Print

အမျိုး သမီး သွေးဆုံး ခြင်း

  30-Oct-2016
Preview Image

 

အမျိုးသမီးတစ်ဦး သွေးဆုံးချိန်တွင် ခံစားရသော လက္ခဏာများ နှင့် ခန္ဓာကိုယ် အပြောင်းအလဲများ ဒူးနာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိယားယံခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ အသားအရေပူခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ဆံပင်ပါးလာ ခြင်း၊ ကိုယအလေးချိန်တက်ခြင်း၊ လိင် ဆက်ဆံလိုစိတ်ကျဆင်းလာခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ အိပ်မပျော်ခြင်း။

 

သွေးဆုံးခါနီး အချိန်များတွင် ပြောင်းလဲမူများ

သွေးဆုံးချိန်နီးကပ်လာတဲ့အခါ ခန္ဓာကိုယ်ပြောင်းလဲမှုဟာ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်မတူကြ ပါဘူး။ စောစီးစွာသွေးဆုံးတဲ့ အမျိုးသ မီးတွေကိုတော့ အထူးပြုစုကုသပေး ဖို့ လိုအပ်ပါတယ်။ ပုံမှန်သွေးဆုံးတဲ့ အမျိုးသမီးများဆိုတာကတော့ သွေး ဆုံးပြီး နှစ်အနည်းငယ်အတွင်း ရာသီ သွေးဆင်းမှု ပုံမမှန်တာကလွဲလို့ ဘာ မှပြောင်းလဲမှုမရှိတာကို ဆိုလိုပါတယ်။ အချို့အမျိုးသမီးများကတော့ အိပ် မပျော်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ ခြင်းတို့ကို ခံစားရတတ်ပါတယ်။ ခံစား ရတဲ့ရောဂါ လက္ခဏာတွေရဲ့ ပြင်းထန်မှုဟာလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ များသောအားဖြင့် ဒါတွေဟာ ပုံမှန်တဲ့အပြောင်းအလဲတွေ ဖြစ်တာမို့ ရောဂါအဖြစ်သတ်မှတ်လို့ မရနိုင်တော့ပါဘူး။

 

အသားအရေပူခြင်း

သွေးဆုံးချိန်မှာခံစားရလေ့ရှိတဲ့ ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ကို ထိန်းချုပ်တဲ့ ဦး နှောက်အစိတ်အပိုင်း ဟိုက်ပိုသားလ် မတ်စ်အတွင်းမှာပြောင်းလဲမှုဖြစ်ခြင်း ရဲ့ရလဒ်ဖြစ်ပါတယ်။ ဟိုက်ပိုသားလ် မတ်စ်က အမျိုးသမီးရဲ့ခန္ဓာကိုယ်ဟာ နွေးနေတယ်လို့ မှားယွင်းကာ အာရုံ ခံမိတာကြောင့် အေးအောင်ပြုလုပ်ပေး ပါတယ်။

အရေပြားအနီးပတ်ဝန်းကျင် ရှိ သွေးကြောတွေဟာ ကျယ်လာပြီး သွေးစီးဆင်းမှုများလာပါတယ်။ ဒါ့ကြောင့် မျက်နှာကပဲ နီရဲနေပြီး လည်ပင်းကတော့ ဖြူရော်နေတတ်ပါ တယ်။ ခန္ဓာကိုယ်အေးစေရန် ချွေး ထွက်အောင်လည်း ပြုလုပ်ပေးပါတယ်။ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်းမြန်လာနိုင် ပါတယ်။ တစ်ခါတလေ ချမ်းတုန်လာ တတ်ပါတယ်။ အသားအရေပူခြင်းဟာ အချိန် ကြာလာတာနဲ့အမျှ ပျောက်ကင်း သွားလေ့ရှိပါတယ်။ဆေးကုသမှုအထူးအထွေ မလိုအပ်ပါဘူး။

 

အိပ်မပျော်ခြင်း ၊မောပန်းခြင်း

သွေးဆုံးချိန်တစ်ဝိုက်မှာ အမျိုး သမီးအချို့ဟာ အိပ်မပျော်ခြင်းကို ခံ စားရတတ်ပါတယ်။ အထူးသဖြင့် ညဘက်မှာ ဟော်မုန်း ပြောင်းလဲမှုများ ဖြစ်ပေါ်ကာ အသား အရေ ပူခြင်းတွေဖြစ်ပေါ်ခံစားရတတ်တဲ့ အတွက် အိပ်မပျော်ခြင်းဖြစ်ပါတယ်။ အိပ်ရေးမဝတာကြောင့် ပင် ပန်းနွမ်းနယ်ခြင်းကို ခံစား ရတာဖြစ်နိုင်ပါတယ်။

