွေကို မှီဝဲပါ။

 

၄။ ရှောင်ပါ

ငန်လွန်း၊ အဆီများလွန်း၊ သကြားများလွန်းတဲ့ အစားအစာတွေက သင့်ခန္ဓာကိုယ် အတွက်ရော သင့် ရင်သားအတွက်ပါ မကောင်းပါဘူး။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေကြောင့် သင့်ရင်သားကို ထိခိုက်စေနိုင်ပါတယ်။

 

၅။ သဘာဝကိုသာမှီဝဲပါ

ပရိုတင်း၊ ကောက်နှံ၊ အသီးအနှံတွေကို မှီဝဲပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကိုသာ စားသုံးပါ။ အဆီ ထုတ်ထားတဲ့ နို့နဲ ့ နို ့ထွက်ပစ္စည်းတွေကို မှီဝဲပါ။

 

၆။ စားသင့်သောပမာဏ

လှပတဲ့ ရင်သားနှင့်ကျန်းမာတဲ့ ရင်သားတစ်စုံအတွက် အစားအစာတွေကို နည်းနည်းနဲ့ မကြာခဏ ဆိုသလို စားပေးဖို့ လိုပါတယ်။ ဒါမှသာ ကောင်းမွန်တဲ့ အစားအစာနည်း ပုံစံ ဖြစ်စေမှာပါ။

 

၇။ အတွင်းခံကို သေချာစိစစ်ပါ

အတွင်းခံ အကျင်္ီ ဝယ်မယ်ဆိုရင် သင့်ရင်သားကို အကောင်းဆုံး ထောက်ပ့ံပေးနိုင်ပြီး နာကျင်မှု၊ ကျပ်တောက်မှု၊ သက်သောင့်သက်သာ မရှိမှုတွေ ကင်းဝေးတာမျိုးကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သဲသဲဦး
Arogyam magazine, February 2016, No.283, Pg.92-93


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18