Print

ကိုယ်ဝန်ရစေဖို ့အကူ အညီဖြစ်စေမည့် နည်းလမ်း ကောင်းများ

  30-Oct-2016
Preview Image

 

( ၁ ) အဟာရ ရှိပြီးကျန်းမာစွာ နေထိုင်ခြင်း...

 

အဟာရ ရှိမည့် အစားအစာ များက ိုရွေးချယ်စားသောက်ခြင်းဟာ ကိုယ်ဝန ်ရစေဖို့ အခွင့်အရေးကို အလျှင် အမြန် တိုးတက်စေမည့် နည်း တစ်နည်းဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ် ပေးခြင်းနှင့် ကျန်းမာစွာ စားသောက်ခြင်း တွေဟာ သင့် ကိုယ ်ခန္ဓာအား အကောင်းစ ံုပုံစံ ရစေပြီး ကိုယ်ဝန ်ရစေရန် အထောက ်အကူပြု ပါလိမ့်မယ်။ မျိုးအောင်ဖို ့အတွက်က ိုအထောက် အကူပြုစေဖို ့သင်ဟာ သန့်ရှင်း လက်ဆပ်တဲ့ အသီးအနှံတွေ၊ အရောင် ပေါင်းစုံတဲ့ မတူညီတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးရပါမယ်။ဘယ်ရီသီးအမျိုးမျိုး၊ ငရုတ်ပွ အနီရောင်၊ ခရမ်းချဉ်သီး၊ အစိမ်းရောင် အရွက်များစ သည်ဖြင့် အဟာရပြည့်ဝ စာများကို မကြိုက်သော်လည်း စားသုံးသင့်ပါတယ်။ ထိုအတူ ဇင့်ဓါတ်ကြွယ်ဝသော ကမာကောင် ကဲ့သို့သော အစားအစာများ၊ ဖော်လစ်( Folic )ကြွယ်ဝသောအစားအစာများဖြစ်တဲ့ ထောပတ်သီး၊ Broccoli ၊ ဟင်းနုနယ ်ရွက်က ဲ့သိုသော အစာများ ကိုလည်း စားသုံးသင့်ပါတယ်။ အဟာရဖြစ်စေမည့် အသီးများ၊ အသားများဟာ သင့်ကို အမေ တစ်ယောက်ဖြစ်လာစေဖို ့အထောက ်အကူဖြစ်စေ မှာပါ။ ဒီလို အစားအသောက် ပုံစံ သုံးမျိုးကို ပုံမှန ်တစ်နေ့တာ အတွင်းပါ၀င်အောင် စားသုံး ပေးခြင်းဖြင့်သင့်လိုအင်ဆန္ဒများပြည့်ဝ လာပါလိမ့်မယ်။ သင ့်၏ အမျိုးသားက ိုလည်း သုတ်ပိုး ကို ကျန်းမာ သန်စွမ်းစေမည့်ဗိုက်တာမင် စီ၊ အီး ဓါတ် ပါသော ဖြည့်စွက် အစာ များကို စားသောက် ဖို ့တိုက်တွန်းပါ။ ထို့အတူ အမျိုးသားများအနေဖြင ့်ပူအိုက်စေသည့် အတွင်းခံဘောင်းဘီများ ၀တ်ခြင်းဟာ သုတ်ပိုးထုတ်လုပ်မှူကို ထိခိုက်စေနိူင်သောကြောင့် ပွသော အတွင်းခံများကိုသာ ၀တ်ဆင်သင့်ပါတယ်။

 

( ၂ ) ဗိုက်တာမင် ဆေးများဖြည့်စွက် ပါ။

လိုအပ်သော ဗိုက်တာမင်ဆေးဝါးများ လည်းဖြည့်စွက်သောက်သုံးနိူင ်ပါတယ်။ အလွန်အကျွံ မဖြစ်စေရန ်ကိုတော့ သတိပြုပါ။

Vitamin E

Zinc

Copper

Panthothenic acid

Potassium

Vitamin A

Vitamin C

Vitamin D

Thiamin B6

Riboflavin

Niacin

အကောင်းဆုံး ကတော့ အစား အသောက် များမှ ထ ိုဓါတ်များက ို ရှာဖွေပါ။

 

( ၃ ) မှန်ကန်တဲ့ ကိုယ်အလေးချိန်။

ကို်ယ်ဝန်ဆောင်ဖို့ အကောင်းဆုံး ကိုယ်ခန္ဓာဖြစ်စေရန် ဂရုပြုပါ။ ပိန်လွန်းခြင်း ၀လွန်းခြင်းတွေ ဟာလည်း သင့်၏က လေးရနိူင်ခြေ ကိုလျှော့နည်းစေပါတယ်။ ထို့ အတွက်ကြောင့် ကလေး ယူရန်ဆုံးဖြတ ်ထားပါက မိမိ ကိုယ်ခန္ဓာကျန်းမာ သောကိုယ်အလေး ချိိန်ဖြစ်စေရန်ကြိုးစား တည်ဆောက်ပါ။ အမြန် အလေးခ ျိန် လျှော့ ကျစေနိူင်သော ဆေးများ၊နည်းလမ်းများ ကို တော့အသုံး မပြုသင့်ပါဘူး။ ထို့အတူ သင ့်အမျိုးသားလည်း ထိုနည်းအတိုင်း ကျန်းမာသန်စွမ်းစေရန ်နေထိုင်ဖို့ တိုက်တွန်းရပါမယ်။

