အပျိုဖော်ဝင်စောခြင်းကို ဖြစ်စေနိုင်သည့် ဘဝနေထိုင်မှုပုံစံ
24-Feb-2017
(က) စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များခြင်းကြောင့် အပျိုဝင်ဖော်စောနိုင်
မိမိရဲ့ ခန္ဓာကိုယ် အချိုးအစား မလှပမှုကြောင့် ကျောင်းမှာ စနောက်ခံရသူနဲ့ ကျောင်းစာ မလိုက်နိုင်သူလိုမျိုး စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်များသူတွေကလည်း အပျိုဖော်ဝင်ချိန် စောတတ်ပါတယ်။
(ခ) ဟော်မုန်းထုတ်လုပ်မှုစနစ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကြောင့် အပျိုဖော်ဝင်စောနိုင်
ပလတ်စတစ်ဘူးခွံတွေမှာ ပါဝင်တတ်တဲ့ BPA ဒြပ်ပေါင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများပါဝင်တဲ့ တချို့ဓာတုပစ္စည်း၊ အရောင်ချွတ်ဆေး၊ ဆံပင်သန်ဆေး၊ သန့်ရှင်းရေးသုံး ထုတ်ကုန်တွေမှာ ပါတဲ့ဓာတုပစ္စည်းတွေကြောင့် ဟော်မုန်း ထုတ်လုပ်မှုစနစ် ပျက်စီးသွားပြီး အပျိုဖော်ဝင်ချိန် စောနိုင်ပါတယ်။
(ဂ) အသားပရိုတင်း အစားများခြင်းကြောင့် အပျိုဖော်ဝင်စောနိုင်
မွေးမြူ ရေးနွားတွေ၊ ကြက်တွေမှာ အသားတိုးဖို့အတွက် အသုံးပြုတဲ့ဟော်မုန်းတွေကြောင့် သူတို့ကနေ ထွက်လာတဲ့ နို့နဲ့နို့ထွက်ပစ္စည်း၊ အသားစားသူတွေမှာ ဟော်မုန်းထုတ်လှုပ်မှု အနှောင့်အယှက်ဖြစ်စေကာ အပျိုဖော်ဝင်စောနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, No.278, September 2015, Pg. 109-110
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

