Print

နှာခေါင်းသွေးယို တိတ်အောင် ဘယ်လိုလုပ်မလဲ

  24-Feb-2017
Preview Image

လူတစ်ချို့ဟာ အကြောင်းတစ်ခုခုကြောင့် မကြာခဏ သွေးယိုလေ့ရှိပါတယ်။ တစ်ချို့ကတော့ ဘာမှမဖြစ်သလိုနေတတ်ကြပေမယ့် တစ်ချို့ကတော့ စိုးရိမ်လွန်ကဲ ကြပါတယ်။

 

ဘာကြောင့်နှာခေါင်းသွေးယိုတာလဲ
ပုံမှန်ဆိုရင်တော့ နှာခေါင်းသွေးယိုမှုတွေဟာ မတော်တဆထိခိုက်မှုတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကျရင်တော့ ဓာတ်မတည့်မှု၊ အပူအအေးမမျှတမှု ၊ နှာမွန်ခြင်း၊ တုပ်ကွေးရောဂါတို့ကြောင့် လည်းဖြစ်တတ်ပါတယ်။ ဒါတွေကြောင့်ဖြစ်တဲ့ နှာခေါင်းသွေးယိုခြင်းဟာ သာမန်ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး အလွန်အမင်း စိုးရိမ်ဖို့မလိုအပ်ပါဘူး။ဒါပေမယ့် ရောင်ရမ်းနာနဲ့ သွေးကင်ဆာလို ရောဂါတွေကြောင့် နှာခေါင်းသွေးယိုရင်တော့ စိုးရိမ်သင့်ပါတယ်။

 

ဒါတွေကြောင့် သွေးယိုရင် အတွင်းမှာ
- အသက်ရှု မဝသလို ခံစားရခြင်း
- နှလုံးခုန်သံမမှန်ဟု ခံစားရခြင်း
- မကြာခဏသွေးအများအပြားကျဆင်းနေခြင်း
- သတိလွတ်ကင်းပြီး မူးဝေခြင်း
- အလွန်အမင်းခေါင်းကိုက်ခြင်း
စတဲ့ရောဂါ လက္ခဏာများပြတတ်ပါတယ်။

 

နှာခေါင်းသွေးယိုခြင်းကို လျှင်မြန်စွာ ရပ်တန့်စေဖို့အတွက် အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်။

 

- ကြမ်းပြင်မှာထိုင်ပါ၊ ခေါင်းကိုဖြည်းညှင်းစွာငုံ့ ပြီး ဖြည်းညှင်းစွာ အသက်ရှုလိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ နှာခေါင်းအတွင်း သွေးခဲ တာကို ဖယ်ရှားပေးပါတယ်။ ထို့နောက် နှာခေါင်းရဲ့ အတွင်းဘက်အရိုးနုကို လက်ညိုးလက်မတို့ကို သုံးပြီး ၁၀ မိနစ်ခန့် ပုံမှန်လေး ညှစ်ထားပေးပါ။

- ခိုင်ခန့်ပါးလွှားတဲ့ ပိတ်စ(သို့) လက်ကိုင်ပဝါ တစ်ထည်ကိုယူပါ။ သွားဖုံးနဲ့အထက်နှုတ်ခမ်း ကြားက နှာခေါင်းရဲ့အောက်ဆုံးနေရာ အစပ်ကို ၁ဝမိနစ်ခန့် ပဝါနဲ့ဖိထားပေးပါ။

- ရေခဲတုံး ၁ တုံးကိုယူပြီး သွေးထွက်တဲ့နှာခေါင်းအဝကို အချိန်အနည်းငယ်စီ ထပ်ခါထပ်ခါ ကပ်ပေးပါ။ ဒီလိုလုပ်ခြင်းဟာ သွေးကြော တွေကို တင်းကျပ်စေပြီး၊ သွေးထွက်ခြင်းကို ရပ်တန့်စေပါလိမ့်မယ်။

ဒီလိုမလုပ်ချင်ရင်တော့ ဒီလုပ်ဆောင်မှုနဲ့တူညီတဲ့ အကျိုးသက် ရောက်မှု ရှိတဲ့ Nasal Spray ကိုသုံးနိုင်ပါတယ်။

 

ဆောင်ရန်၊ရှောင်ရန်
- လေအေးပေးစက်ကို အလွန်အမင်းအသုံးမပြုပါနဲ့။ ဒါဟာနှာခေါင်းအတွင်း အစိတ်အပိုင်းတွေကို ခြောက်သွေ့စေပါတယ်။
- Vitamin C ရှိတဲ့ ဆေးနဲ့အစားအစာတွေကို စားပေးနိုင်ပါတယ်။ Vitamin C ဟာ သွေးကြောတွေကိုသန်မာစေပြီး နှာခေါင်းတွင်းအမြှေးပါးတွေကို ကာကွယ်ပေးပါတယ်။
- အရည်များများသောက်ပေးပါ။
- မနက်အိပ်ယာထတဲ့အချိန်(သို့)ညအိပ်ယာဝင်တဲ့အချိန်မှာ နှာခေါင်းကိုဆားရည်လေး
နဲ့ ဆေးကြောပေးနိုင်ပါတယ်။ဆားဟာသွေး ထွက်ခြင်းကို ကာကွယ်ပေးတဲ့အတွက်ကြောင့် ဒီလိုလုပ်ခြင်းဟာသင့်ရဲ့နှာခေါင်းကို သန့်စင်စိုစွတ်နေစေမှာဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:
စိတ်ကူးပျော်ရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18