Print

ကလေးကျန်းမာရေးအတွက် လက်တွေ့လုပ်ဆောင်သင့်သော အချက်များ

  14-Jul-2019
Preview Image

          ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးက မိခင်ကိုယ်ဝန်ဆောင်တဲ့အချိန်၊ ကလေးမီးဖွားတဲ့အချိန်၊ အသက်ငါးနှစ်အရွယ်အထိ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးကြီးထွားတဲ့အချိန်တွေမှာ ပိုမိုအရေးပါပါတယ်။ အသက်အရွယ် ငါးနှစ်အထိလို့ ပြောရာမှာလည်း မွေးကင်းစအရွယ် ပထမရက်သတ္တပတ်၊ အသက်သုံးနှစ်အောက် အာဟာရဖွံ့ဖြိုးရေးနဲ့ အသက်ငါးနှစ်အောက် ကူးစက်ရောဂါ ကင်းဝေးရေးတို့ကို ပိုမိုအလေးပေး ဆောင်ရွက်သင့်ပါတယ်။


ကိုယ်ဝန်ဆောင်မိခင်

          မိခင်လောင်းအတွက် အာဟာရပြည့်ဝရန် လိုအပ်ပါတယ်။ ဝမ်းတွင်းရှိကလေးအတွက်ပါ။ ကျန်းမာဖွံ့ဖြိုးရန်အတွက် အစားအသောက်စားသုံးရန် လိုအပ်ပါတယ်။ အစာမရှောင်ရန်လည်း အရေးကြီးပါတယ်။


သားဦးကိုယ်ဝန်ဆောင် မိခင်တွေကို ကျန်းမာရေးပညာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်ရပါမယ်။ မိခင်ရော ကလေးပါ ကျန်းမာရေး အတွက် ပေးအပ်သော ကျန်းမာရေးအတွက် ပေးအပ်သော ကျန်းမာရေးပညာပေးမှုက နောင်မွေးဖွားမည့် ကလေးများအတွက်လည်းကောင်း၊ သားစဉ်မျိုးဆက် အတွက်လည်းကောင်း၊ ရှေ့ဆက် အသုံးဝင်မှာ ဖြစ်ပါတယ်။

  

        ရှေးရိုးရာဓလေ့များကို တွယ်ဖက်ထားပြီး မိခင်နှင့် ကလေးအတွက် ကျန်းမာရေးကို အရေးမပေးသော အယူအဆများကို ပယ်ဖျက်ရန် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အိမ်တွင်းကိစ္စရပ်များကို လုပ်ကိုင်မှုရှိသလို စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေကြသူများအတွက် သင့်တင့်လျောက်ပတ်သော အနားယူမှုကို ဆောင်ရွက်ပေးရပါမယ်။ စိတ်ရောကိုယ်ပါ အနားယူသင့်ပါတယ်။

 

         ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပြုရာမှာ မိခင်နို့ချိုတိုက်ကျွေးရန်အတွက် သားမြတ်သန့်ရှင်းရေး၊ နို့သီးခေါင်း ပီပီပြင်ပြင် ထွက်ရှိရန် ပြင်ဆင်ရေးနှင့် နို့ချိုတိုက်ကျွေးနည်းများကို ပညာပေးရန် သေသေချာချာ ဆောင်ရွက်သင့်ပါတယ်။


          လိုအပ်သော သံဓာတ်၊ ဖောလစ် အက်ဆစ်၊ ဗီတာမင်ဘီ (ဘီဝမ်း) စတာတွေကိုလည်း တိုက်ကျွေးရန်နှင့် သန်ချခြင်းများကိုလည်း ဆောင်ရွက်ရန် အရေးကြီးပါတယ်။

 

မွေးကင်းစကလေး

          သားဦးကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသုံးယောက်အထက် မိခင်များကို ကျန်းမာရေးထိရောက်စွာ ပေးအပ်နိုင်သော ကျန်းမာရေးဌာနများတွင်သာ မွေးဖွားရန် လိုအပ်ပါတယ်။ မွေးကင်းစကလေး ရေမွန်းခြင်းဖြစ်လျှင် ချက်ချင်းမကုသနိုင်ပါက ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးပြီး၊ ဉာဏ်ရည်မမှီသော လူစင်မမှီသော ကလေးများဖြစ်တတ်ပါတယ်။ ကလေးသေနှုန်းကျဆင်းသော်လည်း ဉာဏ်ရည်မထက်မြတ်သော ကလေးများ များလျှင်လည်း ကျန်းမာရေးစံနှုန်း မကောင်းဖြစ်ပါတယ်။

