Print

ရင်သားနာတာကို ဘယ်လိုဖြေရှင်းမလဲ

  24-Feb-2017
Preview Image

ရင်သားနာကျင်တာကို သက်တမ်းတလျှောက်လုံးမှာ မိန်းကလေး သုံးယောက် မှာ နှစ်ယောက်လောက် ခံစားဖူးကြပါတယ်။ တချို့ဆို အထိမခံနိုင်တာ၊ လမ်းလျှောက်လို့ ရင်သားလှုပ်သွားရင်တောင် နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ ရင်သားနာကျင်တာကို ရာသီစက်ဝန်းနီးချိန်မျိုးမှာ ခံစားရတတ်သလို၊ တခြားအကြောင်းတွေကြောင့်လည်း နာကျင်တာကို ခံစားရတတ်ပါတယ်။

 

ရင်သားနာကျင်ခြင်းဖြစ်စေသောအကြောင်းများ -

- ရာသီလာခြင်း
- မိန်းကလေးများအရွယ်ရောက်လာချိန်၊ ယောကျ်ားလေးများလည်း ဖြစ်နိုင်
- နို့ချိုတိုက်ကျွေးချိန်
- မီးယပ်သွေးဆုံးခါနီးအချိန်

 

တခြားအကြောင်းများ -

- ရင်သားရောင်ရမ်းခြင်း
- ပြင်းအားဖြင့် ဖိမိခြင်း
- ရင်သားတွင် အနာဖြစ်ခြင်း
- ထိခိုက်မိခြင်း
- အကျိတ်ရှိခြင်း

 

ရင်သာနာကျင်မှုကို သက်သာစေသော အိမ်တွင်းနည်းလမ်းများ
ပဲနို့သောက်ပါ၊ ချယ်ရီသီးစားပါ၊ ဂေါ်ဖီထုပ်အရွက်ကပ်ပါ ဂေါ်ဖီထုပ်ရဲ့ အရွက်တွေ ကို ဖဲ့ပြီးရင်သားပေါ်မှာအုပ်ပေးပါ။ အပေါ်ကအဝတ်စနှင့် ဖုံးအုပ်ထားပေးပါ။ ဆားလျှော့ စားပါ ရေနွေးကပ်ပေးပါ ရေခဲကပ်ပေးပါ ရေခဲကို အဝတ်စသန့်သန်နှင့်ထုပ်ပြီး ရင်သားကို ကပ်ပေးပါ။ မစားပါနဲ့ ရေခဲမုန့်၊ ချောကလက်၊ အချိုရည် စတာတွေကြောင့် သောက်သုံးမှု ကို လျှော့ချသင့်ပါတယ်။ ဗီတာမင် E ဖြည့်စွတ်ပါ။ ကိုယ်အလေးချိန်လျှော့ချပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အလင်း (ဆေးဝါး)
Good Health Journal


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18