Print

ကလေးများ၏ ဖွံ့ဖြိုးမှုမှတ်တိုင်များ

  07-May-2019
Preview Image

           မွေးလျှင်မွေးချင်း ကလေးငိုမည်။ အသက်ရှူမှုကို ဖြစ်ပေါ်စေသည်။ အားပေးသည်။ ကိုယ်ခန္ဓာတစ်ခုလုံးသို့ သွေ့လှည့်နေမှုကို အားပေးသည်။ မွေးလျှင်မွေးချင်း တုံ့ပြန်မှု ၃ မျိုးရှိသည်။


(၁) နို့စို့တတ်မည်။ လက်ထည့်ကာ စုပ်မည်။


(၂) ပါးတစ်ဖက်အား လက်ဖြင့် ထိကြည့်ပါက ၎င်းလက်ဆီသို့ ဦးခေါင်း၊ ပါးစပ်က လှည့်လိုက်လာမည်။


(၃) ပက်လက်ထားစဉ် ကလေး သိပ်ထားသည့် ခုတင်၊ ကြမ်းပြင်၊ စားပွဲအား ပုတ်လိုက်ပါက ကလေး၏ လက်နှစ်ချောင်းနှင့် ခြေနှစ်ချောင်းသို့ ရုတ်တရက် လန့်သကဲ့သို့ တုံ့ပြန်မည်။


ကလေးအသက်အရွယ် လေးပတ် - စကားပြောကြည့်က ပြန်ဂရုစိုက်မည်။ ချီပါက အငိုရပ်မည်။ ကြည့်သူ၏ နောက် လိုက်ကြည့်တတ်မည်။


ရှစ်ပတ် - နီးကပ်သည့် အရာကို စူးစိုက်ကြည့်တတ်လာမည်။ အငိုသက်သာလာမည်။


သုံးလ - ဗူးမှုတ်တတ်လာမည်။ ကစားစရာကို လှမ်းယူတတ်မည်။ ဆုပ်ကိုင်တတ်လာသည်။


လေးလ - ကလေး အစာစားတတ်လာမည်။ ပက်လက်လှန်ထားလျှင် မှောက်တတ်လာမည်။


ငါးလ - ကစားစရာများကို စုပ်တတ်မည်။ ထူးဆန်းသည်များကို ကောက်ဝါးနိုင်သည်။


ခြောက်လ - အကူမပါဘဲ ထိုင်နိုင်လာမည်။ သူ့ခြေထောက်နှင့် ကစားတတ်လာမည်။ အသံလာရာ လှည့်ကြည့်မည်။


ခုနစ်လ - သူ့ဘာသာသူ စားတတ်လာမည်။ ကစားစရာကို လှမ်းယူ ဆွဲယူတတ်လာမည်။


ရှစ်လ - ဝမ်းလျား ထိုးတတ်လာမည်။ မဟုတ် မရှိဆိုသည့် စကားကို နားလည်လာမည်။ လိုက်ကြည့်တတ်လာသည်။ ပစ္စည်းကို လက်တစ်ဖက်မှတစ်ဖက် ပြောင်းတတ်လာသည်။ ပါပါ၊ မာမာ ခေါ်တတ်လာသည်။


ကိုးလ - ဝမ်းလျားထိုး ပို၍ ကျွမ်းကျင်လာမည်။


၁၀ လ - ကိုင်၍ မတ်တတ်ရပ်မည်။ ကဗျာလင်္ကာဆိုပြပါက အလိုက်သင့် အမူအယာ ပြလာမည်။ ဘိုင့်ဘိုင် လုပ်တတ်လာသည်။ အစားကို ပါးစပ်ထဲ ထည့်တတ်လာမည်။