 

ခေါင်းကိုက်ခြင်း

ဟော်မုန်းပမာဏ မြင့်တက် လာခြင်းကြောင့် ခေါင်းကိုက်ရခြင်း ဖြစ်ပါတယ်။သွေးဆုံးချိန်ရောက်တဲ့ အခါမှာတော့ ဟော်မုန်းများ လျော့ နည်းသွားတဲ့အတွက်ခေါင်းကိုက်လည်း တဖြည်းဖြည်းပျောက် သွားမှာ ဖြစ်ပါတယ်။ ခေါင်းကိုက်အရမ်းပြင်း ထန်မှပဲဆေးသောက်ဖို့ လိုအပ်ပါတယ်။

 

မှတ်ဉာဏ်ချို့ယွင်းလာခြင်း

သွေးဆုံးချိန်မှာ မှတ်ဉာဏ်သိပ် မကောင်း၊ မေ့တတ်လာတယ်ဆိုတဲ့ လက္ခဏာဖြစ်တယ်ဆိုတာကို သက် သေပြချက်တွေ သေသေချာချာမရှိပါ ဘူး။

 

စိတ်ဓာတ်ကျခြင်း ၊ စိတ်တိုဒေါသထွက်လွယ်ခြင်း

သုတေသနပြုချက်များအရ သွေးဆုံးခြင်းဟာ စိတ်ကျရောဂါ၊ ပြင်း ထန်တဲ့စိတ်လှုပ်ရှားမှု၊ ပုံမမှန်သော အပြုအမူများ ဖြစ်ပေါ်ခံစားရတယ်လို့ တွေ့ရှိထားကြပါတယ်။မျက်ရည်လွယ် ဝမ်းနည်းလွယ်ခြင်း၊ စိတ်တိုဒေါသ ထွက်လွယ်ခြင်း၊ စိတ်မကောင်းဖြစ်ခြင်းတို့လည်း ခံစားရတတ်ပါတယ်။ သားဥအိမ်ဟော်မုန်းပမာဏ ကျဆင်း ခြင်းဟာ ထိုဝေဒနာများခံစားရခြင်း နှင့်ဆက်စပ်နေတယ်လို့ ယူဆနိုင်ပါ တယ်။

 

လိမ်ဆက်ဆံ လိုစိတ် လျော့နည်းလာခြင်း

လိင်ပိုင်းဆိုင်ရာခံစားချက်များ ဟာ သက်ရှိတို့ဘဝရဲ့ တစ်စိတ်တစ် ဒေသပဲ ဖြစ်ပါတယ်။ အမျိုးသမီးရော၊ အမျိုးသားပါ အသက်ကြီးလာတာ နဲ့အမျှ လိင်ဆက်ဆံလိုစိတ် လျော့ နည်းသွားတာပါပဲ။ အမျိုးသမီးအများ စုဟာ သွေးဆုံးပြီး နောက်ပိုင်းကာလ များတွင်လည်း လိင်ဆက်ဆံမှုဘဝ တက်ြွကမှုရှိနေကြပါသေးတယ်။သွေးဆုံးပြီးနောက်ခံစားရနိုင်သော ကျန်းမာရေးပြသနာအချို့ နှလုံးရောဂါဟာ အမျိုးသားများဖြစ်တတ်တဲ့ရောဂါလို့ပဲ အမျိုးသမီး များက ယူဆထားကြပါတယ်။ အမှန် တကယ်ကတော့ နှလုံးသွေးကြော ဆိုင်ရရောဂါများဟာ အမျိုး သမီးများရဲ့ အသက်အ္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ သွေးဆုံးပြီး နောက်မှာ ဒီရောဂါဖြစ်နိုင်ခြေ အလွန်မြင့်တက်သွားပါတယ်။ အရိိုိုးုးးပါးရောဂါ သွေးဆုံးပြီးနောက် အရိုးတွေ ဟာကျွတ်ဆတ်လာတဲ့အတွက် ကျိုးအက်လွယ်လာကာ အရိုးကျန်းမာရေး ပြဿနာများ ခံစားလာရနိုင်ပါတယ်။

 

ံHealthcare.com.mm

 

Ref:

Luckymyotaw



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18