Print

သိပ်တော်တဲ့ကလေး ဘယ်လိုမွေးမလဲ

  02-Sep-2019
Preview Image

          ကလေးပညာပေး ကဗျာဆရာမ Dorothy Aldis ၏ ‘သကြားလုံး (About Candy) ကဗျာကိုလည်း ဖတ်ကြည့်ပါဦး

-       လျှာနဲ့ သကြားလုံးလျက်တဲ့အခါ အချွန်ကလေး ဖြစ်သွားတဲ့အထိပါ

-       သကြားခဲစားရင်တော့ ပါးစောင်မှာ ကပ်ထား ဝါးစားလို့မရ အရည်အမြန်ပျော်သွား

နှစ်နှစ်အရွယ်၊ သုံးနှစ်အရွယ် ရင်သွေးငယ်များ ဖတ်ရင်း စဉ်းစားစရာများ ပေါ်လာနိုင်သည့် အောက်ပါ ‘ပိုးကောင်ကလေးတစ်ကောင် (A Bug) ကဗျာကလေးကိုလည်း ဖတ်ကြည့်ပါဦး ရေးသူမှာ Aileen Fisher ဖြစ်သည်။

-       ပိုးကောင်ကလေး တစ်ကောင်မြင်လိုက်တယ်။ ခြေထောက်ကလည်း အချောင်းပေါင်း နှစ်ဆယ်

-       လမ်းပေါ်တက်လိုက်ဆင်းလိုက်နဲ့ လျှောက်လို့သွား

-       တကယ်လို့များ ခြေတစ်ချောင်းနဲ့ ခလုတ်တိုက်မိရင် သူသိမှသိပါ့မလား


လက်ဆောင်ပေးဖို့ကောင်း

          မျက်မှောက်ကာလတွင် အလားတူ စိတ်ဝင်စားဖွယ် ကလေးကဗျာများစွာကို  စာကြည့်တိုက်စာအုပ်စာတမ်းများတွင် တွေ့နိုင်ပါသည်။ နှစ်နှစ် သို့မဟုတ် သုံးနှစ်အရွယ်ကလေးငယ်များအတွက် ခရစ္စမတ် လက်ဆောင်ပေးလိုလျှင် ကလေးကဗျာညွန့်ပေါင်းစာအုပ်မျိုး ဝယ်ပေးရှာပေးသင့်ပါသည်။ မိဘများက မိမိတို့၏ ရင်သွေးငယ်များအား ကဗျာရွတ်နည်းသင်ပေးခြင်း၊ ကဗျာရွတ်ပြ/ ဖတ်ပြခြင်းသည် အန္တရာယ်မရှိပါ။ ကဗျာဖတ်ပြမှုမျိုးကို မိဘများ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်စွမ်းရှိသည်။ ကာရံအသံပိုသာခြင်း၊ စဉ်းစားစရာ အဓိပ္ပာယ်များပါရှိလျှင် ကလေးများ ပိုမိုသဘောကျတတ်သည်။


ဖတ်ခိုင်းလျှင် မငြိုငြင်ပါနှင့်

          မိဘများက အကြိမ်ကြိမ် ဖတ်ပြထား၍ မိဘများရော ကလေးငယ်များပါ အလွတ်နီးပါးရနေပြီဖြစ်သည့် ကလေးကဗျာကောင်းကျိုးကို ၁၇ ကြိမ်ခန့်အထိ ဖတ်ပြခိုင်းစေချင် ဖြစ်ကြသည်။ အချက်မှာ အသက်အရွယ်မျိုးတွင် ကလေးငယ်တို့၏ ထူးခြားသော လိုအင်ဖြစ်သည်။ အကြိမ်ကြိမ်ရွတ်ပြခြင်းနှင့် ကလေးများက ကဗျာတွင်ပါရှိသော ကဗျာဆရာ၏ စိတ်ကူးနှင့် စကားလုံးသုံးစွဲမှု ပုံစံများအကြောင်း ကျွမ်းကျွမ်းကျင်ကျင် နားလည်တတ်မြောက်သွားစေနိုင်သည်။ မိဘရောကလေးပါ အလွတ်ရထားပြီး ကလေးကဗျာတစ်ပုဒ်ကို ကလေးဆန္ဒအတိုင်း အကြိမ်ကြိမ်ရွတ်ပြဖတ်ပြရခြင်းသည် အလဟဿ အချိန်ဖြုန်းခြင်း မဟုတ်ကြောင်း သတိချပ်သင့်သည်။


