Print

ကိုယ်ဝန်ဆောင်စဉ် မထိုးသင့်သောကာကွယ်ဆေးများ

  30-Oct-2016
Preview Image

 

ကာကွယ်ဆေးအမျိုးအစားဟာ live, attenuated viruses ဗိုင်းရပ််အရှင် ဒါမှမဟုတ် အာနည်းအောင်လုပ်ထားတဲ့ ဗိုင်းရပ်စ် ကနေထုတ်လုပ်ထားတာမျိုးကိုကိုယ်ဝန်ဆောင်မှာမထိုးသင့်ပါ။ အဲ့လိုကာကွယ်ဆေးနဲ့ အနည်းဆုံး ၄ ပါတ်ခြာပြီးမှသာ ကိုယ်ဝန်ယူသင့်တယ်။ တချို့က ၃ လအထိခြားခိုင်းတယ်။

 

ကိုယ်ဝန်ဆောင်စဉ် မထိုးသင့်သောကာကွယ်ဆေးများ

၁။ MMR (Measles, Mumps and Rubella) Vaccine ဝက်သက် + ပါးကျိတ်ရာင် + ဂျာမန်ဝက်သက်ကာကွယ်ဆေး

၂။ Varicella (Chickenpox) Vaccine ရေကျောက်ကာကွယ်ဆေး

၃။ Live, Attenuated Influenza Vaccine တုပ်ကွေးကာကွယ်ဆေး

၄။ Oral Poliovirus Vaccine ပါးစပ်ကနေတိုက်တဲ့ ပိုလီယိုကာကွယ်ဆေး

၅။ Yellow Fever Vaccine အဝါရောင်အဖျားရောဂါကာကွယ်ဆေး

၆။ Typhoid Vaccines တိုက်ဖွိုက်ရောဂါကာကွယ်ဆေး

၇။ BCG Vaccine တီဘီကာကွယ်ဆေး

၈။ Vaccinia (Smallpox) Vaccine ကျောက်ကြီးရောဂါကာကွယ်ဆေး (အခုမထိုးတော့ပါ)

၉။ HPV vaccine သားအိမ်ဝကင်ဆာကာကွယ်ဆေးကို သက်ရှိပိုးကနေထုတ်လုပ်တာ မဟုတ်ပေမယ့် ဆေး ၃ ကြိမ် ထိုးတာမပြည့်ခင် ကိုယ်ဝန်ရှိသွားရင် ကျန်တာကို ကလေးမီးဖါွးပြီးမှာသာ ဆက်ထိုးပါ။

 

Healthcare.com.mm

 

Ref:

ဒေါက်တာတင့်ဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18