Print

ကိုယ်ဝန်ဆောင်နှင့် ဆီးမထိန်းနိုင်ခြင်း

  24-Feb-2017
Preview Image

ကိုယ်ဝန်ဆောင်ကာလမှာ ကြုံတွေ့နိုင်တဲ့ ဆီးမထိန်းနိုင်ခြင်း ပြဿနာဟာ ကြီးထွား လာတဲ့ သန္ဓေသားကြောင့် သားအိမ်က ဆီးအိမ်ပေါ် ဖိမိပြီး ဆီးအိမ်မှာရှိတဲ့ ဆီးထိန်းကွင်း ကြွက်သား (Sphintcer muscles) အလုပ် မလုပ်နိုင်တော့ဘဲ ဆီးမထိန်းနိုင် ဖြစ် လာပါတယ်။ နဂို မူလ ကိုယ်ဝန် မဆောင်မီကတည်းက ဆီးမကြာခဏ သွားတတ်သော (OAB) မိန်းကလေးတွေမှာဆိုရင် ပိုပြီး ဆီးမထိန်းနိုင် ဖြစ်တတ်ပါတယ်။ 

 

ဆီး မထိန်းနိုင်ခြင်း ပြဿနာဟာ ကလေးမွေးဖွားပြီး အချိန်မှာလည်း တင်ပါးဆုံရိုးကွင်း ကြွက်သားတွေ အားနည်းတာကြောင့်လည်း ဆီးမထိန်းနိုင် ဖြစ်တတ်ပါတယ်။ အခြားသော ဆီးမထိန်းနိုင်ခြင်း ပြဿနာကို ဖြစ်စေတဲ့ အကြောင်းတွေကတော့ …

 

(၁) ဆီးအိမ်ကို ထိန်းချုပ်တဲ့ အာရုံကြောများ ပျက်စီးခြင်း။

(၂) ဆီးထွက်ပြွန်နှင့် ဆီးအိမ်များ ရွေ့လျားခြင်း။

(၃) ကလေးမွေးချိန်မှာ တင်ပါးဆုံရိုးကွင်း ကြွက်သား တစ်စုံတစ်ရာ ထိခိုက်သွားမိခြင်း တို့ကြောင့် ဆီးမထိန်းနိုင် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ACEI သွေးတိုးကျဆေးများ၊ ဆီးရွှင်ဆေး (Diuretics)၊ စိတ်ကျရောဂါကု ဆေးများ၊ ဟော်မုန်းဆေးနဲ့ အိပ်ဆေး များကြောင့်လည်း ဆီးမထိန်းနိုင်ဖြစ်တတ်ပါတယ်။

 

ဆီးမထိန်းနိုင်ခြင်းကို ဖြေရှင်းနည်း
ဆီးမနိုင်ခြင်း ပြဿနာကို ဖြေရှင်းရာမှာ အကောင်းဆုံးနည်းကတော့ ဆီးသွားတာကို ကျင့်ပေးတာပဲ။ ဆီးသွားတဲ့အခါ အချိန်ကွာဟချက် သတ်မှတ်ထားပြီး မိနစ် ၉၀ (တစ်နာရီခွဲ) ကြာမှ တစ်ကြိမ် ဆီးသွားတာမျိုး သတ်မှတ်ထားသင့်ပါတယ်။ 

 

ဆီးသွားတဲ့အခါမှာလည်း မြန်မြန်လောလော မသွားဘဲ ဆီးကုန်သည်အထိ ဆီးဝအောင့် သွားသင့်ပါတယ်။ နောက်ပြီး တင်ပါးဆုံရိုးကွင်း ကြွက်သား ထိန်းချုပ်နိုင်စွမ်း အားကောင်းစေဖို့ ကီဂယ်လ် (Kegal) လေ့ကျင့်ခန်းကို လေ့ကျင့်ပေးနိုင်ပါတယ်။ 

 

ဒီလေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန် လေ့ကျင့်ပေးမယ်ဆိုရင် တင်ပါးဆုံရိုးကွင်း ကြွက်သားတွေကို သန်မာစေပြီး ဆီးထွက်ပြွန်နဲ့ Sphincter muscle ကို အားကောင်းစေ ပါတယ်။ ကီဂယ်လ် လေ့ကျင့်ခန်းကို တစ်ခါလုပ်ရင်(၁၀) ကြိမ်ခန့် လုပ်ပေးပြီး နေ့စဉ် နေ့တိုင်း မိမိတတ်နိုင်သမျှ လုပ်ပေးနိုင်ပါတယ်။ ကီဂယ်လ် လေ့ကျင့်ခန်း နေ့စဉ်ပုံမှန် လုပ်ပေးရင် ရက်သတ္တပတ် ၄ ပတ်မှ ၆ ပတ်ကြာတဲ့အခါ သိသိသာသာ ဆီးထိန်းနိုင်တာကို တွေ့ရ လိမ့်မယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Sheri (U.O.N,Ygn)
Ziwaka magazine, November 2015, Pg.90


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18