Print

ဖြစ်လေ့ဖြစ်ထရှိတဲ့ ဓမ္မတာ နောက်ကျရခြင်း အကြောင်းရင်း (၅) ချက်

  24-Feb-2017
Preview Image

မကြာခင်မှာ မိခင်ဖြစ်ဖို့ အစီအစဉ် မရှိသေးတဲ့ အမျိုးသမီးများအတွက် ဓမ္မတာ နောက်ကျခြင်းက ကြောက်စရာ အကောင်းဆုံး အတွေ့အကြုံတစ်ခု ဖြစ်စေနိုင် ပါတယ်။ အမှန်တော့ ပုံမှန် အကြောင်း အရာတွေ ကြောင့်လည်း နောက်ကျလေ့ ရှိတတ် ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိတယ်လို့ တထစ်ချ ယူဆလို့မရပါဘူး ။ ရာသီနောက်ကျခြင်း အကြောင်းအရင်းတွေကို ပြောပြရရင်ဖြင့်

 

၁။ ရာသီစက်ဝန်းက တစ်လနဲ့တစ်လ မတူပါဘူး

ဒီလမှာ ရာသီစက်ဝန်းက ၂၄ ရက်ကြာပေမဲ့ နောက်တစ်လမှာ ၃၂ ရက်ကြာတတ် တာလည်း ရှိပါတယ်။ ရာသီသွေးလာမယ်လို့ ထင်တဲ့ရက်မှာ မလာရတဲ့အကြောင်းရင်း ကတော့ ရာသီစက်ဝန်းတစ်ပတ် မပြည့်သေးလို့ဖြစ်ပါတယ်။

 

၂။ စိတ်ဖိစီးမှုကြောင့် သားဥကြွေချိန် ပုံမှန်ထက် နောက်ကျတတ်ပါတယ်

အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် သားအိမ်အတွင်းမှ သားဥတစ်လုံးက အချိန်တန်တဲ့အခါမှာ ထုတ်ပေးလေ့ ရှိပါတယ်။ ကိုယ့်မှာ စိုးရိမ်ပူပန်စရာ ၊စိတ်ညစ်စရာ တစ်ခုခု ကြုံရတဲ့အခါ ခန္ဓာကိုယ်က ကိုယ်ဝန်ဆောင်နိုင်မယ့် စိတ်ခံစားမှု အသင့်ဖြစ်မယ့် အချိန်ကိုစောင့်လေ့ရှိတဲ့ အတွက် ပုံမှန်ထက်နောက်ကျရခြင်း ဖြစ်ပါတယ်။

 

၃။ နေမကောင်းဖြစ်တာ ၊ထိခိုက်ဒဏ်ရာရတာကြောင့်လည်း နောက်ကျတတ်ပါတယ်

ခန္ဓာကိုယ် မကျန်းမာတဲ့အခါ ကိုယ်ဝန်ဆောင်နိုင်မှာ မဟုတ်တဲ့အတွက် ပြန်လည် ကျန်းမာလာတဲ့ အထိစောင့်ပြီးမှ သားဥကြွေတတ်ပါတယ်။ဒါကြောင့် ရာသီသွေး နောက် ကျတာ ၊ ရပ်ဆိုင်းသွားတာ ဖြစ်နိုင်ပါတယ် ။

 

၄။ အာဟာရ မပြည့်ဝတာ ၊ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်တာကြောင့် နောက်ကျ တတ်ပါတယ်

ဒါတွေကလည်း ကျန်းမာရေုးကို ထိခိုက်စေတဲ့ အတွက် ခန္ဓာကိုယ် ကျန်းမာလာပြီလို့် မခံစားရသရွေ့ သားဥမကြွေတဲ့အတွက် ရာသီနောက်ကျတာ၊မူမမှန်တာ ၊ပျောက်သွား တာတွေ ဖြစ်တတ်ပါတယ်။

 

၅။ ဆေးဝါးများသောက်သုံးရခြင်း

အခြားရောဂါတစ်ခုခုကြောင့် သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်လည်း နောက်ကျ တတ်ပါတယ် ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Trend Myanmar 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18