Print

ကလေးများဖျားနာခြင်းအတွက် အိမ်တွင်းပြုစုနည်းများ

  21-Jan-2019
Preview Image

ဆေးရုံအရေးပေါ်ဌာနသို့ လာရောက်ပြသကြသော ကလေးအများစုမှာ အဖျားကြောင့်ဖြစ်ပါတယ်။ ပုံမှန်ဖျားနာခြင်းမှာ များသောအားဖြင့် အသက်အန္တရာယ်ထိခိုက်နိုင်လောက်သောရောဂါမဟုတ်ပါ။ အဖျားတတ်ခြင်းဆိုတာက ကလေးရဲ့ ကိုယ်ခံအားအဖွဲ့အစည်းက ခန္ဓာကိုယ်တွင်းကို ဝင်ရောက်လာတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ထုတ်ရာမှဖြစ်ပေါ်လာတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ နဂိုမူလကကျန်းမာတဲ့ကလေးတွေဟာ တော်ရုံအဖျားဒဏ်ကို ခံနိုင်ရည်ရှိကြပါတယ်။


ကလေးများဖျားနာခြင်းကို ငွေ့ငွေ့ဖျားခြင်းနဲ့ အဖျားကြီးခြင်းဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ငွေ့ငွေ့ဖျားခြင်းမှာ ခန္ဓာကိုယ်အပူချိန်ဟာ ၉၈.၈ ဒီဂရီ ဖာရင်ဟိုဒ်မှ ၁၀၀.၆ ဒီဂရီ ဖာရင်ဟိုဒ် အထိရှိနိုင်ပါတယ်။အဖျားကြီးရင်တော့ ခန္ဓာကိုယ်အပူချိန် ၁၀၂ ဒီဂရီ ဖာရင်ဟိုဒ် အထက်ရှိနိုင်ပါတယ်။


အဖျားတက်ခြင်းဟာ များသောအားဖြင့် အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့ ကိစ္စမဟုတ်ပေမယ့် မိဘများကတော့ ကလေးဖျားနာပြီဆိုအလွန်စိုးရိမ်ပူပန်တတ်ကြပါတယ်။ အောက်မှာ ဖော်ပြထားတာတွေကတော့ ကလေးငယ်မှာ ခံစားနေရာတဲ့ အဖျားရောဂါကို သက်သာစေနိုင်မယ့် ကလေးငယ်ရဲ့ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းတွေဖြစ်ပါတယ်။


၁-ရေအေးဝတ်ကပ်ပေးပါ

အဖျားတက်ခြင်းကို ကျစေရန်အတွက် ခန္ဓာကိုယ်ပြင်ပကို အေးအောင်လုပ်ခြင်းဟာ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ခနွာကိုယ်ကနေ ရေများအငွေ့ပြန်သွားသောအခါ ကိုယ်တွင်းအပူူချိန်ကိုလျော့ကျစေပါတယ်။ ဒါကြောင့် ကလေးငယ်များဖျားနာလျှင် ရေအေးအေး(ရေခဲရေမသုံးရ) နှင့် ရေပတ်တိုက်ပေးခြင်း နှဖူးပေါ်တွင် ရေဝတ်တင်ပေးခြင်းတို့က အဖျားကျအောင်ကူညီပေးနိုင်ပါတယ်။


၂ အနည်းငယ်နွေးသောရေနှင့်ရေချိုးပေးပါ

ကလေးငယ်များဖျားလျှင် နွေးရုံသာနွေးသောရေနှင့် ရေချိုးပေးခြင်းကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ရေနွေးနှင့်ရေချိုးခြင်းက ကလေးငယ်များ၏ ခန္ဖာကိုယ်အပူချိန်ပြန်မှန်လာအောင် ကူညီပေးနိုင်ပါတယ်။ဒါ့အပြင် ရေနွေးနဲ့ ရေချိုခြင်းက ကလေးငယ်များ အိပ်စက်အနားယူနိုင်အောင် အကူအညီပေးနိုင်ပြီး အဖျားပျောက်ကင်းမှုကို ပိုမိုမြန်ဆန်စေနိုင်ပါတယ်။


၃ ရေဓာတ်များများရရှိပါစေ

ကလေးငယ်များ ဖျားနာလျှင် သောက်သုံးသော အရည်ပမာဏကို တိုးမြှင့်ပေးပါ။ ဒီလိုတိုးမြှင့်ပေးပါမှ ခန္ဓာကိုယ်အပူချိန်ကျဆင်းအောင် အထောက်အကူပေးပြီး ချွေးထွက်ရာမှတဆင့် ဆုံးရှူံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။


