Print

ကိုယ်ဝန်ဆောင်ကာလ အဆက်မပြတ် သွေးဆင်းခြင်းရဲ့ အကြောင်းအရင်းများ

  24-Feb-2017
Preview Image

ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ သွေးတစ်စက်ချင်း ဆင်းတာမဟုတ် ဘဲ သွေးအတုံးလိုက် အခဲလိုက် ပမာဏနည်းနည်းများများ ဆင်းတာက အောက်ပါ အချက်များကြောင့် ဖြစ်တတ်ပါတယ်။ 

 

- ကိုယ်ဝန်အစောပိုင်းကာလ အမျိုးသားနှင့် အတူနေခြင်း

 

- ပိုးဝင်ကူးစက်ခံရခြင်း

 

- ဟော်မုန်းပြောင်းလဲခြင်း

 

- သားအိမ်ပြင်ပ ကိုယ်ဝန်တွယ်ခြင်း၊ သားအိမ်တွင်းမှာ မဟုတ်ဘဲ သားဥပြွန်၊ ဝမ်းတွင်းခေါင်းနှင့် အူလမ်းကြောင်း အစရှိတဲ့ သားအိမ်ပြင်ပနေရာတွေမှာ သန္ဓေသားတွယ်ကပ် ကြီးထွားလာတဲ့အခါမှာလည်း မိန်းမကိုယ်မှ သွေးဆင်းတတ်ပါတယ်။ ဝမ်းဗိုက်ပိုင်းနှင့် ခါးအောက်ပိုင်း ဆီးစပ်တွေ တောင့်တင်းကိုက်ခဲခြင်းတွေ ခံစားရတတ်ပါတယ်။ 

 

- Molar Pregnancy လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်အယောက် ၇၀၀ မှာ တစ်ယောက် သာ ဖြစ်နိုင်သော မြန်မာအခေါ် စပျစ်သီးသန္ဓေတည်ခြင်း။

 

- အချင်းကွာကျခြင်း၊ သန္ဓေသား အနေအထားမမှန်တာ၊ အချင်းတွယ်ကပ်မှု မမြဲတာတွေကြောင့် အချင်းကွာကျခြင်း။

 

- အချင်းအောက်ကျခြင်း၊ မိခင်နှင့် သန္ဓေသားကို ဆက်သွယ်ထားတဲ့အချင်းဟာ သားအိမ် အထက်ပိုင်းမှာ မဟုတ်ဘဲ သားအိမ်အောက်ပိုင်းမှာ တွယ်ကပ်နေရာယူနေရင်လည်း မိန်းမကိုယ်မှ သွေးဆင်းတတ်ပါသေးတယ်။ ဒီလိုလက္ခဏာတွေကြောင့် မိန်းမကိုယ် က သွေးဆင်းရင်တော့ ပေါ့ဆမနေသင့်ဘဲ အချိန်မီ ကျန်းမာရေးဌာန၊ ဆေးရုံ ဆေးခန်းတွေဆီ အရောက်သွားကာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Sheri (U.N.O, Ygn)
Ziwaka magazine, December 2015, Pg 110


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18