Print

အမျိုးသမီး မျိုးပွားအင်္ဂါ အဖွဲ့အစည်း

  30-Oct-2016
Preview Image

 

ကလေးသန္ဓေတည်မွေးဖွားသည့် အမျိုးသမီး မျိုးပွား အဂါင်္တွင် အတွင်းမအဂါင်္ များ(သားအိမ်၊ သားဥအိမ်၊ သားဥပြွန်)နှင့် ပြင်ပအဂါင်္ များ(သားအိမ်ခေါင်း၊ မွေးလမ်း ကြောင်း၊မိနိးမကိုယ်)တို့ပါဝင်သည်။ မိနိးကလေးတစ်ဦးသည် ၁၀-၁၃နှစ် အရွယ်ခန့်တွင် အပျိုဖြစ်လာသည့် အတွက် သားဥအိမ်မှ သားဥများ စတင်ထုတ်လုပ်ပါသည်။ လစဉ် သားဥအိမ်တွင် သားဥတစ်ခုဖြစ်ပေါ်လာပါသည်။ မိန်းမ တစ်ဦးသည် ဤအချိန်ကာလအတွင်း လိင်ဆက်ဆံပါက ယောကျ်ားအဂါင်္မှ သုတ်ကောင်များသည် သုတ်ရည်နှင့်အတူ သားအိမ်အတွင်းသို့ ရောက်ရှိလာပြီး ထိုမှတဆင့် သားဥပြွန် ထဲရှိ သားဥအတွင်းသို့ သုတ်ကောင်ဝင်ရောက် သွားသည့် အခါ သန္ဓေတည်သွားပြီး မိနိးကလေးမှာ ကိုယ်ဝန်ရှိလာနိုင် ပါသည်။ ကိုယ်ဝန်ရှိပြီး ၉ လကြာသောအခါ ကလေးမွေးဖွားပါသည်။ အမျိုးသမီးမျိုးပွားစနစ်အကြောင်း သိရှိပြီးလျှင် ရာသီသွေးပေါ်ခြင်း အကြောင်းကို သိရှိရန် လိုအပ်ပါသည်။

 

လစဉ်မိန်းကလေးတစ်ဦး ၏သားဥအိမ်မှ သားဥတစ်လုံး ကြွေဆင်းလာပြီးနောက် သန္ဓေတည်ခဲ့ပါက အဆင်သင့် ဖြစ်ရန် သားအိမ်၏ အတွင်းသားများကို တိုးပွားပြင်ဆင် မှုများ ဖြစ်ပေါ်လာပါသည်။ သားဥသည် သုတ်ကောင်နှင့် မထိတွေ့ပါက သန္ဓေတည်ခြင်း မရှိသောကြောင့် သားအိမ် အတွင်းသားများ တိုးပွားပြင်ဆင်မှုများ ပျက်ပြယ်ပြီး သွေးများနှင့်အတူ ကြွေကျလာပါမည်။ ၎င်းသွေးများသည် သားဥနှင့်အတူ မိန်းမအဂါင်္မှတဆင့် ကျဆင်းလာပါမည်။ ဤ ဖြစ်စဉ်ကို ရာသီသွေးဆင်းခြင်းဟု ခေါ်ပါသည်။ ရာသီသွေး လာခြင်းမှာ ၂ရက်မှ ရရက်အထိလာနိုင်ပါသည်။ ရာသီသွေး အနည်းအများနှင့် ရာသီသွေးလာသည့်အချိန် ကာလတို့မှာ မိနိးမတစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။ အချို့မှာ ရာသီလာချိန် တွင် နာကျင်မှုကို ခံစားရသော်လည်း အချို့မှာ မခံစားရပါ။ သားဥ၏သက်တမ်းမှာ ၄၈နာရီခန့်ရှိပါသည်။

 

ရာသီသွေးလာခြင်း၏ အကြောင်းအရင်းဖြစ်သော သုတ်ကောင်နှင့် သားဥမပေါင်းစည်းရခြင်းမှာ မိန်းမတစ်ဦး အနေဖြင့်လိင်ဆက်ဆံမှု မပြုခြင်းကြောင့်၎င်း၊ ပဋိသန္ဓေ တားဆေးကို အသုံးပြုခြင်းကြောင့်၎င်း၊ လိင်ဆက်ဆံ သည့်အချိန်တွင် ကွန်ဒုံးကို စနစ်တကျသုံးခြင်း ကြောင့်၎င်း ဖြစ်နိုင်ပါသည်။ ကလေးရရန်ပါဝင်ဆောင်ရွက်သည့် အမျိုးသားအဂါင်္ အစိတ်အပိုင်းများတွင် ယောကျ်ားအဂါင်္ (လိင်တံ)၊ နှင့် ဝှေးစေ့တို့ပါဝင်သည်။ ဝှေးစေ့မှ သုတ်ပိုးကို ထုတ်လွှတ်၍ သုတ်ရည်ကြည်အိတ်မှ သုတ်ရည်ကြည်များ ထုတ်လွှတ် ပါသည်။ သုတ်ကောင်၏သက်တမ်းမှာ ရ၂နာရီခန့် ရှိပါသည်။ ယောကျ်ားလေးတစ်ဦးသည် လိင်ဆက်ဆံ သည့်အခါ သုတ်ကောင်မြောက်မြားစွာတို့ကို သားအိမ် အတွင်းသို့ ရောက်ရှိစေပါသည်။ သုတ်ရည်အတွင်းရှိ သုတ်ကောင်များစွာထဲမှ တစ်ကောင်သာ သားဥတစ်ဥနှင့် တွေ့ဆုံလေ့ရှိပါသည်။ ထိုအခါ မိနိးမတွင် ကိုယ်ဝန် ရှိလာပါမည်။ ကိုးလအကြာတွင် ကလေးမွေးဖွားပါသည်။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18