၄ ကောင်းမွန်စွာ အိပ်စက်အနားယူပါ

ကလေးဖြစ်စေ လူကြီးဖြစ်စေ ဖျားနာပြီဆိုလျှင်အမြန်ဆုံးသက်သာစေဖို့ အတွက် ကောင်းကောင်း အိပ်စက်အနားယူဖို့လိုအပ်ပါတယ်။အိပ်စက်အနားယူနေချိန်တွင် ခန္ဓာကိုယ်က ရရှိလာတဲ့ စွမ်းအင် တွေကို ရောဂါထိုက်ထုတ်ရာမှာ အသုံးပြုပါတယ်။ ဒါကြောင့် ဖျားနာချိန်မှာ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူပေးဖို့လိုအပ်ပါတယ်။ အကယ်၍ ကလေးမအိပ်ဖူးဆိုလျှင် ငြိမ်ငြိမ်ထိုင်ဆော့နိုင်မယ့် အရောင်ခြယ်တာ လိုမျိုးကိုပဲ လုပ်စေဖို့လိုပါတယ်။


၅ ကလေးကို အေးမြသောပတ်ဝန်းကျင်တွင်ထားပါ

ကလေးငယ်များဖျားနာတယ်ဆိုလျှင် ကလေးကိုယ် အေးမြတဲ့ပတ်ဝန်းကျင်မှာထားဖို့လိုအပ်ပါတယ်။ အခန်းအပူချိန်ဟာ မပူလွန်း မအေးလွန်းတဲ့ အခြေအနေမှာရှိနေသင့်ပါတယ်။အခန်း အပူချိန် ၇၀ ကနေ ၇၄ ဒီဂရီ ဖာရင်ဟိုဒ် အတွင်းက အကောင်းဆုံးအပူချိန်ဖြစ်ပါတယ်။ အကယ်၍ ပန်ကာ Air Con အသုံးပြုတယ်ဆိုရင် ကလေးကို စက်ကထွက်တဲ့လေနဲ့ တိုက်ရိုက်မထိတွေ့အောင်ထားပါ။ ကလေးကို အဝတ်အစားပါးပါးသာဝတ်စေပြီး စောင်ပါးပါးသာခြုံပေးပါ။ အဝတ်အစားထူထူဝတ်ခြင်း စောင်ထူထူခြုံခြင်းက ခန္ဓာကိုယ် အပူချိန်တတ်စေနိုင်ပြီး အဖျားကို ပိုဆိုးစေနိုင်ပါတယ်။


၆ ကျန်းမာရေးနှင့် ညီညွတ်သော အစာကို အချိန်မှန်မှန်ကျွေးပါ

ဟင်းသီးဟင်းရွက်များပါသော အရိုးပြုတ်ရည် နှင့် ကြက်ပြုတ်ရည်များသည် ဖျားနေသော ကလေးငယ်အတွက် ကောင်းမွန်တဲ့ အစားအစာတွေဖြစ်ပါတယ်။ အရိုးပြုတ်ရည်ဟာ ခန္ဓာကို်ယ်တွင်းသွေးဖြူဥ ထုတ်လုပ်မှုကို အားပေးပြီး အဖျားရောဂါကို တိုက်ထုတ်ရာမှာ ကူညီနိုင်ပါတယ်။ ဒါအပြင် ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း ကလေးငယ်ရဲ့ စွမ်းအင်လိုအပ်ချက်ပြည့်ဝအောင် ကျွေးပေးရပါမယ်။


အဆီများ ၊ အမျှင်ဓာတ်များတဲ့ အစာတွေ စပ်တဲ့အစာတွေကိုတော့ ကလေးဖျားနာနေချိန်မှာ မကျွေးသင့်ပါဘူး။ ကလေးများ  ဖျားကာစအချိန်မှာ အစာစားခင်စိတ် နည်းပါးနေနိုင်သောကြောင့် ကလေးစားသလောက် ပမာဏနည်းနည်းကို နှစ်နာရီခြား တစ်ကြိမ်လောက် ကျွေးပေးရပါမယ်။ နာလန်ထလာတဲ့ အချိန်တွေမှာတော့ ပိုများတဲ့ ပမာဏကို အချိန်ပိုခြားပြီးကျွေးပေးရပါမယ်။


Dr.Aung

Ref:top10homeremedies.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18