Print

နို့တိုက်မိခင်ဟာ အစာကိုရှောင်သင့်ပါသလား

  24-Feb-2017
Preview Image

နို့တိုက်မိခင်တွေကို စားလို့ရတာမှန်သမျှ အကုန်စားစေချင်ပါတယ်။ စားသင့်ပါ တယ်။ အစာရှောင်ဖို့ မလိုပါဘူး။ ကလေးအမေတွေမှာ မိခင်နို့ကို တိုက်ကျွေးရတဲ့အတွက် သူတို့မှာ အာဟာရ ပိုပြီးလိုအပ်ပါတယ်။ အသား၊ ငါး၊ ပဲ၊ ဥ၊ ဟင်းသီးဟင်းရွက်တွေကို မျှမျှတတ စားသုံးတတ်ဖို့လည်း လိုပါတယ်။

 

မိခင်တွေ အစားအသောက်ရှောင်တဲ့အတွက်ကြောင့် ကလေးမှာ ဘယ်ရီဘယ်ရီ (Beri Beri) ရောဂါ ရတတ်ပါတယ်။ မိခင်တွေမှာလည်း ထုံနာ၊ ကျဉ်နာရောဂါ (Dry Beri Beri) ရတတ်ပါတယ်။ ဘယ်ရီဘယ်ရီရောဂါဆိုတာ ဗီတာမင် B1 ချို့တဲ့ တဲ့ ရောဂါဖြစ် ပါတယ်။ နို့စို့ကလေးတွေမှာတော့ အသက်တစ်လကနေ ခြောက်လအထိ ဖြစ်တတ် ပါတယ်။ ကလေးက ဆီးချုပ်ကာ တအင့်အင့်အော်ပြီး မောပြီး အသံပျောက်လာပါတယ်။ အချို့ဆိုရင် မျက်ဖြူလန်ပြီး တက်တတ်ပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ အသေအပျောက် ရှိတတ်ပါတယ်။

 

မိခင်တွေမှာ အစားမရှောင်ရင် ဗီတာမင် B1 မချို့တဲ့နိုင်ပါဘူး။ ဗီတာမင် B1 မချို့တဲ့တဲ့အတွက်ကြောင့် မိခင်မှာလည်း ထုံနာ၊ ကျဉ်နာ ကင်းဝေးပါလိမ့် မယ်။ နို့စို့အရွယ် ကလေးမှာလည်း ဘယ်ရီဘယ်ရီရောဂါ ကင်းပါတယ်။ 

 

ဒါကြောင့် မိခင်တွေ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကလေးနို့တိုက်နေတဲ့ကာလမှာ အစားမရှောင်ရပါဘူး။ ဗီတာမင် B1 ပါတဲ့ အားဆေးတွေကို မိခင်တွေကို တိုက်ကျွေးသင့် ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာအေးသောင်း
(ကလေးအထူးကုဆရာဝန်ကြီး)
Health for all magazine, No. 110, March 2016, Pg. 8

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18