Print

ပတ်ဝန်းကျင်က တိုက်တွန်းလေ့ရှိသည့်ကလေးပဲ့ပြင်ရေးဆိုင်ရာ အတွေးအခေါ်များ

  27-Jan-2018
Preview Image

သားသမီးကိုပဲ့ပြင်ဆုံးမရာမှာ ကလေးအားလုံးကို ဒီအတိုင်းဆုံးမဆိုပြီး တစ်သမတ်တည်းသတ်မှတ်ထားတဲ့ လမ်းညွှန်ချက်ရယ်လို့မရှိပါဘူး။ ဒါပေမဲ့ ကလေးကို ဘယ်လိုဆုံးမလိုက်ပါလားဆိုပြီး မိဘတွေကိုပတ်ဝန်းကျင်က( အကြံဉာဏ်အတောင်းမခံရဘဲ) အကြံဉာဏ်တွေအတင်းကို ပေးလေ့ရှိပြီးတချို့အကြံဉာဏ်တွေကတော့ ဘယ်လိုမှ အသုံးမဝင်ပါဘူး။ ဒါ့ကြောင့်သူများတွေအကြံလာပေးလည်း ဘယ်လိုအကြံတွေကိုခေါင်းထဲမထည့်ထားသင့်ဘူးဆိုတာကို ကျွမး်ကျင်သူတွေကပြောပြလိုက်ပါတယ်။


၁ - ယောကျင်္ားလေးပဲဆော့မှာပေါ့

ကိုယ့်သားက တခြားကလေးတွေကို ကန်ကျောက်တာ၊ ကိုက်တာတွေလုပ်နေမယ်ဆိုရင် အဲဒီအပြုအမူကို သွန်သင်သင့်ပါတယ်။ အဲဒီလိုမှမဟုတ်ပဲ သူများတွေပြောသလို ယောကျင်္ားလေးပဲ ဒီလောက်တော့ဆော့မှာပေါ့အေ ဆိုတဲ့ အကြံအတိုင်းမျှောမချသင့်ပါဘူူး။ ယောကျင်္ားလေးရော မိန်းကလေးရော အတိုင်းအတာရှိသင့်ပါတယ်။ ဘယ်အပြုအမူက ဘောင်ကျော်နေတဲ့အပြုအမူလဲ၊ ဘယ်အပြုအမူကလက်သင့်ခံနိုင်လောက်တဲ့အပြုအမူဆိုတာကို ကလေးတွေခွဲခြားသိလာအောင် ရှင်းရှင်းလင်းလင်းပြောပြထားရပါမယ်လို့ သင်ကြားရေးနဲ့မူလတန်းပညာရေးကျွမး်ကျင်သူ ဒန်နီယယ်လီလင်ဒ်နာက ပြောပြပါတယ်။


၂ - စိတ်မပူပါနဲ့၊ ကြီးလာရင် သူ့အလိုလိုသိသွားမှာပါ

သူငယ်ချင်းကို ကိုယ့်ကလေးကအနာတရဖြစ်အောင်လုပ်တာ၊ သူငယ်ချင်းရဲ့အရုပ်ကို ဆွဲယူလွှင့်ပစ်လိုက်တာ ဒါမှမဟုုတ်ဖျက်ဆီးပစ်လိုက်တာမျိုး လုုပ်တာတွေကိုထားလိုက်ပါ။ ဒီလိုလုပ်တာမကောင်းဘူးဆိုတာ ကြီးလာရင်သူ့အလိုလိုသိသွားမှာပါ ဆိုတဲ့ခေါင်းစဉ်ထဲဆွဲမထည့်သင့်ပါဘူး။ သက်တူရွယ်တူသူငယ်ချင်းနဲ့ဆက်ဆံရာမှာ ဘယ်လိုဆက်ဆံရမယ်၊ ဆရာမတွေ၊ မိဘတွေနဲ့ဆက်ဆံရာမှာ ဘယ်လိုဆက်ဆံရမယ်ဆိုတာကို ကလေးကောငး်ကောင်းသိနေအောင် ရှင်းပြထားသင့်ပါတယ် လို့ဒန်နီယယ်လီလင်ဒ်နာက အကြံပေးပါတယ်။


