Print

ကလေးများမစားသင့်သော အစားအစာ ၅ မျိုး

  30-Dec-2018
Preview Image

ကလေးတွေအတွက်ထုတ်တဲ့အစားအစာတိုင်းဟာ သူတို့အတွက်မကောင်းနိုင်ပါဘူး။ တချို့တွေက အာဟာရမဖြစ်တဲ့အပြင် သကြားဓာတ်တွေလည်း အရမ်းများပါတယ်။ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာ(၅)ခုကို ပြောပြပါ့မယ်။


(၁)ကွေကာအုပ်

ကွေကာအုပ်တွေဟာကလေးအများစုအတွက်မနက်စာပါ။Whole-grains ဆိုတဲ့စကားလုံးက မိဘတွေကိုကျန်းမာရေးအတွက်ကောင်းစေတယ်လို့အထင်မှားစေပါတယ်။တကယ်တမ်းတော့အဲဒါတွေကအမျှင်ဓာတ်အနည်းငယ်သာပါပြီးအချိုတွေကယ်လိုရီတွေနဲ့ပြည့်နှက်နေပါတယ်။Cereals ဝယ်တဲ့အခါမည်သည့်သကြားအမျိုးအစားပဲဖြစ်ဖြစ်များများမပါစေရန်သတိထားဝယ်ပါ။ အဆင်ပြေပြီဆိုပါကအသားဓာတ်နှင့်အမျှင်ဓာတ်အနည်းဆုံး ၃ဂရမ်ပါတဲ့ Cereals ကိုရွေးပါ။


(၂)ဟော့ဒေါ့

ဟော့ဒေါ့လိုမျိုးစက်ရုံထုတ်အသားတွေဟာကင်ဆာဖြစ်စေတဲ့နိုက်ထရိုက်တွေပါဝင်ပါတယ်။အနီရောင်ရှိသောအသားများနဲ့စက်ရုံထုတ်အသားတွေဟာနှလုံးရောဂါ၊လေဖြတ်ခြင်းနဲ့ဆီးချိုတွေကိုဖြစ်စေတတ်ပါတယ်။အဲဒီဟော့ဒေါ့တွေမှာဆိုဒီယမ်နဲ့ပြည့်ဝဆီတွေပါဝင်ပါတယ်။ပြီးတော့အာဟာရလုံးဝမရှိတဲ့အငန်တွေဂျုံများတဲ့ပေါင်မုန့်တွေနဲ့တွဲဖက်စားရပါသေးတယ်။


(၃)ကြက်ကြော်

ကြက်ကြော်တွေဟာကလေးတွေအပြင်မှာစားတဲ့အခါအကြိုက်ဆုံးအစားအစာပါ။လူကြိုက်များဆုံးFast Foodဆိုင်တွေဟာအနည်းဆုံးကြက်ကြော်ကိုတွဲဖက်အစားအစာအနေနဲ့တော့ရောင်းကြပါတယ်။အဲဒါတွေကို antifoaming agentခေါ်တဲ့စွဲလမ်းစေသော dimethylpolysiloxaneခေါ် ဒြပ်ပေါင်းတစ်ခု ထည့်ပြီးကြော်ထားပါတယ်။ သင့်ကလေးက ကြက်ကြော်ကြိုက်တတ်တယ် ဆိုရင်တော့ အိမ်မှာ ကြော်ကျွေးတာ အကောင်းဆုံးပဲပေါ့။


(၄)ဂျယ်လီသကြားလုံး

Fruit snacksဆိုတာအထင်မှားစေတဲ့နာမည်တစ်ခုပါ။အဲ့ဒါတွေကဆိုးဆေး၊တာရှည်ခံဆေးတွေမပါဘဲတကယ့်သစ်သီးဝလံတွေပါရင်တော့Fruit Snackဆိုတာမှန်ကောင်းမှန်ပါလိမ့်မယ်။အဲဒီအရာတွေကသွားတွေမှာတင်ကျန်ပြီးသွားပိုးစားစေပါလိမ့်မယ်။တကယ့်Fruit Snackဆိုတာ တကယ့်သစ်သီးတွေသာထည့်ထားပြီး ကျန်တာတွေ ထပ်မထည့်ထားသင့်ပါဘူး။ ဒါပေမဲ့ ရှာရလဲခက်ပါတယ်။ အဲဒါကြောင့် ရှောင်ကိုရှောင်လိုက်တာ အကောင်းဆုံးပါ။


(၅)အချိုရည်

ပြောစရာတောင်မလိုဘူးထင်ပါတယ်။ အချိုရည်တွေဟာ အဆိုးတကာ့အဆိုးဆုံးပါ။ ကိုလာ၊အအေး၊အားဖြည့်အချိုရည်နဲ့ သစ်သီးအချိုရည်တွေမှာ သကြားကလွဲလို့ ကျန်တာဘာမှမပါပါဘူး။ ပိုအံ့သြဖို့ကောင်းတာက သစ်သီးအချိုရည်တွေက ဆိုဒါတွေထက်တောင် သကြားဓာတ်ပိုပါပါသေးတယ်။ ကလေးလေးတွေကို ရေဒါမှမဟုတ် အချိုထုတ်ထားတဲ့ အရည်တွေသာတိုက်ပေးပါ။


အထက်ဖော်ပြပါအစားအစာတွေဟာအရသာရှိရုံကလွဲပြီးကောင်းကျိုးမရှိပါဘူး။ကလေးကျန်းမာရေးကိုသာထိခိုက်စေမှာပါ။ကလေးတွေဟာအစားအသောက်တွေနဲ့ပတ်သက်လာရင်ပြောရခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိဘတစ်ယောက် အနေနဲ့ကတော့ မိမိကလေးကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ မစားမိစေရန်မှာ ကျေပွန်ရမယ့် တာဝန်တစ်ခုဖြစ်ပါတယ်။


Hello Health Group



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18