Print

ကျန်းမာရေးအတွက် အယူအဆများ ပြောင်းလဲရန်လိုအပ်ခြင်း

  24-Feb-2017
Preview Image

ကိုယ်ဝန်ဆောင်စဉ်အတွင်း၊ ကလေးနှင့်မိခင်နှစ်ယောက် အာဟာရပြည့်ဝစွာ စားသုံးရန် လိုအပ်သော်လည်း ကလေးကြီးထွားလျှင် မွေးဖွားရန် ခက်ခဲမည်ကို ကြောက်ရွံ့၍ အာဟာရကို ပြည့်ဝစွာ စားသုံးခြင်းမပြုသည့် အယူအဆကို ပြောင်းလဲရန် လိုအပ်ပါတယ်။ မွေးဖွားလာပြီးနောက် နို့တိုက်မိခင်အနေနဲ့ အစားအစာကို သေချာစွာ မစားသုံးဘဲ အစားရှောင်ခြင်း၊ အသားရှောင်ခြင်းစသော အယူအဆများကြောင့် ကလေးတွင် ဘယ်ရီဘယ်ရီခေါ်ရောဂါဖြစ်ပြီး၊ အသက်န္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိခင်နို့တိုက်စဉ် အစားရှောင်ခြင်းစတဲ့ အယူအဆကို ပြောင်းလဲရန် လိုအပ်ပါတယ်။

 

မိခင်နို့တိုက်ကျွေးခြင်းကို မွေးကင်းစမှ အသက် ၆ လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းကို ပညာပေးဆောင်ရွက်လျက်ရှိသော်လည်း အခြားနို့များ တိုက်ကျွေးခြင်းဖြင့် သန့်ရှင်းစွာ နို့တိုက်ကျွေးခြင်း မပြု ကြသဖြင့် ကလေးတွင် ဝမ်းပျက် ဝမ်းလျှောရောဂါ ခဏခဏဖြစ်ပြီး၊ အာဟာရချို့တဲ့တဲ့အထိ ဖြစ်သွားတတ်ကြပါတယ်။ ဒါကြောင့် အလုပ်မလုပ်တဲ့ မိခင်များကို မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးပြီး အလုပ်လုပ်တဲ့ မိခင်များကို အလုပ်သွားစဉ်အတွင်း စနစ်တကျ သန့်ရှင်းစွာ နို့တိုက်နည်းကို သင်ကြားပေး ရန် လိုအပ်ပါတယ်။

 

မိခင်တစ်ယောက်အတွက် မိမိရဲ့ ကလေးကို နို့တိုက်ကျွေးရာတွင် ယုံကြည်မှုရှိရန် လိုအပ်ပါတယ်။ မွေးဖွားပြီးနောက် ပထမရက်များတွင် နို့ထွက်နည်းတတ်သည်ကို အချိန်မစောင့်ဘဲ ကလေးနို့မဝနိုင်ဟု နို့တိုက်လိုစိတ်ဖြင့် အခြားနို့များကို နို့ဘူး တိုက်ကျွေး သဖြင့် မိမိနို့ထွက်နှုန်းကျဆင်းပြီး ကလေးအနေနှင့်လည်း လွယ်ကူစွာ စုပ်ယူနိုင်သောနို့သီးခေါင်းကို သဘောကျသဖြင့် မိခင်နို့ကိုစို့ရန် အားမထုတ်ဘဲ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကလေးကို မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရန် ဆန္ဒရှိသူမိခင်များအနေနှင့် နို့ဘူးတိုက်ကျွေးခြင်း မပြုရန် လိုအပ်ပါတယ်။

 

မိခင်နို့ကို မွေးစမှ အသက်ခြောက်လအထိ တစ်မျိုးတည်းတိုက်ကျွေးလာပြီးနောက်ခြောက်လ ပြည့်သည်နှင့် မိခင်နို့နှင့်အတူ ဖြည့်စွက်စာ စတင်ကျွေးရပါ တယ်။ ဖြည့်စွက်စာကျွေးရာတွင်လည်း ပဲထမင်းကို ဆီ၊ ဆားများဖြင့် စတင်ကျွေးမွေး ပြီးနောက် တဖြည်းဖြည်းနှင့် အသား၊ ငါး၊ ဥ၊ အသီးအရွက် စသည်များကို နည်းနည်း ချင်း ကျွေးမွေးရပါတယ်။ ထမင်းတစ်မျိုးတည်း ကျွေးရုံမျှဖြင့် အာဟာရ မပြည့်နိုင်ပါ။ မိမိကိုယ်တိုင် သန့်ရှင်းစွာ ပြုလုပ်ပေးခြင်းဖြင့် ဝမ်းကိုက်ဝမ်းပျက်ရောဂါများ ကင်းဝေးနိုင် ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးအေးသောင်း
(ကလေးအထူးကုသမားတော်ကြီး)
Health for all magazine, No.109, February 2016, Pg. 17



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18