၃ - ပစ်သာထားလိုက်၊ သူ့ဘာသာသူသဘောပေါက်သွားလိမ့်မယ်

သူ့လုပ်ရပ်ကိုသူ့ဘာသာသူ စဉ်းစားဆင်ခြင်နိုင်အောင် ကလေးကိုလွှတ်ထားသင့်ပေမဲ့ အရမ်းကြီးလွှတ်ထားရင်လည်း မိဘတွေမှန်းချက်နဲ့ နှမ်းထွက်ကို်က်မှာ မဟုတ်ပါဘူး။ ကလေးကိုအတိုင်းအတာတစ်ခုအထိပဲ စဉ်းစားဆင်ခြင်ချိန်ပေးသင့်ပါတယ်။ ပြီးတော့ ကလေးကသူ့လုပ်ရပ်ဘာမှားသွားတာလဲလို့ မေးလာရင်လည်း မိဘလုပ်သူက စိတ်ရှည်လက်ရှည်ရှင်းပြသင့်ပါတယ် လို့ကလေးစိတ်ပညာရှင် အီနိုဇီယာဗာကီလ်ကဆိုပါတယ်။


၄ - ကလေးကိုစည်းကမ်းတင်းကျပ်သင့်တယ်

ကလေးရဲ့ တစ်နေ့တာအချိန်ကို အစီအစဉ်တကျပိုင်းခြားပေးတာမျိုး လုပ်ဖို့လိုပေမယ့် အရမ်းကြီးတင်းကျပ်လိုက်မယ်ဆိုရင်တော့ ကလေးနဲ့အဆင်ပြေမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကလေးနဲ့ဆက်ဆံရာမှာ ကိုယ့်စိတ်ကိုဖွင့်ထားဖို့လိုသလို သူငယ်ချငး်ပုံစံမျိုးလည်းဖြစ်နေဖို့လိုပါတယ်။ ဒါမှ ကလေးက သူ့မှာဘာအခက်အခဲတွေရှိနေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြရဲမှာပါ။


၅ - ကလေးကိုဒဏ်မခက်နဲ့

မိဘနဲ့သားသမီးဆက်ဆံရေးမှာကလေးအပြစ်လုပ်မိရင် ကလေးကိုသူ့အမှားအတွက်လုံးဝဒဏ်မခက်တာမျိုးလည်းမလုပ်သင့်ပါဘူး။ အရမ်းကြီးတင်းကျပ်တာမျိုးလည်း မဖြစ်သင့်သလို အရမ်းကိုသဘောကောင်းနေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အလယ်အလတ်လမ်းစဉ်ကသာ အကောင်းဆုံးပါ။ 


၆ - ကလေးကို ကျောင်းကဆရာမကသင်ပေးထားပြီးသား၊ အိမ်မှာဘာမှထပ်သင်ပေးစရာမလိုဘူး

ကလေးတွေကို စာဖတ်တတ််လာအောင်သင်ယူရတာဟာမလွယ်ကူလှပါဘူး။ အချိန်ယူရပါတယ်။ မိဘတွေ စာသင်ပေးထားတဲ့ ကလေးတွေသာကျောင်းမှာလွယ်လွယ်ကူကူနဲ့စာဖတ်တတ်သွားတတ်ကြတာပါ။ ဒါကြောင့် ကိုယ့်ကလေကို မြန်မြန်စာဖတ်တတ်စေချင်တယ်ဆိုရင် ကိုယ်ကလည်းအားစိုက်ထုတ်ပေးဖို့လိုပါတယ်။ သူများတွေပြောတဲ့အတိုင်း ကျောင်းကဆရာမလက်ထဲမှာပဲ ပုံအပ်ထားလို့ မဖြစ်ပါဘူး။ ကိုယ့်သားသမီးပညာရေးအတွက် ကိုယ့်မှာလည်းတာဝန်ရှိပါတယ်။


