Print

ကလေးငယ်တွေ အိပ်ချိန်ဘယ်လောက်လိုအပ်သလဲ?

  07-Jan-2018
Preview Image


ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ အိပ်ချိန်ပမာဏဟာ ကလေးရဲ ့အသက်အရွယ်နဲ ့အခြားသော အချက်တွေအပေါ်မူတည်ပြီး ကွာခြားမှုတွေရှိပါတယ်။


(၁ - ၄) ပတ်သားအရွယ် : တစ်နေ ့၁၅ - ၁၆ နာရီ

မွေးကင်းစကလေးတွေဟာ တစ်နေ ့ကို ၁၅နာရီကနေ ၁၈နာရီ အထိ အိပ်လေ့ရှိကြပါတယ်။ဒါပေမယ့် တစ်ခါအိပ်ရင် ၂နာရီကနေ ၄နာရီလောက် အထိ အချိန်တိုလေးတွေပဲ အိပ်ကြတာပါ။ လမစေ့ပဲ မွေးတဲ့ကလေးတွေ ကတော့ ဒီ့ထက်ပိုအိပ်လေ့ရှိကြပါတယ်။ မွေးကင်းစကလေးတွေမှာ ကိုယ်တွင်းဇီဝနာရီ သို ့ နေ ့ညသတ်မှတ်တဲ့ စနစ်ဟာ ကောင်းကောင်းမဖွံ ့ဖြိုးသေးတဲ့အတွက် သူတို ့ရဲ ့အိပ်စက်တဲ့ပုံစံဟာ နေ ့ဘက်ရယ် ညဘက်ရယ်လို ့ သတ်သတ်မှတ်မှတ်မရှိသေးပါဘူး။


(၁ - ၄ ) လသားအရွယ် : တစ်နေ ့ ၁၄ - ၁၅နာရီ

အသက် ၆ ပတ်သားအရွယ်ရောက်တဲ့ အချိန်မှာ ကလေးရဲ ့အိပ်စက်တဲ့ပုံစံဟာ စတင်ပြီး ပုံမှန်ဖြစ်စပြုလာပါတယ်။ တစ်ခါအိပ်ရင် ၄နာရီကနေ ၆နာရီလောက်အထိ အိပ်လာပြီး ညနေပိုင်းတွေမှာ ပိုအိပ်လာပါတယ်။နေ ့ညမမှန်တာတွေ ပြီးဆုံးစပြုလာပါတယ်။


(၄ - ၁၂ ) လသားအရွယ် : တစ်နေ ့၁၄ - ၁၅ နာရီ

၁၅ နာရီအထိ အိပ်တာဟာ စံသတ်မှတ်ထားတဲ့ အိပ်ချိန်ဖြစ်ပေမယ့် အသက် (၁၁) လသားလောက်အထိ ကလေးတွေဟာ တနေ ့ကို ၁၂ နာရီလောက်ပဲ အိပ်လေ့ရှိကြပါတယ်။ ဒီအသက်အရွယ်မှာ  ကလေးတွေရဲ ့ အိ်ပ်စက်မှုပုံစံဟာ လူကြီးတွေနဲ ့ ပိုတူလာတဲ့အတွက် ကလေးတွေ အိပ်စက်တာ မှန်ကန်အောင် စတင်လေ့ကျင့်ပေးဖို ့အရေးပါပါတယ်။ ပုံမှန်အားဖြင့် ကလေးတွေက နေ ့ဘက်ပိုင်း ၃ ကြိမ်လောက် တရေးအိပ်လေ့ ရှိကြပေမယ့် အသက်(၆)လလောက်ကစပြီး ၂ကြိမ်လောက်ပဲ အိပ်ပါတော့တယ်။ ညဘက်တွေမှာလည်း ပိုအိပ်လာပါတယ်။ ဇီဝနာရီဖြစ်စဉ်ဟာလဲ ဒီအချိန်မှာ ပိုမိုဖွံ ့ဖြိုးလာပါပြီ။ ကလေးတွေက မနက်ပိုင်း (၉) နာရီလောက်မှာ တရေးအိပ်တတ်ကြပြီး တစ်နာရီလောက် ကြာတတ်ပါတယ်။ နေ့လည်ပိုင်းမှာတော့ (၁၂) နာရီနဲ ့ (၂) နာရီကြားမှာ တစ်နာရီ၊ နှစ်နာရီလောက် အိပ်တတ်ကြပါတယ်။ မွန်းလွဲပိုင်း(၃) နာရီ နဲ ့(၅) နာရီ ကြားမှာလဲ တရေးအိပ်လေ့ရှိကြပါတယ်။


