Print

မွေးဖွားပြီး ပထမဆုံး ရက်သတ္တပတ်များ

  24-Feb-2017
Preview Image

မွေးကင်းစကလေး၏ သွင်ပြင်လက္ခဏာများ-

 

(၁) အရေပြားအရောင်

မွေးကင်းစကလေးငယ်ရဲ့ ခန္ဓာကိုုယ်မှာ အဖြူရောင်အဆီခဲ၊ အဆီဖတ်များနဲ့ ဖုုံးလွှမ်းနေတတ်ပါတယ်။ အချို့ကလေးများရဲ့ နောက်ကျောကုုန်း(သိုု့) ပခုုံးပေါ်မှာမွှေးညင်းနု ထူထူအကွက်များဟာ ရှိတတ်ပြီး တစ်ပတ်လောက်ကြာတဲ့အထိ ရှိနေတတ်ပါတယ်။ ကျန်းမာတဲ့ မွေးကင်းစကလေးငယ်ရဲ့ အသားရောင်ဟာ နီညိုအကွက် အပြောက်များနဲ့လည်း ရှိနေတတ်ပါတယ်။ သွေးလည်ပတ်မှု မတည်ငြိမ်သေး၍ ဖြစ်ပါ တယ်။ ရင်သွေးငယ်ရဲ့ အရေပြားတွေဟာ တွန့်နေပြီး ခြောက်သွေ့နေတတ်ပါတယ်။ တချို့ဟာ ခြောက်သွေ့ပြီး ကွာကျတတ်တယ်။ သင့်ရင်သွေးငယ်၏တွန့်ပြီးခြောက်သွေ့နေ တဲ့ သဘာဝအရေပြားအတွက် Baby Lotion with Vitamin E ကိုု လိမ်းပေးခြင်းဖြင့် ခြောက်သွေ့ကွာကျမှုဒဏ်မှ ကာကွယ်ပေးနိုုင်ပါတယ်။

 

(၂) ချက်ကြိုး

မွေးကင်းစကလေးငယ်ရဲ့ ချက်ကြိုးငုုတ်တိုုဟာ မွေးပြီး (၁၀) ရက်မှ ရက်သတ္တပတ် အနည်းငယ်အတွင်း သူ့သဘာဝအတိုုင်း ကြွေသွားပါလိမ့်မည်။ သန့်စင်သော ဂွမ်းစတွင် အရက်ပျံအနည်းငယ်ထည့်၍ ဆေးကြောသန့်စင်ပေးရမှာဖြစ်ပါတယ်။ ချက်ကြိုးမှာ သာမန် ထက် သွေးထွက်များနေခြင်း၊ ချက်တိုုင်ပတ်လည်မှာ အရေပြားနီရဲနေခြင်း၊ ရောင် ရမ်းနေခြင်းတွေ့ရရင် ဆရာဝန်နဲ့ အမြန်ပြသပါ။ ရင်သွေးငယ်မွေးဖွားစဉ် ပြုလုုပ်ခဲ့ ရသော မိခင်၏ မွေးလမ်းကြောင်း အသေးစားခွဲစိတ်မှုနှင့် ဆက်စပ်သော ချုပ်ရိုုးနှင့်အနာ သိုု့ ရောဂါ ပိုုးမွှားဝင်ရောက်မှုကိုု ကာကွယ်ရန်နှင့် အနာကျက်စေရန် အတွက် Betadine ဆွတ်ထားသောဂွမ်းလုုံးလေးကိုု နေ့စဉ်အနည်းဆုုံး(၂)ကြိမ်(သိုု့)ကိုုယ်လက်သန့်စင်မှု
ပြုလုုပ်ပြီးတိုုင်း အသုုံးပြုသင့်ပါသည်။

 

(၃) ငယ်ထိပ်နဲ့ဦးခေါင်း

ရင်သွေးငယ်ရဲ့ ဦးခေါင်းအရှည်ဟာ ခန္ဓာကိုုယ်အလျားရဲ့ လေးပုုံတစ်ပုုံ ရှိပါ တယ်။ မွေးပြီးစကလေးရဲ့ ငယ်ထိပ်နေရာမှာ ဦးခေါင်းရိုုးများ မဆက်သေးတာတွေ့ရ ပါမယ်။ ငယ်ထိပ်နေရာမှာ သွေးခုန်နှုန်းနဲ့ အတူလှုပ်ရှားနေတာတွေ့ရပါတယ်။ ငယ်ထိပ်နေရာ မှာ ဦးနှောက်ကိုု ကာကွယ်ပေးထားတဲ့ အထူးစပါယ်ရှယ် အလွှာတစ်ခုု ရှိပါတယ်။ အထဲကိုု ထိခိုက်မှု ဒဏ်မှ အတော်အတန်ကာကွယ်နိုုင်ပါတယ်။ ဒါကြောင့် အဲဒီနေရာမှာ အပေါ် ဦးခွံအပေါ် သန့်ရှင်းရေး စိတ်ချလက်ချလုုပ်နိုုင်ပါတယ်။

 

(၄) မွေးရာပါ အမှတ်အသားများ

ရင်သွေးငယ်ရဲ့ ခန္ဓာကိုုယ်တွင် တွေ့ရတဲ့ မွေးရာပါ တချို့အမှတ်အကွက်တွေဟာ ကလေးကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ ကလေးရဲ့ လက်ချောင်းကလေးတွေမျာ အသားမာတက်သလိုုဖြစ်ပြီး အပူလောင်ဖုတွေ တွေ့ရတတ်ပါတယ်။ မွေးလမ်းကြောင်းတစ်လျောက် ထွက်လာစဉ် အတွင်း အချိန်ကြာ ခဲ့တဲ့ အချို့ကလေးငယ်တွေရဲ့ မျက်နှာဟာ ပြာနှမ်း၊ ရောင်ရမ်း နေ တတ်ပါတယ်။ စိတ်မပူပါနဲ့။ ရက်အနည်းငယ်အတွင်းမှာ ပျောက်သွားမှာ ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref :
ဒေါက်တာ အိအိခင်(ကလေး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18