Print

ကိုယ်ဝန်ဆောင်စ နံနက်ပိုင်းပျို့အန်လိုမှုကို တိုက်ဖျက်နိုင်မည့် နည်းလမ်...

  30-Oct-2016
Preview Image

 

ကိုယ်ဝန်ရှိနေပြီဆိုသော သတင်းစကားကို ကြားသိရသောကြောင့် သင်ပျော်ရွှင်သွားနိုင်သော်လည်း ကနဦးသီတင်းပတ်အနည်းငယ်မှာ သင်တွေးထင်ထားသည်ထက် ပိုမိုခက်ခဲနိုင်ပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုသည် ကိုယ်ဝန်ပထမသုံး လပတ်ကာလအတွင်း နံနက်ပိုင်း ပျို့အန်ချင်မှုခံစားရလေ့ရှိသည်။ ကိုယ်ဝန်ဆောင်များ နံနက်ပိုင်း ပျို့အန်ချင်ရသည့် အကြောင်းရင်း များစွာရှိကြောင်း ကျွမ်းကျင်ပညာရှင်များ၏ပြောကြားချက်အရ သိရှိရသည်။ ယင်းအခြေအနေအတွက် ကုသရန် နည်းလမ်းမရှိသော် လည်း ယင်းဝေဒနာ လျော့ပါးစေနိုင်မည့် နည်းလမ်းများရှိပါသည်။ အလွန်မူးမော်နေသလို ခံစားရသောအချိန်တွင်(သို့မဟုတ်)နေ့လယ်တွင် တစ်ရေးတစ်မော အိပ်စက်ပါ။ အစားအစာကို တစ်ကြိမ်တည်းနှင့် အများကြီးမစားပါနှင့်။ ပရိုတိန်းနှင့် အမျှင်ဓာတ်ပါသော အစားအစာများကို နည်းနည်းချင်းစီ အကြိမ်များစွာ စားပါ။ သကြားဓာတ်၊ အဆီဓာတ်များသော အစား အစာများ၊ ပူစပ်သော အစားအစာများ မစားပါနှင့်။

 

အလုပ်နေရာတွင်ရှိနေသည်ဖြစ်စေ၊ စျေးဝယ်စင်တာသို့သွားသည်ဖြစ်စေ မုန့်ထုပ်တစ်ထုပ်ကို သွားလေရာ ဆောင်သွားပါ။ ယင်းအစားအစာများတွင် အခွံမာသီးများ၊ ဂျံုမှုန့်၊ သစ်သီးခြောက်များဖြင့် ပြုလုပ်ထားသော မုန့်ချောင်းများ၊ ဘီစကွတ်များ ပါဝင်ရပါမည်။ အစာမစားဘဲ အကြာကြီး သွားလာနေခြင်းကြောင့် ခန္ဓာကိုယ်ထဲ သကြားဓာတ် လျော့ကျသွားနိုင်ပြီး မူးမော်ခြင်း ခံစားရနိုင်သည်။ ရေဓာတ်ခန်းခြောက်ခြင်းမှာ မူးမော်နေခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်။ တစ်နေ့လုံး မိနစ်အနည်းငယ်ကြာတိုင်း ရေအနည်းစီ သောက်ပေးပါ။ သစ်သီးဖျော်ရည်များကိုလည်း သောက် သုံးနိုင်ပါသည်။ သို့သော် ကဖိန်းဓာတ်ပါသော ဖျော်ရည်များ မ သောက်ပါနှင့်။မူးမော်ခြင်း(သို့မဟုတ်)အော့အန်ပြီးနောက် ပြန်လည် လန်းဆန်းလာစေရန် မျက်နှာကို စိုစွတ်သော၊ အနံ့မပါသော မျက်နှာသုတ်ပဝါဖြင့် သုတ်ပေးပါ။

 

ဆပ်ပြာခဲတစ်ခဲကို ရှူပေးခြင်းဖြင့် အော့အန်လိုစိတ်ကို လျော့ ကျစေနိုင်မည်ဖြစ်သည်။ လေကောင်းလေသန့်ရရန်နှင့် လေ့ကျင့်ခန်းလုပ်ဖြစ်စေရန် ညနေခင်းတိုင်း အပြင်ထွက်ပေးပါ။ ခြေဆန့်လက်ဆန့်ပြုလုပ်ခြင်း၊ ယောဂလေ့ကျင့်ခြင်း(သို့မဟုတ်)နေပူဆာလှုံ၍ ညနေ ခင်းလမ်းလျှောက်ခြင်း တို့မှာ အကောင်းဆုံးဖြစ်သည်။ ဗီတာမင် B-6 သောက်ပေးခြင်းဖြင့် နံနက်ပိုင်းပျို့အန်လိုမှုအ တွက် အထောက်အကူပြုပါလိမ့်မည်။ သို့သော် ဆရာဝန်နှင့်တိုင်ပင် ပြီးမှသာ ဆေးသောက်သင့်ပါသည်။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18