Print

ဗိုက်ကြီးသည်များ မသုံးသင့်တဲ့ ဆပ်ပြာ

  30-Oct-2016
Preview Image

ပိုးသတ်ဆေးပါသည့် ဆပ်ပြာများ (AntibacterialSoap) သုံးခြင်းသည်သန္ဓေသားနှင့် မိခင်ကိုပါ အန္တရာယ်ဖြစ်စေသောကြောင့် ယင်းဆပ်ပြာများကို မသုံးစွဲရန် ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ဘက်တီးရီးယားများကို သေစေနိုင်သည့် ဒြပ်ပေါင်များသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင် သူများအတွက် စိုးရိမ် ဖွယ်ဖြစ်လာပြီး အမေရိကန်ဓာတုဗေဒအသင်းကလည်း ယင်းကိစ္စရပ်ကို ယခုကျင်းပမည့်နှစ်ပတ်လည် အစည်းအဝေး တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်းကြောင့် မွေးကင်းစကလေးများ ကိုယ်အလေးချိန်မပြည့်ရသည့် အ ကြောင်း ဆက်နွှယ်မှုများကို သိပ္ပံပညာရှင်များက ဆွေးနွေးတင်ပြသွားကြ မည်ဖြစ်သည်။ ယင်းပြဿနာသည် အလွန်နူးညံ့သိမ်မွေ့သော်လည်း ရေရှည်တွင်မွေးကင်းကလေးများ၏ ကြီးထွားမှု အရွယ်အစားပေါ်တွင် များစွာသက်ရောက်မှုရှိလာနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

 

သုတေသနပြုလုပ်ရာတွင် ပါ၀င်ခဲ့သည့် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် တက္ကသိုလ်မှ ဘန်နီပစ်ကေက ပိုးသတ်ဆေး ပါ၀င်သည့်ဆပ်ပြာများအတွင်းမှ ဓာတုပစ္စည်းများက သန္ဓေသားကြီးထွားမှုနှင့် မျိုးပွားမှုများအပေါ်တွင် သက်ရောက်မှု များ ရှိနေကြောင်း တိရစ္ဆာန်များတွင် အထောက်အထားတွေ့ရှိထားပြီး လူများအပေါ်တွင်လည်း ထိခိုက်နိုင်သည့် အလားအလာများ ရှိနေကြောင်းပြေကြားသည်။ ၂၀၁၀ ပြည့်နှစ်တွင် ဖလောရီဒါတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ တွေ့ရှိချက်အရ Triclosan ဓာတုပစ္စည်းသည် ခန္ဓာ ကိုယ် အတွင်းမှ အီစတိုဂျင် ဟိုမုန်းများ၏ ဇီဝကမ္မဖြစ်စဉ်နှင့် ဆက်စပ်နေသော အင်ဇိုင်းများ ထုတ်လုပ်ခြင်းကို အဟန့်အ တားဖြစ်စေကြောင်း သိရသည်။

 

ဓာတုပစ္စည်းများဖြစ်သည့် Triclosan နှင့် Triclocarban တို့ကို သွားတိုက်ဆေး၊ ကိုယ်တိိုက်ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ကော်ဇောများ၊ သုတ်ဆေးများ၊ ကျောင်းသုံးပစ္စည်းများနှင့် ကလေးကစားစရာများအပါ အဝင် နေ့စဉ်သုံးပစ္စည်း ၂၀၀၀ ခန့်တွင် ထည့်သွင်း အ သုံးပြုနေကြောင်း သိရသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် Oestrogen sulfotransferase ဟုခေါ်ဆိုသော အဆိုပါ အင်ဇိုင်း များသည် အီစတိုဂျင်များ၏ ဇီဝကမ္မဖြစ်စဉ်ကို အကူအညီပေးပြီး အချင်းမှတစ်ဆင့် သန္ဓေသားအတွက် အာဟာရဖြစ်စေသည်။ အီစတိုဂျငသည် ဦးနှောက်ဖွံ့ဖြိုးရေးနှင့် မျိုးဗီဇများ ထိန်းညှိရေးတွင် များစွာအရေးပါကြောင်း သုတေသနပညာရှင် များက ရေးသားထားသည်။

 

ထို့ပြင်ပိုးသတ်ဆေးဆပ်ပြာများတွင် အရောင်နှင့် ထိန်းဆေးအတွက် ထည့်ထားသည့် ပစ္စည်း အချို့သည် ပဋိဇီဝဆေး မတိုးသည့် ပြဿနာဖြစ်ပွားနိုင်သောကြောင့် လူများ၏ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်ပေါ် လာနိုင်ကြောင်း လေ့လာတွေ့ရှိမှုအချို့တွင် ဖော်ပြထားသည်။ အိမ်သုံးပစ္စည်းများတွင် ပါသည့် ဓာတုပစ္စည်းများသည် မေလအတွင်းက ထုတ်ပြန်ခဲ့သည့် လူတို့၏ သုတ်ပိုးများကို ပျက်စီး ထိခိုက်စေ ကြောင်း ပထမဆုံးအကြိမ် လေ့လာတွေ့ရှိမှုတစ်ခုကို မေလအတွင်းက ထုတ်ပြန်ခဲ့သည်

 

Healthcare.com.mm

 

Ref: Daily Mail



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18