Print

လစ်လျှူမရှုသင့်သော လေဖြတ်နိုင်ချေရှိသော သတိပေးလက္ခဏာများ

  30-Apr-2020
Preview Image

          လေဖြတ်ခြင်းခံစားရသူများကို ၃နာရီအတွင်းမှာ သိနိုင်မယ်ဆိုရင် ပြန်ကောင်းအောင် ခွဲစိတ်ကုသနိုင်တဟ်ဆိုတဲ့အကြောင်းကို အာရုံကြောခွဲစိတ်အထူးကုများက အခိုင်အမာ ပြောဆိုထားပါတယ်။

     ဆေးပညာအကြောင်း ဗဟုသုတနည်းသူတွေကတော့ လေဖြတ်ပြီဆိုရင် အဆိုးဘက်ကိုပဲ တွေးတတ်ကြပြီး ပြန်မကောင်းနိုင်တော့ဘူးလို့ ယူဆကြပါတယ်။

     ဒါကြောင့် အကြမ်းဖျင်းနားလည်အောင် အကျဉ်းချုပ်လေးရှင်းပြချင်ပါတယ်။ ဖတ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ ကိုယ့်ကိုယ်ကို ကယ်တင်နိုင်သလို အခြားသူတွေရဲ့အသက်တွေကိုလည်း ကယ်တင်နိုင်ပါလိမ့်မယ်။

 

လေဖြတ်နေပြီလားဆိုတာကို ဘယ်လိုသိနိုင်မလဲ?

-ဘယ်ဘက်လက် ဘယ်ဘက်ခြေထောက် ဒါမှမဟုတ် မျက်နှာဘယ်ဘက်ခြမ်း ထုံကျင်မှုခံစားရခြင်း။

-စကားပြောရခက်ခဲခြင်း ( စကားပြောစဉ် ဗလုံးဗထွေးဖြစ်ခြင်း)၊ အခြသူများ၏စကကို နားမလည်နိုင်ဖြစ်ခြင်း။

-အမြင်အာရုံဆုံးရှုံးခြင်း (မျက်လုံး တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံး)

-ကိုယ်တစ်ခြမ်းလုံးဒါမှမဟုတ် ကိုယ်တစ်ပိုင်းလုံး အကြောသေခြင်း။

-ခေါင်းမူးခြင်း၊ သတိလစ်ခြင်း။

 

လေဖြတ်နေလားဆိုတာသိနိုင်အောင် လုပ်နိုင်တဲ့ အဆင့် ၄ဆင့်

-ပြုံးပြခိုင်းခြင်း (နှုတ်ခမ်းထောင့်တစ်ဖက်နဲ့တစ်ဖက် မညီညာခြင်း)

-ရိုးရှင်းလွယ်ကူတဲ့ စာကြောင်းတစ်ခု ဖတ်ခိုင်းခြင်း ( မဖတ်နိုင်ခြင်း၊ ဗလုံးဗထွေး ဖြစ်နေခြင်း)

-လျှာထုတ်ခိုင်းခြင်း( လျှာသည် တစ်ဖက်ဖက်သို့ စောင်းနေခြင်း)

-လက်နှစ်ဖက်လုံးမြှောက်ခိုင်းခြင်း (လက်မမြှောက်နိုင်ခြင်း)

    အကယ်၍ အထက်ပါအချက်တွေထဲက တစ်ချက်ချက်ရှိနေလျှင် အရေးပေါ်ဌာနကို ချက်ချင်းအကြောင်းကြားပါ။

 

Reference- Bright side

Dr.Lwin



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18