Print

ကလေးနှင့် ခံတွင်းသန့်ရှင်း ကျန်းမာရေး

  27-Jan-2019
Preview Image

ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် ခံတွင်းသန့်ရှင်းရေးက အရေးကြီးပါတယ်။ ခံတွင်းသန့်ရှင်းကောင်းမွန်မှ ခံတွင်းမှာရှိတဲ့ လျှာ၊ သွား၊ လည်ချောင်းနဲ့ အာသီးတွေ ရောဂါမရှိမှာ ဖြစ်ပါတယ်။ 


၁။ မွေးကင်းစကနေပြီး အသက်လေးငါးနှစ်အထိ သန့်ရှင်းရေးမကောင်းရင် မှက္ခရုဖြစ်တတ်ပါတယ်။ 

၂။ အသက် ငါးနှစ်အောက်ကလေးတွေမှာ သွားပိုးစားခြင်း ဖြစ်တတ်ပါတယ်။

၃။ အသက် လေးငါးနှစ်အထက်မှာတော့ အာသီးရောင်ခြင်းနှင့် လည်ချောင်းရောင်ခြင်းတွေ ဖြစ်ကြပါတယ်။


မှက္ခရု Thrush

 အများအားဖြင့် နို့ဘူးတိုက်တဲ့ ကလေးတွေမှာ ဖြစ်တတ်ပါတယ်။ တိုက်တဲ့နို့ဘူး သန့်ရှင်းစွာမရှိတဲ့အတွက်လည်းကောင်း၊ ပဋိဇီဝဆေးများ အချိန်ကြာမြင့်စွာ သောက်သုံးခြင်းကြောင့်လည်းကောင်း၊ ခုခံကျဆင်းမှု အားနည်းသောကြောင့်လည်းကောင်း၊ ကလေးရဲ့ ခံတွင်းသန့်ရှင်းမှုကို ဂရုပြုမိ၍လည်းကောင်း၊ မှိုပိုးတွယ်ကပ်ခြင်း ဖြစ်ပါတယ်။ ပါးစပ်တစ်ခုလုံး အထူးသဖြင့် လျှာမှာ မှက္ခရုအဖြူဖတ်များ တွယ်ကပ်နေပြီး ကလေးက ပါးစပ်နာသဖြင့် နို့မစို့နိုင်ခြင်း ဖြစ်ပါတယ်။ မှက္ခရု လျှာမှတစ်ဆင့် အစာအိမ်လမ်းကြောင်းတစ်လျှောက် ရောက်သွားရင် ဝမ်းပျက်ခြင်း ဖြစ်စေပါတယ်။ 


သွားပိုးစားခြင်း Dental Caries

 ကလေးများကို အစားအစာကျွေးပြီး ခံတွင်းသန့်ရှင်းရေး မလုပ်ပါက အစာကို ပါးစပ်တွင်းမှ ဗက်တီးရီးယားပိုးမွှားများကြောင့် အက်ဆစ်ဓာတ် ပေါ်ထွက်လာပြီး သွားရဲ့အပြင်လွှာကို ပျက်စီးစေခြင်းကြောင့် သွားပိုးစားခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် အချိုအစားများပြီး ပါးစပ်သန့်ရှင်းရေး မလုပ်တဲ့ကလေးတွေမှာ သွားပိုးစားခြင်း ပိုမိုဖြစ်စေပါတယ်။ သွားပိုးစားခြင်းကြောင့် သွားကိုက်ပြီး အစာမစားနိုင်ခြင်း၊ ဖျားခြင်း၊ အကျိတ်များထွက်ခြင်း၊ ပါးစပ်အနံ့အသက်မကောင်းခြင်း ဖြစ်တတ်ပါတယ်။ 


သွားကို ငယ်သွားလဲမှာပဲဆိုပြီး မိဘတွေက ဂရုမစိုက်ကြတာ မှားပါတယ်။ ယခုခေတ် ကုထုံးများအရ သွားကိုက်တိုင်း သွားနုတ်ခြင်းမဟုတ်ဘဲ တတ်နိုင်သမျှ သွားကို မူလပုံသဏ္ဍာန်အတိုင်း ထိန်းသိမ်းခြင်း ဖြစ်ပါသည်။ ဒါ့ကြောင့် ကလေးရဲ့ သွားတွေကို အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။