၇ - ကလေးက မိဘပြောတဲ့အတိုင်းပဲလုပ်ရမယ်၊ ဘာမှပြန်မမေးရဘူး

မိဘတော်တော်များများဟာ သူတို့ပြောသမျှကို ကလေးက ဘာမှမသိလည်းလိုက်နာတာမျိုးကိုပဲလိုချင်ကြတယ်။ ဒါပေမဲ့မိဘပြောသမျှက အမြဲတမ်းမှန်နေမှသာ အဲဒီနည်းက အကျိုးဖြစ်မှာပါ။ တကယ်လို့ မိဘသွန်သင်တာက မှားနေမယ်ဆိုရင် ကလေးအများကြီးနစ်နာသွားရလိမ့်မယ်။ ဒါကြောင့် ကလေးကိုသွန်သင်မယ်ဆိုရင် လူကြီးပြောရင် ဘာမှန်းညာမှန်းမသိလည်းခေါင်းညိတ်ရမယ် ဆိုတာမျိုးမသွန်သင် သင့်ပါဘူး။ အကျိုးအကြောင်းကိုရှင််းပြရမယ်။ ဘာကြောင့်ဘယ်လိုစည်းကမ်းချထားရတယ်ဆိုတာမျိုးပေါ့။ ကိုယ်ပြောတာကို ကလေးကစောဒက တက်လာပြီးကလေးပြောတာက မှန်နေတယ်ဆိုလည်း လက်ခံပေးရမယ်။ ဒါမှနောင်ကျရင် ကလေးက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန်၊ သတ္တိရှိရှိချလာနိုင်မယ်လို့ ဆိုပါတယ်။


၈ - ကလေးကို ရေကူးတတ်စေချင်တာလား၊ ဒါဆိုရေကန်ထဲသာပစ်ချလိုက်လေ

ဒီအယူအဆဟာ အင်မတန်ကိုမှားတဲ့အပြင် အန္တရာယ်လည်းများလှပါတယ်။ ကိုယ့်မျက်စိရှေ့မှောက်မှာ၊ စက္ကန့်ပိုင်းလေးမှာတောင် ကလေးရေနစ်သွားနိုင်လို့ပါ။ 


၉ - ကိုယ်ကမိဘပဲ၊ ဒီတော့ အမြဲမှန်တယ်

ကလေးတွေဟာ ဆယ်ကျော်သက်အရွယ်ရောက်လာတာနဲ့လွတ်လပ်ချင်လာကြပါတယ်။ သူကလွတ်လပ်ချင်၊ မိဘတွေက စိုးရိမ်စိတ်များပြီးချုပ်ချယ်နေဆိုတော့ မိဘနဲ့သားသမီးအဲဒီမှာစတွေ့တော့တာပါပဲ။  သူ့ခေတ်နဲ့ကိုယ့်ခေတ်မတူတော့ပြီမို့ ငါပြောတာမှန်သမျှ လိုက်လုပ်၊ ငါအဖေ၊ ငါအမေဆိုပြီး မလုပ်သင့်ပါဘူး။ ကလေးကအကျိုးသင့်အကြောင်းသင့်ရှင်းပြတာကို နားပေးရပါမယ်။ မိဘက ငါမိဘဆိုပြီးချုပ်ချယ်လွန်းရင်လည်းမကောင်းပါဘူး။ မလျှော့မတင်းစောင်းကြိုးညင်းဆိုတဲ့ နည်းကိုပဲကျင့်သုံးသင့်ပါတယ်။


၁၀ - ကလေးကို ကိုယ်တစ်ယောက်တည်းပဲပိုင်တယ်

ကံအကြောင်းမလှလို့ အိမ်ထောင်ရေးပြိုကွဲသွားပြီဆိုရင် မိခင်လုပ်သူတွေက ကလေးကိုငါတစ်ယောက်တည်းပဲပိုင်တယ်လို့ တွေးတတ်ကြပါတယ်။ ပတ်ဝန်းကျင်ကလည်း ဒီလိုပဲပြောကြတာကိုး၊ ဒါပေမဲ့ နှစ်ဦးပေါင်းဖက်လို့သာ ဒီကလေးဖြစ်လာတာဖြစ်တဲ့အတွက် ကလေးဟာ သူ့အဖေနဲ့လည်းသက်ဆိုင်ပါတယ်။ ကလေးကို အဖေနဲ့အဆက်အသွယ်လုံးဝမလုပ်နဲ့လို့ ယတိပြတ်တားမြစ်တာမျိုးမလုပ်သင့်ပါဘူး။ ခင်ပွန်းဟောင်းကို မကြည်ဖြူတော့တာနဲ့ပဲ ခင်ပွန်းဟောင်းရဲ့သွေးတွေစီးဆင်းနေတဲ့ ကိုယ့်ရင်သွေးကို အပြစ်တင်တာမျိုးလည်း မလုပ်သင့်ပါဘူး။


Dr.Oliver

Credit: ချယ်ရီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18