ပိုမိုသဘောပေါက်လာ

          ထိုအဆင့်ကျော်သွားပါက စာဖတ်ခြင်းသည် ဘာသာစကားနှင့် ပတ်သက်သော ပုံစံတစ်မျိုးဖြစ်ကြောင်း ကလေးများ သဘောပေါက်သွားစေရမည်။ စာရေးခြင်းသည်လည်း ပါးစပ်မှ ပြောဆိုမှုများကို စာနှင့်ရေးလိုက်ခြင်း ဖြစ်သည်။ နားလည်သွားစေရန် အသိပေးရမည်။ ကလေးငယ်၏ နာမည်ကို စကားလုံးကလေးများနှင့် ရေးချကြည့်လျှင် မည်သို့ရှိမလဲဆိုသည်ကို ပြရမည်။ ဘွားဘွားကိုပြောပြချင်သည့် စကားများကို စာဖြင့်ပြောပြရမည်။ စာအုပ်အဖုံးများပေါ်မှ ပုံနှိပ်ထားသည့် စာအုပ်အမည်များ၊ ကက်ဆက်ခွေ၊ ဗီဒီယိုခွေများပေါ်က သီချင်းအမည်များ၊ ဇာတ်ကားအမည်များကို လက်ညှိုးထောက်ပြီး ဖတ်ပြရမည်။ ကလေးငယ်ကိုင်တွယ်နေကျ ပစ္စည်းမျိုးပေါ်တွင် သတိပေးစာများ ရေးပြီး ကပ်ပေးရမည်။ ရိုရိုသေသေကိုင်ပါ။ ကစားပြီးနေရာတကျ ပြန်သိမ်းပါ စသည့် သတိပေးစကားများဖြစ်ကြောင်း ဖတ်ပြရှင်းပြရမည်။ အက္ခရာစာလုံးကလေးများနှင့် ပတ်သက်၍ အမေးအမြန်း ထူလာခဲ့လျှင် မိဘများက စိတ်ရှည်လက်ရှည် ရှင်းပြရမည်။

 

စူးစမ်းချင်စိတ်

          လမ်းလျှောက်တတ်စ ကလေးများပင် အာရုံခံလှုပ်ရှားမှုနှင့် ပတ်ဝန်းကျင်အပေါ် လေ့လာသင်ယူတတ်ကြသည်။ သူ့ကို ချုပ်ချယ်ထားမှုကို မကြိုက်၊ ပစ္စည်းတစ်ခုခုကို လွတ်လွတ်လပ်လပ် ထိချင်သည်။ ကိုင်ကြည့်ချင်သည်။ ဆွဲကြည့်ချင်သည်။ တွန်းကြည့်ချင်သည်။ အကုန်စုပုံထားလိုက်ချင်သည်။ တစ်ခုစီကွဲပြားသွားအောင် အစီအစဉ်ကို ဖျက်ကြည့်ချင်သည်။ ပြီးနောက် ပြန်ပြီး စီစဉ်ကြည့်ချင်သည်။ လွင့်ပစ်ကြည့်ချင်သည်။ သူတစ်ခုခုလုပ်လိုက်လျှင် ဘာတွေဖြစ်သွားမလဲဟု စူးစမ်းကြည့်ချင်သည်။

 

သူ့ဆန္ဒသူ့ဘဘော

          ကလေးငယ်၏ လုပ်ဆောင်နေမှုများသည် မိဘများက တစ်ခုခုလုပ်ခိုင်းပြီး လေ့လာသင်ယူစေခြင်း မဟုတ်ပေ။ သူဆန္ဒ၊ သူ့သဘောကျနည်း အမျိုးမျိုးနှင့် လက်တွေ့စမ်းသပ် သင်ယူနေခြင်းဖြစ်သည်။ ဤသည်ပင် နှစ်နှစ်သားအရွယ်၊ သုံးနှစ်သားအရွယ်ရောက်လျှင် ပြောမရ ဆိုမရဖြစ်နေတတ်ခြင်း၏ အကြောင်းအရင်း ဖြစ်သည်။ ကလေးငယ်သည် လှေကားပေါ်မှ ဆင်းကြည့်သည် အောက်ဘက်ကို ဘယ်အခါမှ ကျရောက်မည်နည်း။ သူ့ဘာသာအကြိမ်ကြိမ်စမ်းသပ်ဆင်းကြည့်လိမ့်မည်။ စားအုပ်ထဲတွင် ပုံနှိပ်ထားသော စားလုံးများကို မိဘများက ဆယ့်နှစ်ကြိမ်လောက် ဖတ်ပြပြီးမှ တကယ်ရေးထားတာတွေပါလားဟု ယုံကြည်လက်ခံတတ်သည်။ ကလေးငယ်သည် မိမိခြုံနေကျ စောင်ပန်းရောင်ကလေးနှင့် အိပ်ရာဝင် ဝက်ဝံရုပ်ကလေးနှင့် အိပ်ရာထဲတွင် ပြည့်ပြည့်စုံစုံရှိနေမှ သူကောင်းကောင်းမွန်မွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမည်ဟု ယုံကြည်နေတတ်ကြသည်။

 

