Print

ကလေးကြီးများဆေးတိုက်ရာတွင်

  24-Feb-2017
Preview Image

• ဆေးအနံ့မနံရအောင် ကလေးနှာခေါင်းကိုပိတ်ပါ။

• ဆေးမျိုရာမှာ အသက်ရှူလမ်းကြောင်းထဲ ရှူသွင်းမိသွားနိုင်တဲ့အတွက် နှာခေါင်းကို အတင်းဖျစ်ညှစ်ပိတ်ခြင်းမျိုး မဖြစ်စေသင့်ပါ။

• ဆေးကို ပျားရည်နှင့် စပ်ဖျော်၍လည်း တိုက်ကျွေးနိုင်ပါတယ်။

• ဆေးကို ဖျော်ရည်လိုအရည်မျိုးနဲ့တော့ မဖျော်စပ်သင့်ပါဘူး၊ ဆေးရည်တွေ ခွက်အောက်မှာ ထိုင်သွားခြင်းသော်လည်းကောင်း၊ ခွက်နဘေးမှာ ကပ်သွားခြင်းသော်လည်းကောင်း ဖြစ်ပေါ်နိုင်ပြီး ကလေးကိုတိုက်ကျွေးရမယ့်ဆေးပမာဏလျော့နည်းသွားတာ ဖြစ်စေနိုင်ပါတယ်။ 

• အရင်တုန်းကအလွယ်တကူ မသောက်ရလို့ကလေးက သောက်ချင်နေတတ်တဲ့ဖျော်ရည်၊ အအေးမျိုးကိုပြပြီး ဆေးသောက်ပြီးရင် ဒီအရည်လည်း သောက်ရမယ်ဆိုပြီး စည်းရုံးခြင်းမျိုး လုပ်သင့်ပါတယ်။

• ဆေးအရည်တိုက်ကျွေးပြီးရင် သွားမှာကပ်ပြီး ကျန်နေခဲ့့တဲ့ဆေးတွေမကျန်အောင်ရေတိုက်ခြင်းဖြင့် ဆေးများပြောင်စင်သွားသလို သွားများလည်း သန့်ရှင်းသွားပါမယ်။


• ဆေးပြားတွေကို အမှုန့်ဖြစ်အောင်ချေပြီးနောက် ပျားရည် (သို့) ယိုတစ်မျိုးမျိုးနဲ့ဖျော်စပ်တိုက်ကျွေးနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နှုတ်ထားပါသည်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18