 

( ၄ ) အရက်၊ ဆေးလိပ်ဖြတ်ပါ။

ကိုယ်ခန္ဓာအား ဆိုးကျိုးဖြစ်စေပြီး ကိုယ်တွင်း အင်္ဂါ များတွင် အဆိပ်အတောက ်များ ကျန်ရစ်စေမည့် ဆေးလိပ် အရက်၊ မူးရစ်ဆေးဝါးများ ကို သင်ကော သင်၏ အမျိုးသားပါ လုံးဝဖြတ်တောက်ရပါမယ်။ ဒါတွေဟာ သင်တို့၂ဦးစလုံးအတွက် မျိုးအောင်နိူင်ခြေကို များစွာကျဆင်းစေ လို့ပဲဖြစ်ပါတယ်။ အရက် ဟာလည်း အမျိုးသား၏ သုတ်ပိုး အရည်အသွေးကို များစွာထိခိုက်စေပါတယ်။

 

( ၅ ) Caffeine

Caffeineဓ ါတ်ဟာ အမျိုး သမီးများ၏ မျိုးဆက် ပွားခြင်းကို ဘယ်လိုမှ ကောင်းကျို းမဖြစ်စေပါဘူး၊caffeine ဓါတ်များသော ကော်ဖီ၊ ချောက်ကလက် အစရှိသည ့်အရည် များကို တစ်နေ့ ၄ခွက်ထက ်ပို မိုသောက်သုံ းပါက အမျိုးသမီး များ မျိုးအောင်နိူင်ခြေကို ၂၆% ကျဆင်းစေပါတယ်။

 

( ၆ ) ပုံမှန် လိင် ဆက်ဆံခြင်း ကိုပြုလုပ်ပါ။

အကောင်းဆုံး အကြံပြုချက ်ကတော့ တစ်ပါတ ်လျှင် ၂ကြိမ် ၃ကြိမ်ဖြင့် အပတ် တိုင်းပြုလုပ်ခြင်းဖြင့် သင့်အား ကလေး ရစေဖို အခွင့် အလမ်း ပိုများလာစေပါ လိမ့်မည်။ လိင် ဆက် ဆံပြီး ပါကလည်း ချက်ခြင်း ထပြီးရေချိုးခြင်း မျိုးထက် ၁၀မိနစ် ၁၅ မိနစ်ခန့် လှဲလှောင်းနေပေးပါ။ တစ်ချို့တွေ ကတော့ ခြေ၂ ချောင်းက ိုလေထဲ တွင်မြှောက်ထား လျှင ်ပိုကောင်းသည ်ဟုဆိုကြသော်ငြား လည်း တကယ် တန်းတော့ မလိုအပ်ပါဘူး။ တင်ပါးအောက ်တွင် ခေါင်းအုံး ကဲ့သို့သောမြင့် တက်လာ စေမည့် ပစ္စည်း တစ်ခု ခံထားလျှင ်လည်း အဆင်ပြေနိူင်ပါတယ်။ အမျိုးသားများ ၏ သုတ်ပိုး များဟာ ရ ရက်လောက် ကူးခတ် အသက်ရှင်နိူင် တာကြောင့် နေတိုင်း ကလေး ရစေရန် အတွက်တော့ကြိုးစားဖ ို့မလိုအပ်ပါဘူး။ ကျန်းမာသော သုတ်ပိုးများ ရရှိစေဖို့ကို သာကြိုး စားကြ စေလိုပါတယ်။

 

( ရ ) ရာသီစက်ဝန်းကို နားလည်သိရှိခြင်း

အမျိုးသမီးများ အနေ့ဖြင့် ပုံမှန်၂၈ ရက် ရာသီ စက်ဝန်း အတွက် ရာသီပေါ်ချိန် အစရက်မှ ( ၁၄ ) ရက်မြောက်နေ့တွင် မျိုးဥကြွေလေ ့ရှိပါတယ်။ ထိုရက်တွေမှာ လိင်ဆက်ဆံခြင်း ဟာ ကိုယ်ဝန်ရစေ မဲ့ အကောင်းဆုံး နည်းလမ်း ပါ။ အမျိုးသား သုတ်ပိုးဟာ အမျိုးသမီး၏ ကိုယ်အတွင်း ရ ရက်လောက် အသက်ရှင ်နိူင်ပြီး အမျိုးသမီး ၏ မျိုးဥများ ကတော့ ၁၂နာရီမှ ၂၄နာရီ အတွင်းသာ အသက ်ရှင်နိူင်ကြ တာပါ။ ထို့ အတွက်ကြောင်း သင်တို့နှစ်ဦး အနေနှင့် အကောင်းဆုံး အချိန်မှာ အကောင်းဆုံးကြိုးစားခြင်းဖြင့်လည်း ကလေးရစေဖို ့အခွင ့်အလမ်းများ ဖြစ်ပေါ်စေပါလိမ့်မယ်။ ထို့ကြောင့် အမျိုးသမီးတိုင်း မတူညီနိူင်တဲ့ မိမိ ရက်တွေ ကို နားလည် တွက်ချက်နိူင်အောင် လုပ်ခြင်းဟာ အရေးကြီးဆုံးပါပဲ။