၁၁ လ - စကားတစ်လုံးစ နှစ်လုံးစ ပြောတတ်လာမည်။


၁၂ လ - ခြေတစ်လှမ်း နှစ်လှမ်း လှမ်းတတ်လာမည်။


၁၃ လ - မတတ် တတတ်၊ မခိုင့်တစ်ခိုင် သူ့ဘာသာသူ လမ်းလျှောက်မည်။ တချို့ကလေးတွေက ကိုးလမှာ စလျှောက်မည်။ တချို့က ၁၇ လအထိ နောက်ကျမည်။ ပျှမ်းမျှ ၁၄ လ ဖြစ်မည်။ အရာဝတ္ထုများကို စူးစမ်းတတ်လာမည်။ လက်အသုံးချတတ်မှု ပိုကျွမ်းကျင်လာမည်။ အသံနှစ်လုံး ဆိုတတ်လာသည်။ ငုံ့ကောက်တတ်လာသည်။


၁၄ လ - သက်သောင့်သက်သာရှိခြင်းကို ပို၍ ခုံမင်တတ်လာမည်။ အစားအမာ စားတတ်လာမည်။ ခွက်နှင့်တိုက်သည်ကို သောက်တတ်လာမည်။ အတုခိုးတတ်လာသည်။


၁၅ လ - သူ့ပင်ကိုယ် သဘာဝကလေးများ ပြလာမည်။ စကားပိုကြွယ်လာမည်။ အသံသုံးလုံး ပြောတတ်လာသည်။ မှန်ထဲက သူ့အရိပ်ကို သူသိမည်။ နောက်ပြန် လျှောက်တတ်လာသည်။


၁၆ လ - သူ့ကိုယ်အင်္ဂါအမည်များကိုမေးလျှင် ဖြေတတ်လာမည်။ ရယ်တတ်သည်။ စာအုပ်စာရွက်များ လှန်တတ်သည်။


၁၇ လ - အဝတ်အစား ဝတ်တတ်၊ ချွတ်တတ်လာမည်။ အကူအညီဖြင့် သွားတိုက်တတ်လာမည်။ အသံ ခြောက်လုံးထိ ပြောတတ်လာသည်။ မြင်းရှပ်စီးတတ်သည်။ မျက်လှည့်ပြသည်မျိုးကို သဘောကျသည်။


၁၈ လ - ဘောလုံးကန်တတ်လာမည်။ ခလုတ် စသည်အား တွန်းခြင်း၊ လှည့်ခြင်း လုပ်တတ်မည်။ တေးဂီတဖြင့် ကတတ်လာမည်။


၁၉ လ - မှားပြော၊ မှားလုပ်ပြလျှင် မှားမှန်းသိလာမည်။ ဇွန်းခရင်းကိုင်တတ်လာသည်။ ပြေးတတ်လာသည်။ ဘောလုံးပစ်တတ်လာသည်။


၂၀ လ - လှေကားတက်တတ်လာမည်။ ပြေးတတ်လာမည်။ ကိုက်တတ်၊ တွန်းတတ်သည်။ ကြမ်းတမ်းတတ်လာသည်။


၂၁ လ - အိမ်အလုပ်များ ကူတတ်လာမည်။ စားပွဲ၊ ကုလားထိုင် သူ့အလိုကျ ရွေ့တတ်လာမည်။       


၂၂ လ - ဘယ်ရောညာပါ လက်များ အနုစိတ်ကိုင်တတ်လာသည်။

 

၂၃ လ - စကားလုံး သုံးလုံးပါ ဝါကျကို ပြောတတ်လာမည်။ ဆန့်ကျင်ဘက်ပြောလျှင် နားလည်လာမည်။ အခြားကလေးများနှင့် တွဲကစားတတ်လာမည်။

 

၂၄ လ - သူ့အကြောင်း သူပြောတတ်လာမည်။ သူမကြိုက်တာ ကြိုက်တာ ပြောတတ်လာမည်။ ဘာလို့လဲဆိုသည်များ မေးတတ်လာမည်။

 

Credit:  ဒေါက်တာတင့်ဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18