Print

မျိုးဆက်ပွား ကျန်းမာရေး သိကောင်းစရာများ

  30-Oct-2016
Preview Image

 

အမျိုးသမီး မျိုးဆက်ပွားစနစ်အကြောင်းနားလည်ထားလျှင် ကျန်းမာရေးအရ မိမိကိုယ်ကိုယ်ကိုယ်စောင့်ရှောက်နိုင်သည် သက်ရှိသတ္တဝါများ အားလုံးက မျိုးပွားနိုင်ခြင်းဟာ သက်မဲ့အရာတွေနဲ့ ကွဲပြားချက်တခုဖြစ်တယ်ဆိုတာ အများ သိကြ ပါတယ်။ မျိုးပွားခြင်းအားဖြင့် သက်ရှိတွေ ပိုမိုတိုးပွားလာစေပါတယ်။ အမျိုးသမီးတယောက်ရဲ့ ကိုယ်ခန္ဓာဟာ သဘာဝ တရားရဲ့ အထူးခြားဆုံး ဖန်တီးမှုများတွေထဲက တခုပါ။ အဲဒါကြောင့်ပဲ လူသားမျိုးနွယ် ဆက်လက် ရှင်သန် နေနိုင်တယ်လို့ ပြောလို့ရပါတယ်။ အမျိုးသမီးတယောက် ဘဝမှာ ကလေးအရွယ်၊ အပျိုဖော်ဝင်တဲ့အရွယ်၊ အိမ်ထောင်သည်၊ ကိုယ်ဝန် ဆောင်၊ ကလေး မွေးဖွားခြင်း နဲ့ မိခင်ဘဝ အစရှိသဖြင့် အဆင့်ပေါင်းများစွာကို ဖြတ်ကျော်ရပါတယ်။ အမျိုးသမီး အများစု က မိခင်ဘဝ ကို သူတို့၏ ပြီးပြည့်စုံမှု အဖြစ်သဘောထားကြပါတယ်။ အမျိုးသမီး တယောက်အတွက် မျိုးဆက်ပွား ကျန်းမာရေး က အခြား သော ကျန်းမာရေး ရှုထောင့်များလိုပဲ အရေးကြီးပါတယ်။ အမျိုးသမီးများ အနေဖြင့် သူတို့ရဲ့ မျိုးဆက်ပွား စနစ် အကြောင်း၊ မျိုးပွားအင်္ဂါတွေ အကြောင်းနဲ့ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို နားလည်ထားရင် မိမိတို့၏ ကျန်းမာရေးကို ပိုမိုစောင့် ရှောက် ထိန်းသိမ်းနိုင်ကြမှာလည်း ဖြစ်ပါတယ်။ အမျိုးသမီး မျိုးဆက်ပွားစနစ်မှာ အပြင်ပိုင်းလိင်အင်္ဂါတွေနဲ့ အတွင်းပိုင်း မျိုးပွားအင်္ဂါတွေရယ် လို့ ၂ ပိုင်းခွဲလို့ရပါတယ်။

 

အပြင်ပိုင်း လိင်အင်္ဂါများ

Vulva(မိန်းမကိုယ် သို့မဟုတ် မအင်္ဂါ) ဆိုတာက မွေးလမ်းကြောင်းဝနဲ့ ကိုယ်ခန္ဓာ အတွင်းပိုင်းမှာ ရှိတဲ့ တခြားမျိုးပွား အင်္ဂါ တွေ အားလုံးကို ပါ၀င်ပါတယ်။Mons pubis (ဆီးခုံ) ကတော့ အမျိုးသမီး အင်္ဂါရဲ့ အထက်နားမှာရှိတဲ့ နေရာဖြစ်ပါတယ်။Labia majora နဲ့ labia minora (အပြင်နှုတ်ခမ်းသား အကြီးနဲ့ အတွင်း နှုတ်ခမ်း သား အသေး) ကတော့ မွေးလမ်းကြောင်း ၀ကို ၀န်းရံထားတဲ့ အရေပြား ၂ စုံဖြစ်ပါတယ်။Clitoris လို့ ခေါ်တဲ့ အစေ့နဲ့ မွေးလမ်းကြောင်းဝကို ကာကွယ်ပေးထား ပါတယ်။ အရွယ်ရောက်လာတဲ့ အခါ အပြင်ဘက် နှုတ်ခမ်းသားကြီးနဲ့ ဆီးခုံမှာ အမွေးအမျှင်တွေ ရှိလာပါတယ်။Clitoris ကတော့ အာရုံခံနိုင်တဲ့ အစေ့ငယ်ဖြစ်ပြီး အတွင်းဘက် နှုတ်ခမ်းသားငယ် ၂ခုဆုံရာမှာ ရှိပါတယ်။ အမျိုးသမီးတွေ လိင်ဆက်ဆံရာမှာ သာယာမှုရစေဖို့ အရေးပါတဲ့ အင်္ဂါတခုလည်း ဖြစ်ပါတယ်။ Urethral opening (ဆီးထွက်ပေါက်) ကတော့ Clitoris နဲ့ မွေးလမ်းကြောင်းကြားမှာ ရှိပါပြီးတော့ အမျိုးသမီးတွေ အဲဒီကနေ ကျင်ငယ်စွန့်တာ ဖြစ်ပါတယ်။

 