 

( ၈ ) ဆရာဝန်နဲ့ ဆွေးနွေးတ ိုင်ပင်ပါ။

လူအများ စု ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးဖို ့အရမ်းနောင့်နှေးနေ တတ်ပါတယ်။ နီးစပ်ရာ ဆေးမှီးတိုမ ျားနဲ့ ကုသတာတွေ၊ စမ်းတဝါးဝါး လုပ်နေတာတွေကို အချိန်ကိုကြာစေသလို၊ မှားယွင်း တဲ့ ကုသမှူတွေ ကလည်း သင့်အားဘေးဖြစ်စေနိူင်ပါတယ်။ ဒါမဖြစ်သင့်ပါဘူး။ အထူးကုများနှင့်ပြပါ။ မိမိ အခက်အခဲတွေကို ပွင့်လင်းစွာပြောပြပါ။ ဆွေးနွေးပါ။ အကူညီတောင်းပါ။ ဒါဟာ မိမိ ဘာဖြစ်နေလည်း ဆိုတာ သိပ္ပံနည်း ကျကျ တိကျစွာ သိနိူင်မဲ့ နည်း တစ်ခုတည်းသော နည်းလမ်းပါ။ ဒါမှလည်း သင်၏ အားနည်း ချက်လား၊ သင့် အမျိုးသား၏ အားနည်းချက်လား ဆိုသည်က ိုသိရှိပြီး အမြန်ဆုံး အကောင်းဆုံးသော နည်းလမ်း များဖြင့် ကိုယ်ဝန်ဆောင်နိူင်စေ ရန် အခွင့်အလမ်းများ ပေါ်ပေါက်လာနိူင် မှာဖြစ်ပါတယ်။ တစ်ဖက် ဖက ်မှဖြစ်စေ ၂ဦး လုံးမှဖြစ်စေ ချို့ယွင်းချက ်ရှိသူများ အနေနဲ့ ကတော့အထူးက ဆရာဝန်ဲ့များနှင့် ကုသ မှသာ အောင်မြင်နိူင ်ဖို ့နီးစပ်မှာပါ။

 

( ၉ ) စိတ်ဖိစီးမှု လျှော့ပါ။

စိတ်ဖိစီးမှူဟာ ကိုယ်ဝန် လိုချင်သော မိဘ များဖြစ်တတ်သော အရာပါ။ ကလေး ရအောင်ကြိုးစားရင်း ထ ိုစိတ်ဖိ စီးမှူကြောင့်ပဲ ကလေး ရစေဖို ့အဟန ့်အတားဖြစ်စေ ပါတယ်။ ထ ို့အတွက် ၂ဦးစလုံး စိတ်ဖိစီးမှူ ကိုလျှော့ချနိူင်အောင်ကြိုးစားပါ။ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေ တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း များပြု လုပ်ခြင်းဖြင ့်လည်း စိတ်ဖိစီးမှူတွေ ကိုလျှော့ချပေးနိူင်ပါလိမ့်မယ်။ ဒါဟာ ၂ဦးစလုံး လုပ်ရမဲ့ အရာပါ။

 

( ၁၀ ) အချိန်ယူပါ။

ကိုယ်ဝန ်ရဖို ့လွယ်ကူသူတေ ွမဟုတ်တဲ့ အတွက် ချက်ခြင်းကြီးဖြစ်လာဖို့ ဆိုတာကတော့ မဖြစ်နိူင်ပါဘူး။ ထို ့အတွက် အချိန် ယူပြီးနေထိုင်ပါ။ ဆရာဝန ်နဲ့ ပုံမှန် မဟုတ်တောင ်အခွင့်သင့် သလိုပြ သပြီးကုသမှူ ခံယူပါ။ ထို့ အတွက်ကြောင့်လည်း အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်ရန် အကောင်းဆုံး အချိန်ဖြစ် တ ဲ့၁၈နှစ်မှ ၂၅ နှစ ်အတွင်း အိမ်ထောင်ပြုပြီး ပါက ကလေးယူသင့်သည်။ အသက် ၃၅ နှစ်အောက်တွေ အတွက် ကတော့ အခက်ခဲမ ရှိသေးပေမယ့် အသက် ၃၅နှစ်ကျော် လာပါက မျိုးဥအောင်ဖို့ အတွက် ခက်ခဲ လာနိူင်ပြီး ကိုယ်ဝန်ဆောင ်နိူင်ဖို ့ရာခိုင်နူံန်းလည်း သူများနှင့် ယှဉ်လျှင်နည်း ပါးလာပါလိမ့်မည်။ မိခင်လောင်းများ ဘဝကို အမြန်ဆုံးပိုင် ဆိုင်နိူင်ကြပါစေ။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18