လက်မခံသင့်

          မိဘများအနေနှင့် မိမိ၏ ရင်သွေးငယ်သည် သိပ္ပံပညာရှင်ကြီးများ လုပ်သလို ပိုမိုလွန်ကဲသော လက်တွေ့စမ်းသပ်မှုမျိုးကိုမူ လက်မခံမိဖို့ အရေးကြီးသည်။ ကယ်လီလီယို ကမ္ဘာ့ဆွဲအားရှိမရှိ စမ်းသပ်သလို မိမိ၏ကလေးငယ်က မီးဖိုစားပွဲပေါ် တက်ရပ်ပြီး ကြည်ဥများတစ်လုံးပြီးတစ်လုံး ပစ်ချဖောက်ခွဲပစ်နေသည်ကိုမူ ခွင့်မပြုသင့်ပေ။ ရွေ့လျားမှု အရှိန်နှုန်းစမ်းသပ်ကြည့်သလို မိမိ၏ကလေးငယ်က အိမ်နီးချင်း ပြတင်းမှန်များကို အဝေးမှ ကျောက်ခဲများနှင့် ပစ်ပေါက်ရိုက်ခွဲနေမှုမျိုးကိုလည်း လက်သင့်မခံသင့်ပေ။ ဦးနှောက်ဖွံ့ဖြိုးကြီးထွားလာမှု လိုအပ်ချက်အရ ကလေးငယ်က အိပ်ရာဝင်ပုံပြင်တစ်ပုဒ်တည်းကို ညစဉ်ညတိုင်း ၁၃ ညတိတိ ပြောခိုင်းနေလျှင် စိတ်မဆိုးပါနှင့်။

 

အကျင့်ကောင်းစွဲသွားစေဖို့

          Dr.montessori က မိမိ၏ကလေးငယ် တစ်စုံတစ်ခုကို ပုံမှန်လုပ်ကိုင်ရန် အလေ့အကျင့် ဖြစ်နေလျှင် မဟန့်တားပါနှင့်။ နေရာတကျ သေသေသပ်သပ် ထားတတ်သောအကျင့် ရသွားစေရန် အခွင့်ကောင်းယူလျက် သင်ကြားပေးနိုင်သည်ဟု အကြံပေးခဲ့သည်။ မိဘများက ဒေါက်တာမွန်တက်ဆိုရီ အကြံပေးချက်အတိုင်း အိမ်တွင် ကလေးငယ်ကစားနေကျ ပစ္စည်းကလေးများကို ကလေးငယ်မှီလောက်သည့်အဆင့်တွင် အဖုံးအအုပ်မရှိဘဲ ထားပေးကြသည်။ ကလေးငယ်က ထိုနေရာတွင်ရပ်ပြီး ကြိုက်ရာအရုပ်ကို ယူဆော့ပြီး ပြန်လာထားတတ်အောင် သင်ပေးနိုင်သည်။ မိဘများက ကစားစရာတစ်ခုစီကို အရောင် အပြာရောင်တိပ်ကပ် ထည့်ထားသည့် သေတ္တာ သို့မဟုတ် ခြင်းတောင်းကိုလည်း အပြာရောင်တိပ်ကပ်၊ ကလေးကစားစရာများကို တိပ်အရောင်ခွဲလျက် ထားရှိပေးနိုင်သည်။ ထိုသို့ ခွဲခြားသတ်မှတ်ပေးထားသည်နှင့်အမျှ ကလေးငယ်သည် စနစ်တကျ ထားသိုခြင်းအကျင့်ကောင်းကို ရရှိသွားပေလိမ့်မည်။

 

သူ့ပစ္စည်း သူ့နေရာ

          မိဘများက နှစ်နှစ်ခွဲအရွယ် မိမိရင်သွေးငယ်အတွက် သီးသန့်ကြိုးတန်းနိမ့်နိမ့် သို့မဟုတ် အဝတ်ချိတ်တန်းနိမ့်နိမ့်တစ်တန်း စီစဉ်ပေးနိုင်လျှင် ကောင်းသည်။ သို့မှသာ သူ့အင်္ကျ ီ၊ ဘောင်းဘီကလေးများထားရှိသည့်နေရာကို သိထားပြီး စည်းကမ်းတကျ ပြန်ထားတတ်ဖို့ နားလည်သွားပေလိမ့်မည်။ ဤအရွယ်တွင် ကလေးငယ်သည် မိမိ၏ အဝတ်အစား အသုံးအဆောင်များနှင့် ပတ်သက်၍ သူတစ်ပါးအကူအညီမပါဘဲ သုံးချင်၊ လိမ်းချင်တတ်ကြသည်။ တစ်ခါတရံ အင်္ကျ ီကြယ်သီးတပ်မရ၍ ငိုချင်သလို ဖြစ်နေတာ သားငယ်ကို မိခင်က ဝင်ကူညီပေးရတတ်သောအရွယ်ဖြစ်သည်။

 

Credit: မောင်ကြည်သန့်

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18