 

         မွေးကင်းစကလေးမှာ အသားဝါရောဂါဖြစ်လျှင်လည်း ထိရောက်သော ကုသမှုများပေးမှသာလျှင် ဦးနှောက်ထိခိုက်မှုမှ ကင်းဝေးမှာ ဖြစ်ပါတယ်။ မွေးကင်းစအသားဝါရောဂါမှာ ပထမရက်သတ္တပတ်အတွင်းမှာ အရေးကြီးသလို ကလေးအသက် နှစ်ပတ်ကျော်သည်အထိ အသားဝါဆက်ရှိနေလျှင်လည်း ရောဂါဆန်းစစ်မှုပြုလုပ်ပြီး ကုသရန် အရေးကြီးပါတယ်။ ပေါင်မပြည့် လမစေ့မွေးဖွားလာသော ကလေးများကိုလည်း ခန္ဓာကိုယ်အပူချိန်ကျဆင်းမှု၊ သွေးထဲ သကြားဓာတ်လျော့နည်းမှု၊ သွေးယိုခြင်းဖြစ်မှု ၊ အသက်ရှူခက်ခဲခြင်း စတာတွေကို ထိထိရောက်ရောက် ကုသမှုပေးနိုင်ရန် အရေးကြီးပါတယ်။ အခြေခံကျသော ရှေးဦးပြုစုနည်းများကို စနစ်တကျ ပြုစုစောင့်ရှောက်ရန် လိုအပ်ပါတယ်။

 

         လွယ်ကူစွာ တိုက်ကျွေးနိုင်ခြင်း၊ စရိတ်သက်သာခြင်း၊ လိုအပ်သော အာဟာရပြည့်ဝခြင်း စသော အကျိုးကျေးဇူးများရရှိနိုင်မည်။ မိခင်နို့တိုက်ကျွေးခြင်းကိုလည်း စဉ်ဆက်မပြတ် အလေးပေးလုပ်ဆောင်သင့်ပါတယ်။ အလုပ်လုပ်သောမိခင်များ များပြားလာသဖြင့် နို့မှုန့်တိုက်ကျွေးခြင်း လိုအပ်သော်လည်း ကလေးခြောက်လအထိ မိခင်နို့တိုက်ကျွေးခြင်းကို တာဝန်ရှိလူကြီးများကိုယ်တိုင် နားလည်သဘောပေါက်၍ ကူညီသင့်ပါတယ်။

 

အသက်ငါးနှစ်အောက် ကလေးငယ်များ

          ကလေးများရဲ့ ဉာဏ်ရည်တိုးတက်မှုနဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုများရရှိနိုင်ရန်အတွက် ကလေးတစ်ယောက် အာဟာရပြည့်ဝမှုနဲ့ ရောဂါဘယကင်းဝေးမှုတွေက အထူးလိုအပ်ပါတယ်။ အသက်သုံးနှစ်အောက်ကလေး အာဟာရချို့တဲ့မှုမရှိရန်အတွက် မွေးကင်းစကလေး မိခင်နို့တိုက်ကျွေးခြင်းမှသည် အာဟာရပြည့်ဝသော အစားအစာများစားသုံးခြင်းကို အထူးဂရုပြုရပါမယ်။ ထမင်းဝဝမစားဘဲ သရေစာများစားခြင်း၊ ပဲကို ပရိုတင်းအဖြစ်မစားသုံးတတ်ခြင်း စသည့်အချက်များကို ပညာပေးဆောင်ရွက်ရန် လိုအပ်ပါသည်။ ကစီဓာတ်၊ အသားဓာတ်နှင့် အဆီ အချိုးကျပါဝင်သော စားသုံးမှုကို စားသုံးတတ်ရန် သင်ကြားပေးဖို့ အထူးအရေးကြီးပါတယ်။


          ရောဂါဘယကင်းဝေးရန်၊ အရေးကြီးသော ကူးစက်ရောဂါများအတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် ကလေးတိုင်းအား ထိရောက်စွာထိုးနှံပေးရေး၊ ကာကွယ်ဆေးထိုးနှံရန် စည်းရုံးလှုံ့ဆော်ခြင်းဖြင့် ကျန်းမာသောကလေးများ၊ ဖွံ့ဖြိုးတောက်ပမှုဖြစ်ရန် လိုအပ်ပါတယ်။

 

Credit : ပါမောက္ခ ဒေါက်တာအေးသောင်း(ကလေးအထူးကုသမားတော်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18