အတွင်းပိုင်း မျိုးပွား အင်္ဂါ များ

Vagina (မွေးလမ်းကြောင်း) က အတွင်းပိုင်း မျိုးပွား အင်္ဂါ အစိတ်အပိုင်းတခုဖြစ်ပြီးတော့ မွေးလမ်းကြောင်းအဝ ကနေ သား အိမ်အထိရှည်လျားပါတယ်။ အခေါင်းပွ ဖိုင်ဘာကြွက်သားမျှင်ဖြစ်ပြီးတော့ ကျံု့နိုင်ဆန့်နိုင်တဲ့ ပိုက်လုံး သဏ္ဍန်ရှိ ပါတယ်။ အထဲက အကျိအချွဲတွေက Vagina ကို ကာကွယ်ပေးထားသလို စိုစွတ်မှုကိုလည်း ထိန်းသိမ်းပေးထားပါတယ်။ Vagina ရဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်တွေကတော့ ရာသီသွေးဆင်းဖို့ ထွက်ပေါက်ဖြစ်ပါတယ်။ လိင်ဆက်ဆံဖို့လည်း ဖြစ်ပါတယ်။ အမျိုးသား သုတ်ရည် ၀င်ရောက်နိုင်အောင် အကူအညီပေးပါတယ်။ အက်ဆစ်ဓာတ်ပါ၀င်တဲ့ အရည်ထုတ်ပေး ခြင်းဖြင့် ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်ပါတယ်။ ကလေးမွေးဖွားရာ လမ်းကြောင်းလည်း ဖြစ်ပါတယ်။

 

Hymen (အမှေးပါး) ကို အပျိုမှေးလို့လည်းခေါ်ကြပြီးတော့ မွေးလမ်းကြောင်းဝကို တပိုင်းတစ ဖုံးအုပ်ထားတဲ့ တစ်သျှူး အလွှာပါးဖြစ်ပါတယ်။ စုတ်ပြဲသွားရင် သွေးထွက်တတ်ပါတယ်။ လိင်ဆက်ဆံလို့ဖြစ်စေ၊ မြင်းစီးတာ စက်ဘီးစီးတာ မျိုး ကြောင့် ဖြစ်စေ ပေါက်ပြဲသွားနိုင်ပါတယ်။ Cervix (သားအိမ်ခေါင်း) ကတော့ သားအိမ်ရဲ့ အောက်ပိုင်းဖြစ်ပြီးတော့ မွေးလမ်းကြောင်းနဲ့ ဆက်နေပါတယ်။ လိင်ဆက်ဆံမှုလုပ်ပြီးတဲ့ အချိန်မှာ အမျိုးသား သုတ်ရည်က သားအိမ်ခေါင်းကို ဖြတ်ကျော်ပြီးတော့ မ မျိုးဥ ဆီကိုရောက် ပါဆယ်။ Uterus (သားအိမ်)က သစ်တော်သီးကို ပြောင်းပြန်လှန်ထားတဲ့ ပုံစံရှိပါတယ်။ ကြွက်သားနံရံတွေ ရှိပြီးတော့ endometrium လိုု့ခေါ်တဲ့ ထူထဲတဲ့ အတွင်းလွှာလဲ ရှိပါတယ်။ သန္ဓေအောင်သွားတဲ့ မျိုးဥက သားအိမ်အတွင်းမှာ နေရာ ယူ ပြီးတော့ ကိုယ်ဝန်ဆောင်ကာလ အတွင်း မှာ သန္ဓေသားကို ဖွံ့ဖြိုးကြီးထွားလာပါတယ်။ Fallopian tubes (သားအိမ်ပြွန်) ၂ခုက သားအိမ်ရဲ့ ဘေးတဘက်စီမှာ တခုစီရှိပါတယ်။ မျိုးဥ အိမ်နဲ့ ဆက်နေပြီးတော့ ရင့်မှည့်နေတဲ့မျိုးဥကို ထုတ်ပေးပါတယ်။

 

Ovaries (မျိုးဥ အိမ်များ) က မျိုးဥတွေ ထုတ်လုပ်ပေးပြီးတော့ သားအိမ်ရဲ့ တဖက်တချက်စီမှာ ရှိပါတယ်။ လိင်ဟော်မုန်း တွေ ဖြစ်တဲ့ estrogen နဲ့ progesterone ကိုလည်း သူ့ထဲမှာ ထုတ်လုပ်ပေးပါတယ်။ ပုံမှန်အားဖြင့် ၂၈ ရက်မှာတကြိမ် မျိုး ဥအိမ်ကနေ မမျိုးဥ တခု ထုတ်ပေးပါတယ်။ရင်သား (breast) က ကလေးမွေးဖွားပြီးချိန်မှာ နို့တိုက်ကျွေးဖို့ ဖြစ်ပေမယ့် ရင်သားတွေကို လှုံ့ဆော်ပေး ခြင်း အားဖြင့် လည်း အမျိုးသမီးတွေကို လိင်ဆက် ဆံရာမှာ သာယာမှုပိုမိုရရှိစေနိုင်ပါတယ်။

 

အမျိုးသမီး မျိုးပွား စနစ်၏ လုပ်ဆောင်မှုများ

မျိုး ဥတွေကို ထုတ်လုပ်ပေး ထိန်းသိမ်းပေးပါတယ်။ မျိုးအောင်သွားတဲ့ မမျိုးဥကို သားအိမ်နံရံမှာ တွယ်ကပ်စေပြီးတော့ ကိုယ် ၀န်ဆောင် ခြင်းကို အစပြုပေးသလိ်ု မမွေးဖွားသေးတဲ့ သန္ဓေသားအတွက် အဆင်ပြေမယ့် နေရာတခု ဖန်တီးပေး ပါ တယ်။ မျိုးဆက်ပွား စက်ဝန်းကို အထောက်အကူဖြစ်စေတဲ့ အမျိုးသမီး လိင်ဟော်မုန်းတွေ ထုတ်လုပ်ပေးပါတယ်။

 

Healthcare.com.mm

 

Ref : ဧရာဝတီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18