Print

မိန်းမကိုယ် သန့်ရှင်းရေး အတွက် ဒါတွေ လုပ်မိရဲ့လား

  30-Oct-2016
Preview Image

 

မိန်းကလေး တစ်ယောက် အတွက် မိန်းမကိုယ်သန့်ရှင်းရေး ကလည်း အရေး ကြီးပါတယ်။ မျက်နှာကို လှပအောင် ဘယ်လိုပဲ ပြင်ဆင်ခြယ်သ ထားပါစေ၊ သင့်ကိုယ်သင် လုံခြုံမှု မရှိနိုင်ပါဘူး။ ခန္ဓာ ကိုယ်တစ် ကိုယ်လုံး သန့်ရှင်းပြီး တစ်ကိုယ် ရေကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုတယ်ဆို ပေမယ့် သင့်ခန္ဓာကိုယ်ရဲ့ မျိုးပွားအင်္ဂါ ဖြစ်တဲ့ မိန်းမကိုယ် သန့်ရှင်းနေ ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် သင်ရဲ့ တစ် ကိုယ်ရေ သန့်ရှင်းရေးမှာ အရေးပါတဲ့ မိန်းမကိုယ် သန့်ရှင်းရေး အတွက် ဒါတွေ လုပ်မိပါရဲ့လား။

- ကြမ်းတမ်း တဲ့ ဆပ်ပြာတွေ၊ အမွှေးရနံ့လွန်ကဲတဲ့ ဆပ်ပြာတွေ မသုံးသင့်ပါဘူး။

- ရနံ့ပြင်းလွန်းတဲ့ မိန်းမကိုယ် သန့်စင် ဆေးရည်တွေကို အလွန်အမင်း အသုံးပြု တာက မိန်းမကိုယ်ခြောက်သွေ့စေနိုင် တာကြောင့် အလွန်အမင်း အသုံးပြုတာ ကို ရှောင်ပါ။

- မိန်းမကိုယ် အတွင်းပိုင်း ထဲကို သန့်စင် ဆေးရည်တွေနဲ့ ဆေးကြာတာ၊ ရေနဲ့ဆေး ကြောတာမျိုးတွေကို ရှောင်သင့်ပါတယ်။ မိန်းမကိုယ်အတွင်းမှာ သဘာဝအရ ပိုး မွှားတွေကို မဝင်ရောက်နိုင်အောင် ကာ ကွယ်နိုင်စွမ်းရှိပါတယ်။ သန့်စင်ပေးဖို့ မလို ပါဘူး။

- အထူးသဖြင့် မိန်းကလေးတွေဟာ ရာသီလာနေချိန်တွေမှာ သန့်ရှင်းရေးကို ပိုမိုဂရုစိုက်ဖို့ လိုပါတယ်။ ရာသီလာတဲ့ ရက်တွေမှာ မျိုးပွားအင်္ဂါတွေကို သန့်ရှင်း ရေးလုပ်တဲ့ အခါ ရေနွေးနွေးလေးနဲ့ သန့် စင်ပေးတာ အကောင်း ဆုံးပါ။

- အမျိုးသမီး လစဉ်သုံးပစ္စည်းကို မလဲဘဲ တစ်နေကုန် ဝတ်ဆင်ထား တာမျိုးကို ရှောင်ရှားပါ။ အထူးသဖြင့် ညအိပ်ရာဝင် ခါနီးမှာ မိန်းမကိုယ်သန့်ရှင်းရေးကို သေ ချာစွာပြုလုပ်ပြီး လစဉ်သုံးပစ္စည်းအသစ် ကို လဲလှယ်ဝတ်ဆင်ကာ အိပ်စက်ပါ။

- တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်း ဘီ၊ ထူလွန်း၊ ပူလွန်းတဲ့ အတွင်းခံဘောင်း ဘီတွေအစား လေဝင်လေထွက်ကောင်း တဲ့ ချည်သား အတွင်း ခံဘောင်းဘီကို ဝတ် ဆင်ပါ။

- ပိုးမွှားကူးစက် လွယ်စေနိုင်တဲ့ လိင် အင်္ဂါတစ်ဝိုက်မှာရှိ အရေပြားတွေ သန့် ရှင်းနေဖို့ အလွန်အရေးကြီး ပါတယ်။

- ဆီးသွားချင် တာကို မသွားဘဲ ဆီး အောင့်ထားတာမျိုးကို ရှောင်ရှားပါ။

- မျိုးပွားအင်္ဂါ တစ်ဝိုက်မှာ နာကျင်မှုဖြစ် တာ၊ နီရဲနေတတ်တာ၊ ယားယံတာ၊ အိမ် ထောင်သည်တွေ အမျိုးသားနဲ့ အတူနေ တဲ့အခါ နာကျင်မှု ခံစားရတာ၊ သွေးဆင်း တာ စတာတွေဖြစ်ပေါ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18