Print

ကိုယ်ဝန်ဆောင်စဉ် လူသိနည်းသော သတိပြုစရာအချက်များ

  30-Oct-2016
Preview Image

ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ဆရာဝန်တွေ၊အသိတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကကလေးမိခင်တွေ၊ ကိုယ့်မိသားစုဝင်တွေက ဘာတွေလုပ်ရမယ်၊ ဘာတွေရှောင်ရမယ်ဆိုပြီး ၀ိုင်းဂရုစိုက်ကြပါလိမ့်မယ်။ ကိုယ်ဝန်သုံးလလောက်ဆိုရင် ဘယ်လိုဖြစ်လာမယ်၊ ဘာတွေရှောငရတော့မယ် စသဖြင့်ပေါ့။ ဒါပေမယ့် ကိုယ်ဝန်တစ်ခါမှ မဆောင်ဖူးသူတွေအနေနဲ့ဘယ်သူကမှလည်း သူတို့ကို ပြောလေ့ပြောထမရှိတဲ့ အချက်လေးတွေ ရှိနေပါတယ်။ သိလည်းသိသင့်ပါတယ်။ ခုပြောပြပေးမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ ပတ်သက်တဲ့အရာတွေကို ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီးတွေက ပြန်လည်ဝေငှာပေးထားတာမို့ တစ်ချက် ဖတ်ကြည့်လိုက်ပါဦး။

 

၁။ကိုယ်လည်း ကိုယ်ဝန်ဆောင်ဖြစ်ရော ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ခြားကိုယ်ဝန်ဆောင်တွေကို အရင်ထက် ပိုသတိပြုမိလာမယ်။

၂။အူကြောင်ကြောင်နိုင်တဲ့ အိပ်မက်တွေ မက်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်လေ အဲ့ဒီအိပ်မက်တွေက လက်တွေ့ဘဝနဲ့ ဆက်နွယ်ပြီး နမိတ်ပြတာတွေတောင် ဖြတ်တတ်တယ်။

၃။လူတွေကတော့ ကိုယ်ဝန်ဆောင်နေတုန်း စားချင်တာအကုန်သာစား၊ ကလေးမွေးပြီးတာနဲ့ ၀ိတ်ကကျသွားမှာ စိုးရိမ်စရာ မရှိဘူးတဲ့။ ဒါဟာ လုံးဝမှားပါတယ်။ အဲ့ဒီလို မဖြစ်ပါစေနဲ့။

၄။ကိုယ်ဝန်ဆောင်တိုင်းဟာ မနက်ပိုင်းအော့အန်တာမျိုး၊ နေရထိုင်ရတာ မသက်မသာဖြစ်တာမျိုးတွေ ခံစားကြရလိမ့်မယ်လို့ ပြောကြပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်တိုင်းတော့ မဟုတ်ပါဘူး။

၅။ကိုယ်ဝန်ရင့်လာချိန်မှာ နှာချေတာတောင် ဆီးထွက်ကျတတ်ပါတယ်။ သတိထားရမယ့်အချက်ပါ။

၆။ရုံးကပြန်လာပြီး မိနစ်ပိုင်းလေး အိပ်ယာပေါ် မှေးခနဲဖြစ်သွားတတ်ပြီး မျက်လုံးဖွင့်တဲ့အခါ နောက်တစ်နေ့တောင် ရောက်နေပြီ။ အိပ်လို့အရမ်းကောင်းတာမျိုးပေါ့။

၇။အစားအသောက်တွေကိုပဲ အနံ့လိုက်ခံမိနေသလိုကို အသားကုန် စားလိမ့်မယ်။

၈။ကိုယ်ဝန်ဆောင်စဆောင်ပြီဆိုတာနဲ့ ဘာတွေဖြစ်တယ်၊ ဘယ်လိုဆိုတာကို ချရေးထားတာမျိုး၊ ဓာတ်ပုံတွေ ရိုက်ထားတာမျိုးက နောက်ပိုင်းမှာ တကယ့်ကို အမှတ်တရဖြစ်စေတတ်ပါတယ်။

၉။ကိုယ်ဝန်အရမ်းမရင့်သေးတဲ့အချိန် လူတွေက ကိုယ်ဟာ ကိုယ်ဝန်ဆောင်မှန်းမသိဘဲ ကိုယ်နဲ့လုပြီး ဘတ်စ်ကားပေါ်မှာ ထိုင်ခုံဦးလိုက်တာ၊ ဘယ်နေရာမှာမဆို ဦးစားပေးမခံရတာမျိုးတွေ ရှိတဲ့အတွက် ဒီခံစားချက်ကို ကြိုတင်ပြင်ဆင်ထားပါ။

၁၀။ကိုယ့်ရဲ့ခန္ဓာကိုယ် အနေအထား၊ ရင်သား၊ တင်နဲ့ အင်္ဂါနဲ့ ပတ်သက်ပြီးတော့လည်း ကလေးမွေးဖွားပြီးတဲ့အချိန်ထိတောင် အရင်နဲ့မတူညီတော့တဲ့ အပြောင်းအလဲတွေ ရှိနေပါလိမ့်မယ်။

 

Ref:

women shealthmag

 

Source:

Trend Myanmar



Related Articles


Advertisment 18