Print

Vaccination ကလေးကာကွယ်ဆေးများ

  30-Oct-2016
Preview Image

 

ဆရာရှင့် ရိုသေစွာဖြင့်မေးပါရစေ။ ကျမသမီးလေးက အသက် ၃ နှစ်ပါ။ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးက ဘယ်အသက်အရွယ်မှာထိုး ရပြီး ဘယ်နှကြိမ်ထိုးရမလဲသိချင်လို့ပါရှင့်။ကလေးတွေအတွက် Pentavalent Vaccine ငါးမျိုးတွဲကာကွယ်ဆေးဆိုတာ(ဆုံဆို့ + ကြက်ညှာ + မေးခိုင် + အသည်းရောင် (ဘီ)ပိုး+(ဟီမိုဖီးလပ်စ်-ဘီ) ပိုး ကာကွယ်ဆေးဖြစ်တယ်။ (ဟီမိုဖီးလပ်စ်-ဘီ) ပိုးကနေ ဦးနှောက် အဖုံးလွှာရောင်တာ၊ နူမိုးနီးယားနဲ့ နားပြည်ယိုတာတွေကို ဖြစ်စေနိုင်တယ်။Haemophilus influenzae type b (Hib) ဟီမိုးဖေးလပ်စ် ဗက်တီးယား ကူးစက်ရောဂါကို တနှစ်မှာ ကလေးပေါင်း ၈ သန်းလောက်ခံစားနေရတယ်။ ၃၇၁ဝဝဝ ယောက်သေဆုံးနေရတယ်လို့ ၂ဝ၁၂ ခုနှစ် WHO က ခန့်မှန်းထားတယ်။

 

ဦးနှောက်အဖုံးလွှာရောင်တာနဲ့ နူမိုးနီးယားတွေဖြစ်တယ်။ ၅ နှစ်အောက်ကလေးတွေကအများဆုံးဖြစ်တယ်။ မချမ်းသာသေးတဲ့ တိုင်းပြည်တွေ မှာ နူမိုးနီးယားကပိုများတယ်။ ဦးနှောက်အဖုံးလွှာရောင်ရင် ၁၅-၃၅% မှာ ရာသက်ပန် ဒုက္ခိတဖြစ်စေတယ်။ နားမကြားရတာနဲ့ ဉာဏ်ရည်နိမ့်တာ။မြန်မာနိုင်ငံမှာ တစ်နှစ်ခွဲအောက် ကလေးငယ်တွေကို ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအနေနဲ့ ကာကွယ်ဆေးတွေ ထိုးပေးနေခဲ့တယ်။ ဒိနောက် Hepatitis B Vaccine အသည်းရောင် (ဘီ) ကာကွယ်ဆေးအသစ်ကို ၂ဝဝ၃-ဝ၄ ခုနှစ်ကစပြီး ၂ဝ၁၁ ခုနှစ် မေလအထိ (၅) နှစ် စီမံချက်နဲ့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းထဲမှာ (၁) နှစ်အောက် ကလေးတွေကို (၃) ကြိမ် ထိုးဘို့ ထည့်သွင်းလာခဲ့တယ်။ ဒါပေမဲ့ ၂ဝ၁၁ ခုနှစ် မေလ နောက်ပိုင်းမှာတော့ Hepatitis B vaccine အသည်းရောင် (ဘီ) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အရ မထိုးနိုင်တော့ပါ။

 

အခုတော့(၅) နှစ်အောက်ကလေးငယ်တွေမှာ ပြင်းထန်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါနဲ့ ပြင်းထန်တဲ့ နူမိုးနီးယား ရောဂါတွေကို ဖြစ်စေတဲ့ Haemophilus type-b (Hib) (ဟေမိုဖီးလပ်စ်-အင်ဖလူရင်ဇာ ဘီ) အမျိုးအစား ဗက်တီးရီးယား ပိုးကိုပါ ကာကွယ်နိုင်တဲ့ Penta Valent Vaccine ငါးမျိုးတွဲကာကွယ်ဆေးကို ထိုးပေးနေပါပြီ။ရောဂါ (၅) မျိုးကို တစ်ကြိမ်တည်းထိုးနိုင်တဲ့ ကာကွယ်ဆေးအသစ် ဖြစ်ပါတယ်။ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် (ဘီ) နဲ့ ဟေမိုဖီးလပ်စ် ဦးနှောက် အမြှေးရောင်ရောဂါ၊ ဟေမိုဖီးလပ်စ် အဆုတ်ရောင်ရောဂါနဲ့ နားရောင်တာတွေကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အရင်က ရောဂါ(၇)မျိုးအတွက်ကာကွယ်ဆေးကိုသာ ထိုးနှံနိုင်ခဲ့ရာ ကနေရောဂါ (၈) မျိုးကို ကြိုတင်ကာကွယ်ပေးနိုင်တော့မှာပါ။

 

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများဆုံးထိုးလေ့ရှိတဲ့ ကာကွယ်ဆေးထိုးဇယား

• BCG (တီဘီ) ကာကွယ်ဆေး၊ မွေးမွေးချင်း၊

• DTP (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ကာကွယ်ဆေး၊ ၂-၄-၆ လ၊

• HB (ဘီ) ပိုး ကာကွယ်ဆေး၊ ၂-၄-၆ လ၊

• HIB (ဟီမိုဖီးလပ်စ်-ဘီ-ပိုး) ကာကွယ်ဆေး၊ ၂-၄-၆ လ၊

• Pentavalent (DTP+HB+BiB) (ဆုံဆို့-ကြက်ညှာ-မေးခိုင် + (ဘီ) ပိုး + (ဟီမိုဖီးလပ်စ်-ဘီ) ပိုး ကာကွယ်ဆေး၊ 2, 4, 6 months ၂-၄-၆ လ၊

• OPV သူငယ်နာ-အကြောသေ ကာကွယ်ဆေး၊ ၂-၄-၆ လ၊

• Measles ဝက်သက် ကာကွယ်ဆေး၊ ၉ လ၊

• MMR (ဝက်သက် + ဂျာမန်-ဝက်သက် + ပသိရောင်) ကာကွယ်ဆေး၊ ၁၂ လ။

 

Immunization Profile - Myanmar WHO website မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးခြင်း (လက်ရှိ)

• HepB အသည်းရောင် (ဘီ) ကာကွယ်ဆေး = မွေးကာစ-၆-၁ဝ-၁၄ ပါတ်၊

• BCG တီဘီကာကွယ်ဆေး = ၆ ပါတ်၊

• DTwP ဆုံဆို့-ကြက်ညှာ-မေးခိုင် = ၆-၁ဝ-၁၄ ပါတ်၊

• OPV ပိုလီယို ကာကွယ်ဆေး = ၆-၁ဝ-၁၄ ပါတ်၊

• Measles ဝက်သက် ကာကွယ်ဆေး (၂ဝဝ၇ မှစသည်) = ၉-၁၈ လ၊

• TT မေးခိုင် ကာကွယ်ဆေး = ကိုယ်ဝန်ဆောင် ပဌမအကြိမ်လာစဉ် တခါနှင့် ၄ ပါတ်ခြားတခါ၊

 

Ref:

ဒေါက်တာတင့်ဆွေ

၁၅-၆-၂ဝ၁၅

သစ်ထူးလွင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18