(၁ - ၃) နှစ်အရွယ် : တစ်နေ ့ ၁၂ - ၁၄ နာရီ

ကလေးအသက် (၁) နှစ်ကျော်လာတာနဲ ့အမျှ မနက်ပိုင်းနဲ ့မွန်းလွဲပိုင်း တရေးမအိပ်တော့ပဲ တနေ ့ကို တစ်ကြိမ် နေ ့လည်ဘက်ပဲ တရေးအိပ်ပါတော့တယ်။ အသက်(၂) နှစ်နဲ ့(၃) နှစ်အရွယ်ကလေးအများစုဟာလဲ တစ်နေ ့ကို တစ်ကြိမ်လောက်တော့ တရေးအိပ်ဖို ့လိုပါသေးတယ်။ ဒီအရွယ်တွေမှာတော့ ည (၇) နာရီကနေ (၉) နာရီလောက်မှာ အိပ်ရာဝင်တတ်ကြပြီး မနက်ဆို (၆) နာရီကနေ (၈) နာရီလောက်မှာ နိုးတတ်ကြပါတယ််။


( ၃ - ၆) နှစ်အရွယ် : တစ်နေ ့ ၁၀ - ၁၂ နာရီ

ဒီအသက်အရွယ်မှာလဲ ည (၇) နာရီ (၉) နာရီလောက်မှာ အိပ်ရာဝင်ပြီး မနက် (၆) နာရီ (၈) နာရီလောက်မှာ နိုးလေ့ရှိကြပါတယ်။ အသက် (၃) နှစ်လောက်အထိ တရေးအိပ်တတ်ကြပြီး အသက် (၅) နှစ်လောက်ရောက်ရင် အိပ်လေ့မရှိကြတော့ပါဘူး။ တရေးအိပ်ချိန်တွေလဲ တဖြည်းဖြည်းပိုမိုလျော့နည်းလာပါတယ်။


(၇ - ၁၂) နှစ်အရွယ် : တစ်နေ ့ ၁၀ - ၁၁ နာရီ

ဒီအရွယ်တွေမှာတော့ အိပ်ရာဝင်ချိန်ဟာ တဖြည်းဖြည်းနဲ ့နောက်ကျလာပါပြီ။ (၁၂) နှစ်အရွယ် ကလေးတွေအများစုဟာ ည (၉) နာရီလောက်မှ အိပ်ရာဝင်ကြပါတော့တယ်။ ညအိပ်ရာဝင်ချိန်တွေ ပြောင်းလဲလာတာနဲ ့အမျှ စုစုပေါင်း အိပ်ချိန်ဟာ လဲ အပြောင်းအလဲတွေရှိလာပါတယ်။ ပျမ်းမျှအားဖြင့်တော့ တစ်ညကို စုစုပေါင်းအိပ်ချိန် (၉) နာရီလောက်တော့ရှိရပါမယ်။


( ၁၂ - ၁၈) နှစ်အရွယ် : တစ်နေ ့ ၈ - ၉ နာရီ

ဆယ်ကျော်သက်အရွယ်ရောက်လာပေမယ့်လဲ ငယ်ငယ်တုန်းကလိုပဲ အိပ်ချိန်လိုအပ်ချက်တွေဟာ ကျန်းမာရေးအတွက် အရေးကြီးနေပါသေးတယ်။ဒါပေမယ့် ဆယ်ကျော်သက်အများစုက လူမှုဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဖိအားတွေ ကြုံတွေ ့ရတတ်တာကြောင့် သင့်တင့်တဲ့အိပ်ချိန် အလုံအလောက်မရှိတာမျိူးတွေ ဖြစ်တတ်ကြပါတယ်။တစ်နေ ့ကိုတော့ အနည်းဆုံး (၈) နာရီခန့် အိပ်စက်ပေးဖို ့လိုအပ်ပါတယ်။  


Credit: Dr.Yamone Oo



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18