Print

ကလေး မီးဖွားဖို ့ဆေးရုံ ကိုဘာတေ ွယူဆောင်သွားဖို့ လိုအပ်သလဲ။

  30-Oct-2016
Preview Image

 

ကိုယ်ဝန် ၈ လလောက် ရှိလာချိန ်မှာ မိခင်တိုင်းဟာ ကလေးမွေးဖွား ဖို ့အဆင်သင့်ပြင်ဆင် ထားရန် အကြံပြုပါရစေ။ အဘယ့်ကြောင့် ဆိုသော် မွေးဖွားမည့် ရက် မတိုင်ခင် ၂ပါတ် ၃ပါတ် အလိုတွင် အချိန် မရွေးလည်း မွေးဖွား နိူင်ကြသည်က ိုမိခင ်များ သတိရှသင့်သည်။ မီးဖွားချိန် မတိုင်ခင် ကတည်း က မီးဖွားဖို ့၊ ဆေးရုံ တက်ဖို့၊ မီးဖွားပြီးချိန် မိခင်ကော ကလေးပါ အသုံးပြုရန် ပစ္စည်း တော်တော် များများ ကို ကြိုတင်ပြင်ဆင် ထားသင့်သည်။ ကလေး မီးဖွားရန် အတွက် ကြိုတင ်ဆောင်ရွက် ထားသင့်သည ့်ကိစ္စများ။

 

( ၁ ) ကိုယ်ဝန်ဆောင ်မိခင် ၏ ဆေး မှတ်တမ်း အားလုံးအားဆေးရုံသို့ ယူဆောင်သွားရန ်သတိရပါ။

(၂ ) ဆေးရုံ အားကြိုတင ်ရွေးချယ်ထားရန ်နှင့် မီးဖွားမည ့်ရက်အားကြိုတင် စာရင်းသွင်းထားရန်။

( ၃ ) ကလေးမွေးဖွားမည့် နည်းလမ်း(သဘာဝ အတိုင်း မွေးဖွားခြင်းနှင့် ခွဲစိတ်မွေးဖွားခြင်း)အား မိမိ ဆရာဝန်နှင့် တိုင်ပင်ကာ ကြိုတင ်စီစဉ်ထားရန်။

( ၄ ) မိမိ ဆရာဝန် ၏ ဖုန်းနံပါတ်နှင့် ဆေးရုံ၏ ဆက်သွယ် ရမည့် ဖုန်းနံပါတ် များက ိုမှတ်သား ထားရန်။

( ၅ ) မီးဖွား စရိတ်အား အဆင်သင့် ဆောင်ထားရန်။

( ၆ ) မီးဖွားချိန် မတိုင်မှီရ က်များ အတွင်း မိမိတို့ အသုံးပြုုမည့် ဖုန်းများအား ဖုန်းခ လုံလောက ်စွာကြိုတင် ထည့်သွင်းထားရန်။

( ရ ) မိမိ သွေး သည်ရှားပါးသွေးဖြစ်ပါက မိမိ အပေါင်း အသင်းမိတ်ဆွေများ မှတဆင့်လ ိုအပ်လျှင် အသုံးပြုနိူင် ရန်သွေး အလှူရှင ်ရှာထားရန် ။

 

မီးဖွားပြီးချိန် မိခင်နှင့် ကလေး အတွက် အသုံးပြုရန်ကြိုတင် စုဆောင်း ထားသင့်သော ပစ္စည်းများ။

( ၁ ) နိူ့တိုက်ဘရာစီယာ ( Nursing Bra ) နှင့် ဘရာစီယာ အတွင်း နိူ့ရည် မယို စိမ့်စေသော အခံပြား ( Breast Pads )

( ၂ ) နိူ့ဘူး နှင့် နိူ့ဘူး အတွက်နိူ့သီးခေါင်း အပို ( မိခင်နိူ့ရည်သာ တိုက်ကျွေးမည် ဟု ဆုံးဖြတ်ထားသော် ညားလည်း) ဆောင်ထားရ မည်။ ထို့အတူဆေးရုံ မသွားခင် အချိန် ကြိုတင်ပေါင်းခ ံပိုးသတ် ထားပေးရမည်။

( ၃ ) မီးဖွားပြီးချိန် မိခင်နိူ့ရည် လုံလောက်စွာ မထွက်ပါက တိုက်ကျွေးနိူင်ရန် နိူ့မှုန့် ဘူးလည်း ၀ယ်ယူ ထားရမည်။

( ၄ ) ကလေးသေးခံ ( Diaper ၊ အနှီးပိတ်စ ) စသည် တို့ကိုလည်း ကြိုတင် စုဆောင်းထားရမည်။ အနှီးပိတ်စ များကို ကြိုတင် လျှော်ဖွတ် ထားသင့်သည်။ ကလေး အင်္ကျ ီနှင့် အနှီး များအား လျှော်ဖွတ် ရာတွင် ကလေး ဆပ်ပြာ ကိုသာ သုံးသင့်ပြီးလျှော်ဖွတ်ပြီး သိမ်းဆည်းပါကလည်း ပရုတ်လုံး များလုံးဝအသုံး မပြုရပါ။ မိုးတွင်း ကာလဖြစ်ပါက တတ်နိူင်လျှင ်ရာဂဏန်း အထိဆောင်ထားပါ။

( ၅ ) ကလေးသေးခံ အခင်း၊ ကလေးစောင်၊ ကလေး ခေါင်းအုံး၊ ၀ါဂွမ်း၊ ကလေးဦးထုပ်၊ လက်အိတ်ခြေ အိတ် အစ ရှိသည့် လိုအပ်နိူင်သည့် မည်သည့် ပစ္စည်းမျိုးမ ဆို သေချာ ထုပ်ပိုးပြီး အဆင ်သင့်ပြင်ဆင ်ထားရမည်။ ၀ယ်ယူသော ပစ္စည်းများအား အဝါရောင် မဝယ်မိစေရန်ဂရုပြုပါ။ အဘယ်ကြောင့် ဆိုသော် ကလေးများမွေးဖွားပြီးချိန် အသားဝါ တတ်သဖြင့် အရောင် ဟပ်တတ်သော အရောင်မ ျား မသုံးခြင်းဖြစ်သည်။

( ၆ ) မီးဖွားပြီးချိန် မိခင် အတွက် လိုအပ်မည့် သက်သောင့် သက်သာ ရှိသော အဝတ် အစားများ ကိုလည်း ပြင်ဆင် ထားရမည်။

( ရ ) မိခင်နိူ့ရည်အား ညှစ်ထုပ်ပေးသော ပစ္စည်း ( Breast Pump ) အားလည်း ရှာဖွေ စုဆောင်း ထားရမည်။

( ၈ ) မီးဖွားပြီး ချိန်တွင် မိခင် များဟာ သွေးဆင်း တတ်သောကြောင့် အထူစား အမျိုး သမီးလစဉ်သုံး ပစ္စည်း ကိုလည်း ယူဆောင်သွားရမည်။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18