 အထူးသဖြင့် နှလုံးရောဂါရှိတဲ့ ကလေးတွေမှာ သွားကို ပိုမိုဂရုစိုက်ရန် လိုအပ်ပါတယ်။ သွားမကောင်းတဲ့အတွက် သွားရှိ ဗက်တီးရီးယားပိုးများကြောင့် နှလုံးကို ထိခိုက်ပြီး သွေးအဆိပ်တောက်ခြင်း ဖြစ်နိုင်ပါတယ်။


လည်ချောင်းနာခြင်း

 လည်ချောင်းရောင်ခြင်းနှင့် အာသီးရောင်ခြင်းတို့ကြောင့် လည်ချောင်းနာခြင်းဖြစ်ရပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်လည်းကောင်း၊ ဗက်တီးရီးယားပိုးကြောင့်လည်းကောင်း၊ လည်ပင်းနာခြင်းဖြစ်ပါတယ်။ ဗက်တီးရီးယားက Group Sterptococcus ပိုးကြောင့် လေးဖက်နာနဲ့ ကျောက်ကပ်ရော်ခြင်းတွေ ဖြစ်ပါတယ်။ နာရည်ယိုခြင်းဖြစ်တဲ့ ကလေးတွေက ပါးစပ်နဲ့ အသက်ရှူရတဲ့အတွက် အာခေါင်ခြောက်ပြီး လည်ချောင်းနာခြင်း ဖြစ်ပါတယ်။ 


 ဆုံဆုံ့ရောဂါကြောင့် လည်ချောင်းနာခြင်း ဖြစ်ကြသလို၊ တစ်နှစ်အောက်ကလေးများကို ဆုံဆို့ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး ထိုးပေးခြင်းကြောင့် ရောဂါဖြစ်ခြင်းလျော့နည်းလာတာကို တွေ့ရပါတယ်။ 


ပါးစပ်နာခြင်း Coxsackie 

 ဗိုင်းရပ်စ်ပိုးကြောင့် Hang-Foot-Mouth ရောဂါဖြစ်ခြင်း၊ ပါးစပ်အတွင်းမှာ အနာများဖြစ်ခြင်း၊ ကလေးအနေနဲ့ တော်တော်နာတဲ့အတွက် နို့ လုံးဝမနို့နိုင်ဖြစ်ပါတယ်။ ခြေဖဝါး၊ လက်ဖဝါးမှာလည်း အဖုကလေးများ ပေါ်တတ်ပါတယ်။ အာဟာရမပြည့်ဝတဲ့ ကလေးတွေမှာ ဗီတာမင် လျော့နည်းကြတဲ့အတွက် လျှာရောင်ခြင်း၊ ကျီးကန်းပါးစပ်ဖြစ်ခြင်း စတာတွေကို တွေ့ရှိနိုင်ပါတယ်။


ခံတွင်းသန့်ရှင်း ကျန်းမာအောင် ဆောင်ရွက်ခြင်း

 နို့ဘူးတိုက်ကလေးတွေအတွက် နို့ဘူးကို အနည်းဆုံး ၁၅ မိနစ် ပွက်ပွက်ဆူရေမှာ ပြုတ်ရပါမယ်။ ရေဆူပြီး အောက်ချပြီး မထားရင် နို့သီးခေါင်းကို အသုံးမပြုရင် အဖုံးဖြင့် အုပ်ထားရပါမယ်။


• သွားကို ညအိပ်ရာဝင် သွားတိုက်ခြင်းအကျင့်ကို ပြုစုပျိုးထောင်ပေးရပါမယ်။


• သွားရဲ့ အပြင်လွှာများ မပျက်စီးစေရန်အတွက် သွားတိုက်ဆေးများနှင့်သာ သွားတိုက်သင့်ပါတယ်။


• အစာစားပြီးတိုင်း ပါးလုတ်ကျင်းခြင်းအကျင့်ကို ပြုစုပျိုးထောင်ပေးရပါမယ်။


• အာဟာရပြည့်ဝသော အနေအထားများကို စားသုံးခြင်းဖြင့် ဗီတာမင်လျော့နည်းခြင်းကို ကာကွယ်နိုင်ပါတယ်။


• ငယ်သွားလဲမယ်ဆိုပြီး သွားကို ပစ်မထားဘဲ သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် ပြသရပါမယ်။


Credit: ပါမောက္ခဒေါက်တာဦးအေးသောင်း

Dr. Win War Aung





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18